သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပိုလန္သမၼတ ကုိဗစ္ေရာဂါပိုး ကူးစက္ခံရ


ပိုလန္သမၼတ Andrzej Duda. (ဒီဇင္ဘာ ၃၊ ၂၀၁၈)

(Zawgyi / Unicode)

ပိုလန္သမၼတ Andrzej Duda က သူဟာ COVID-19 ကူးစက္ခံေနရတယ္လို႔ စေနေန႔မွာ ေျပာပါတယ္။ ဒီေရာဂါ ကူးစက္ပ်ံ႕ႏွ႔ံမႈ တားဆီးႏုိင္ဖို႔ လူစုေဝးမႈေတြ တားျမစ္ထားတဲ့ၾကားကပဲ လူထုဆႏၵျပပြဲေတြ လုပ္ေနတဲ့ အီးယူ ဥေရာပသမဂၢ အဖြဲ႔ဝင္ႏုိင္ငံေတြမွာ အခုဆို COVID-19 ကူးစက္မႈေတြ စံခိ်န္တင္ေလာက္ေအာင္ တိုးလာေနတာပါ။

ႏုိင္ငံ့ေခါင္းေဆာင္ေတြျဖစ္တဲ့ အေမရိကန္သမၼတ Donald Trump၊ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Boris Johnson နဲ႔ ဘရာဇီးလ္သမၼတ Jair Bolsonaro တို႔ ဒီေရာဂါ ကူးစက္ခံခဲ့ရတဲ့ေနာက္ အခုေနာက္ဆံုး ကူးစက္ခံရသူက အသက္ ၄၈ ႏွစ္အရြယ္ ပိုလန္သမၼတ Duda ျဖစ္ပါတယ္။

ေဆးစစ္ခ်က္အရ ဒီေရာဂါကူးစက္ခံေနရေၾကာင္း ေရာဂါလကၡဏာ ဘာမွ မျပသလို ခြန္အားအျပည့္နဲ႔ က်န္းမာစြာရွိေၾကာင္း သမၼတ Duda က တြစ္တာမွာ ေရးပါတယ္။ ဒါ့အျပင္ အလုပ္ကိုလည္း အြန္လိုင္းကေနပဲ လုပ္ေဆာင္မွာျဖစ္ေၾကာင္း ေျပာပါတယ္။

သမၼတ Duda ဒီေရာဂါပိုး ဘယ္လိုကူးစက္ခံရတယ္ဆိုတာ ေသေသခ်ာခ်ာ မသိရေသးပါဘူး။ တနလၤာေန႔ကေတာ့ အက္စ္တိုးနီးယားၿမိဳ႕ေတာ္ Tallinn မွာ က်င္းပတဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈဖိုရမ္ကို တက္ေရာက္ခဲ့တာျဖစ္ၿပီး အဲဒီမွာ အက္စ္တိုးနီးယားသမၼတ Kersti Kaljulaid နဲ႔ ဘူလ္ေဂးရီးယားသမၼတ Rumen Radev တို႔နဲ႔ ေတြ႔ဆံုခဲ့တာပါ။

အက္စ္တုိးနီးယားသမၼတက သူမဟာ ဒီေရာဂါ ကူးစက္ခံရေၾကာင္း ေသာၾကာေန႔ ျပင္သစ္ကအျပန္မွာ ေဖ့စ္ဘုတ္မွာ ေရးပါတယ္။ ဘူလ္ေဂးရီးယားသမၼတကေတာ့ ေတြ႔ဆံုပြဲအၿပီးမွာ သူ႔ႏိုင္ငံကို ခ်က္ခ်င္းျပန္ၿပီး အဂၤါေန႔မွာပဲ ကြာရမ္တင္းလုပ္ သီးျခားခြဲေနခဲ့တယ္လို႔ ေျပာပါတယ္။

ဥေရာပေဒသတြင္း COVID-19 ကူးစက္မႈႏႈန္း အဆမတန္ တုိးလာေနသလိုပဲ အေမရိကန္မွာလည္း တရက္အတြင္း ကူးစက္ခံရသူ အေရအတြက္ တိုးလာမႈ ေနာက္တခ်ီ ထပ္ေတြ႔လာရတဲ့အတြက္ ေဆာင္းဦးနဲ႔ လာမယ့္ ေဆာင္းရာသီေတြမွာ ကူးစက္မႈ ပိုမ်ားလာမွာကို စိုးရိမ္ေနၾကပါတယ္။

Johns Hopkins တကၠသိုလ္ စစ္တမ္းအရ ေသာၾကာတရက္တည္းမွာတင္ အေမရိကန္တလႊား ကူးစက္ခံရသူ ၈၀,၀၀၀ ေက်ာ္ ရွိခဲ့တာပါ။

ကမာၻတလႊား ဒီေရာဂါ ကူးစက္ခံရသူ ၄၂ သန္းေက်ာ္ရွိေနၿပီး ေသဆံုးရသူက ၁.၁ သန္းေက်ာ္ ရွိေနပါတယ္။

ပိုလန္သမၼတ ကုိဗစ္ေရာဂါပိုး ကူးစက္ခံရ
please wait

No media source currently available

0:00 0:01:26 0:00
တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

ပိုလန်သမ္မတ ကိုဗစ်ရောဂါပိုး ကူးစက်ခံရ

ပိုလန်သမ္မတ Andrzej Duda က သူဟာ COVID-19 ကူးစက်ခံနေရတယ်လို့ စနေနေ့မှာ ပြောပါတယ်။ ဒီရောဂါ ကူးစက်ပျံ့နှံ့မှု တားဆီးနိုင်ဖို့ လူစုဝေးမှုတွေ တားမြစ်ထားတဲ့ကြားကပဲ လူထုဆန္ဒပြပွဲတွေ လုပ်နေတဲ့ အီးယူ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေမှာ အခုဆို COVID-19 ကူးစက်မှုတွေ စံချိန်တင်လောက်အောင် တိုးလာနေတာပါ။

နိုင်ငံ့ခေါင်းဆောင်တွေဖြစ်တဲ့ အမေရိကန်သမ္မတ Donald Trump၊ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson နဲ့ ဘရာဇီးလ်သမ္မတ Jair Bolsonaro တို့ ဒီရောဂါ ကူးစက်ခံခဲ့ရတဲ့နောက် အခုနောက်ဆုံး ကူးစက်ခံရသူက အသက် ၄၈ နှစ်အရွယ် ပိုလန်သမ္မတ Duda ဖြစ်ပါတယ်။

ဆေးစစ်ချက်အရ ဒီရောဂါကူးစက်ခံနေရကြောင်း ရောဂါလက္ခဏာ ဘာမှ မပြသလို ခွန်အားအပြည့်နဲ့ ကျန်းမာစွာရှိကြောင်း သမ္မတ Duda က တွစ်တာမှာ ရေးပါတယ်။ ဒါ့အပြင် အလုပ်ကိုလည်း အွန်လိုင်းကနေပဲ လုပ်ဆောင်မှာဖြစ်ကြောင်း ပြောပါတယ်။

သမ္မတ Duda ဒီရောဂါပိုး ဘယ်လိုကူးစက်ခံရတယ်ဆိုတာ သေသေချာချာ မသိရသေးပါဘူး။ တနင်္လာနေ့ကတော့ အက်စ်တိုးနီးယားမြို့တော် Tallinn မှာ ကျင်းပတဲ့ ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို တက်ရောက်ခဲ့တာဖြစ်ပြီး အဲဒီမှာ အက်စ်တိုးနီးယားသမ္မတ Kersti Kaljulaid နဲ့ ဘူလ်ဂေးရီးယားသမ္မတ Rumen Radev တို့နဲ့ တွေ့ဆုံခဲ့တာပါ။

အက်စ်တိုးနီးယားသမ္မတက သူမဟာ ဒီရောဂါ ကူးစက်ခံရကြောင်း သောကြာနေ့ ပြင်သစ်ကအပြန်မှာ ဖေ့စ်ဘုတ်မှာ ရေးပါတယ်။ ဘူလ်ဂေးရီးယားသမ္မတကတော့ တွေ့ဆုံပွဲအပြီးမှာ သူ့နိုင်ငံကို ချက်ချင်းပြန်ပြီး အင်္ဂါနေ့မှာပဲ ကွာရမ်တင်းလုပ် သီးခြားခွဲနေခဲ့တယ်လို့ ပြောပါတယ်။

ဥရောပဒေသတွင်း COVID-19 ကူးစက်မှုနှုန်း အဆမတန် တိုးလာနေသလိုပဲ အမေရိကန်မှာလည်း တရက်အတွင်း ကူးစက်ခံရသူ အရေအတွက် တိုးလာမှု နောက်တချီ ထပ်တွေ့လာရတဲ့အတွက် ဆောင်းဦးနဲ့ လာမယ့် ဆောင်းရာသီတွေမှာ ကူးစက်မှု ပိုများလာမှာကို စိုးရိမ်နေကြပါတယ်။

Johns Hopkins တက္ကသိုလ် စစ်တမ်းအရ သောကြာတရက်တည်းမှာတင် အမေရိကန်တလွှား ကူးစက်ခံရသူ ၈၀,၀၀၀ ကျော် ရှိခဲ့တာပါ။

ကမ္ဘာတလွှား ဒီရောဂါ ကူးစက်ခံရသူ ၄၂ သန်းကျော်ရှိနေပြီး သေဆုံးရသူက ၁.၁ သန်းကျော် ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG