သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏွာေခါင္းစည္းမတပ္ရင္ ကိုဗစ္ေၾကာင့္ေသဆံုးမႈ အဆမတန္တိုးလာမည္ သတိေပး


နယူးေယာက္ၿမိဳ႕မွာ ႏွာေခါင္းစည္းတပ္ သြားလာေနသူအခ်ဳိ႕။ (ေအာက္တိုဘာ ၉၊ ၂၀၂၀)

(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စုမွာ လူအားလံုး ႏွာေခါင္းစည္း အကာအကြယ္ေတြ မတပ္ဘူးဆိုရင္ ေနာက္ႏွစ္ ေဖေဖာ္ဝါရီလေရာက္တဲ့အခါ COVID-19 ေရာဂါေၾကာင့္ ေသဆံုးသူ အေရအတြက္ဟာ ၅၀၀,၀၀၀ ေက်ာ္သြားႏုိင္တယ္လုိ႔ ဝါရွင္တန္တကၠသိုလ္၊ က်န္းမာေရး တြက္ခ်က္ဆန္းစစ္မႈဆိုင္ရာ အင္စတီက်ဳရဲ႕ ေသာၾကာေန႔က ထြက္လာတဲ့ ခန္႔မွန္းခ်က္တခုမွာ ေဖာ္ျပထားပါတယ္။

အေမရိကန္မွာရွိတဲ့ လူအားလံုးရဲ႕ ၉၅ ရာခုိင္ႏႈန္းက ႏွာေခါင္းစည္း အကာအကြယ္ေတြ တပ္မယ္ဆိုရင္ေတာ့ ေသဆံုးသူ အေရအတြက္ဟာ ၁၃၀,၀၀၀ ထိ ေလ်ာ့က်သြားႏုိင္တယ္လုိ႔လည္း အဲဒီခန္႔မွန္းခ်က္မွာ ေဖာ္ျပထားပါတယ္။

အေမရိကန္မွာ ေန႔စဥ္ ေရာဂါပိုးကူးစက္သူ အေရအတြက္ စံခ်ိန္တင္ ျမင့္တက္လာခ်ိန္မွာပဲ အဲဒီခန္႔မွန္းခ်က္ ထြက္လာတာပါ။

ေသာၾကာေန႔ညေနအထိဆိုရင္ အေမရိကန္ႏုိင္ငံတဝန္းမွာ ကိုဗစ္ေရာဂါ ေနာက္ထပ္ကူးစက္သူေပါင္း ၈၂,၀၀၀ ေက်ာ္ရွိတယ္လို႔ The New York Times သတင္းဌာနက ေျပာပါတယ္။ ဒါဟာျဖင့္ ဇူလုိင္လ ၁၆ ရက္ေန႔က စံခ်ိန္တင္ ကူးစက္ခဲ့တဲ့ အေရအတြက္ထက္ ၆,၀၀၀ ေက်ာ္ ပိုမ်ားပါတယ္။

လက္ရွိမွာ လူေပါင္း ၄၁,၀၀၀ ေလာက္ အေမရိကန္မွာ ေဆး႐ံုတင္ထားရၿပီး ဒီအေရအတြက္ဟာ လြန္ခဲ့တဲ့လကထက္ ၄၁ ရာခုိင္ႏႈန္း ပိုမ်ားလာတယ္လုိ႔လည္း The Times သတင္းစာက ေျပာပါတယ္။

အေအးဓာတ္ပိုမ်ားတဲ့ ေဆာင္းဦးနဲ႔ ေဆာင္းတြင္းကာလေတြအတြင္း အေမရိကန္မွာ ကိုဗစ္ေရာဂါကူးစက္သူ ပိုမ်ားလာမယ့္အေပၚ စိုးရိမ္မႈေတြ တုိးလာေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

နှာခေါင်းစည်းမတပ်ရင် ကိုဗစ်ကြောင့်သေဆုံးမှု အဆမတန်တိုးလာမည် သတိပေး

အမေရိကန်ပြည်ထောင်စုမှာ လူအားလုံး နှာခေါင်းစည်း အကာအကွယ်တွေ မတပ်ဘူးဆိုရင် နောက်နှစ် ဖေဖော်ဝါရီလရောက်တဲ့အခါ COVID-19 ရောဂါကြောင့် သေဆုံးသူ အရေအတွက်ဟာ ၅၀၀,၀၀၀ ကျော်သွားနိုင်တယ်လို့ ဝါရှင်တန်တက္ကသိုလ်၊ ကျန်းမာရေး တွက်ချက်ဆန်းစစ်မှုဆိုင်ရာ အင်စတီကျုရဲ့ သောကြာနေ့က ထွက်လာတဲ့ ခန့်မှန်းချက်တခုမှာ ဖော်ပြထားပါတယ်။

အမေရိကန်မှာရှိတဲ့ လူအားလုံးရဲ့ ၉၅ ရာခိုင်နှုန်းက နှာခေါင်းစည်း အကာအကွယ်တွေ တပ်မယ်ဆိုရင်တော့ သေဆုံးသူ အရေအတွက်ဟာ ၁၃၀,၀၀၀ ထိ လျော့ကျသွားနိုင်တယ်လို့လည်း အဲဒီခန့်မှန်းချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်မှာ နေ့စဉ် ရောဂါပိုးကူးစက်သူ အရေအတွက် စံချိန်တင် မြင့်တက်လာချိန်မှာပဲ အဲဒီခန့်မှန်းချက် ထွက်လာတာပါ။

သောကြာနေ့ညနေအထိဆိုရင် အမေရိကန်နိုင်ငံတဝန်းမှာ ကိုဗစ်ရောဂါ နောက်ထပ်ကူးစက်သူပေါင်း ၈၂,၀၀၀ ကျော်ရှိတယ်လို့ The New York Times သတင်းဌာနက ပြောပါတယ်။ ဒါဟာဖြင့် ဇူလိုင်လ ၁၆ ရက်နေ့က စံချိန်တင် ကူးစက်ခဲ့တဲ့ အရေအတွက်ထက် ၆,၀၀၀ ကျော် ပိုများပါတယ်။

လက်ရှိမှာ လူပေါင်း ၄၁,၀၀၀ လောက် အမေရိကန်မှာ ဆေးရုံတင်ထားရပြီး ဒီအရေအတွက်ဟာ လွန်ခဲ့တဲ့လကထက် ၄၁ ရာခိုင်နှုန်း ပိုများလာတယ်လို့လည်း The Times သတင်းစာက ပြောပါတယ်။

အအေးဓာတ်ပိုများတဲ့ ဆောင်းဦးနဲ့ ဆောင်းတွင်းကာလတွေအတွင်း အမေရိကန်မှာ ကိုဗစ်ရောဂါကူးစက်သူ ပိုများလာမယ့်အပေါ် စိုးရိမ်မှုတွေ တိုးလာနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG