သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

“ဥေရာပတိုက္တြင္း ကပ္ေရာဂါအလြန္အမင္း စိုးရိမ္ဖြယ္ရွိ” ဥေရာပတိုက္ ေရာဂါထိန္းခ်ဳပ္ေရးဌာန


ၿဗိတိန္ႏုိင္ငံ ေဆး႐ုံတခုမွာ COVID-19 စစ္ေဆးဖုိ႔ Swab နမူနာယူေနတဲ့ က်န္းမာေရးဝန္ထမ္းတဦး။ (ေအာက္တုိဘာ ၆၊ ၂၀၂၀)

(Zawgyi / Unicode)

ဥေရာပတိုက္ဟာ လူထုက်န္းမာေရးဆိုင္ရာ ၿခိမ္းေျခာက္မႈႀကီးတခုနဲ႔ ရင္ဆိုင္ေနရၿပီး ကပ္ေရာဂါဆိုင္ရာ အလြန္အမင္း စိုးရိမ္ဖြယ္ အေျခအေနတရပ္ ေရာက္ေနၿပီလို႔ ဥေရာပ ေရာဂါပိုး တားဆီးထိန္းခ်ဳပ္ေရးဌာန (ECDC) ၫႊန္ၾကားေရးမွဴး Andrea Ammon က သတိေပးလိုက္ပါတယ္။

ကိုဗစ္ေရာဂါပိုးဟာ ဥေရာပမွာ တေန႔ထက္တေန႔ အလွ်င္အျမန္ ပ်ံ႕ႏွံ႔ကူးစက္ေနၿပီလို႔ ကမာၻ႔က်န္းမာေရးအဖြဲ႔ (WHO) က သတိေပးလိုက္ၿပီးတဲ့ေနာက္ အခု ECDC ရဲ႕ သတိေပးခ်က္ ထြက္လာတာပါ။

ဥေရာပမွာ ဆိုက္ပရပ္စ္၊ အက္စ္တိုးနီးယား၊ ဖင္လန္နဲ႔ ဂရိႏုိင္ငံေတြကလြဲလို႔ ၿဗိတိန္အပါအဝင္ က်န္တဲ့ႏုိင္ငံေတြအားလံုးဟာ ‘အလြန္အမင္း စိုးရိမ္ဖြယ္’ အဆင့္ ေရာက္ေနၿပီလို႔ ECDC က ေျပာပါတယ္။

ျပင္သစ္မွာ ၂၄ နာရီအတြင္း ေနာက္ထပ္ကူးစက္သူ ၄၂,၀၀၀ ေက်ာ္ ေသာၾကာေန႔က စံခ်ိန္တင္ခဲ့ၿပီး ကူးစက္သူေပါင္း ၁ သန္းေက်ာ္သြားပါၿပီ။ ဂ်ာမနီမွာ ေသဆံုးသူ ၁၀,၀၀၀ ေက်ာ္သြားၿပီး ကူးစက္သူက ၄၁၈,၀၀၀ ေက်ာ္ပါၿပီ။

သမၼတကိုယ္တိုင္ ကိုဗစ္ေရာဂါ ကူးစက္ခံထားရတဲ့ ပိုလန္ႏုိင္ငံမွာေတာ့ ဒီကေန႔ စေနေန႔ကစၿပီး တႏုိင္ငံလံုးကုိ ‘အနီေရာင္ဇုန္’ အျဖစ္ သတ္မွတ္ၿပီး ပိတ္ပင္ကန္႔သတ္ခ်က္ေတြ ခ်ထားပါတယ္။ ဒါဟာ တႏိုင္ငံလံုးကုိ လံုးဝ ပိတ္ပစ္လိုက္တဲ့အဆင့္ေအာက္ နည္းနည္းပဲေလ်ာ့ပါတယ္။

ကမာၻတဝန္းမွာ COVID-19 ေရာဂါ ကူးစက္သူေပါင္း ၄၂ သန္းေက်ာ္ ရွိၿပီျဖစ္ၿပီး လူေပါင္း ၁.၁ သန္းေက်ာ္ ေသဆံုးထားၿပီျဖစ္ပါတယ္။ သုေတသီေတြကလည္း ေဘးကင္းၿပီး ထိေရာက္တဲ့ ကာကြယ္ေဆးတခုရဖို႔ တကမာၻလံုးမွာ အျပင္းအထန္ ႀကိဳးစားေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

“ဥရောပတိုက်တွင်း ကပ်ရောဂါအလွန်အမင်း စိုးရိမ်ဖွယ်ရှိ” ဥရောပတိုက် ရောဂါထိန်းချုပ်ရေးဌာန

ဥရောပတိုက်ဟာ လူထုကျန်းမာရေးဆိုင်ရာ ခြိမ်းခြောက်မှုကြီးတခုနဲ့ ရင်ဆိုင်နေရပြီး ကပ်ရောဂါဆိုင်ရာ အလွန်အမင်း စိုးရိမ်ဖွယ် အခြေအနေတရပ် ရောက်နေပြီလို့ ဥရောပ ရောဂါပိုး တားဆီးထိန်းချုပ်ရေးဌာန (ECDC) ညွှန်ကြားရေးမှူး Andrea Ammon က သတိပေးလိုက်ပါတယ်။

ကိုဗစ်ရောဂါပိုးဟာ ဥရောပမှာ တနေ့ထက်တနေ့ အလျှင်အမြန် ပျံ့နှံ့ကူးစက်နေပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးလိုက်ပြီးတဲ့နောက် အခု ECDC ရဲ့ သတိပေးချက် ထွက်လာတာပါ။

ဥရောပမှာ ဆိုက်ပရပ်စ်၊ အက်စ်တိုးနီးယား၊ ဖင်လန်နဲ့ ဂရိနိုင်ငံတွေကလွဲလို့ ဗြိတိန်အပါအဝင် ကျန်တဲ့နိုင်ငံတွေအားလုံးဟာ ‘အလွန်အမင်း စိုးရိမ်ဖွယ်’ အဆင့် ရောက်နေပြီလို့ ECDC က ပြောပါတယ်။

ပြင်သစ်မှာ ၂၄ နာရီအတွင်း နောက်ထပ်ကူးစက်သူ ၄၂,၀၀၀ ကျော် သောကြာနေ့က စံချိန်တင်ခဲ့ပြီး ကူးစက်သူပေါင်း ၁ သန်းကျော်သွားပါပြီ။ ဂျာမနီမှာ သေဆုံးသူ ၁၀,၀၀၀ ကျော်သွားပြီး ကူးစက်သူက ၄၁၈,၀၀၀ ကျော်ပါပြီ။

သမ္မတကိုယ်တိုင် ကိုဗစ်ရောဂါ ကူးစက်ခံထားရတဲ့ ပိုလန်နိုင်ငံမှာတော့ ဒီကနေ့ စနေနေ့ကစပြီး တနိုင်ငံလုံးကို ‘အနီရောင်ဇုန်’ အဖြစ် သတ်မှတ်ပြီး ပိတ်ပင်ကန့်သတ်ချက်တွေ ချထားပါတယ်။ ဒါဟာ တနိုင်ငံလုံးကို လုံးဝ ပိတ်ပစ်လိုက်တဲ့အဆင့်အောက် နည်းနည်းပဲလျော့ပါတယ်။

ကမ္ဘာတဝန်းမှာ COVID-19 ရောဂါ ကူးစက်သူပေါင်း ၄၂ သန်းကျော် ရှိပြီဖြစ်ပြီး လူပေါင်း ၁.၁ သန်းကျော် သေဆုံးထားပြီဖြစ်ပါတယ်။ သုတေသီတွေကလည်း ဘေးကင်းပြီး ထိရောက်တဲ့ ကာကွယ်ဆေးတခုရဖို့ တကမ္ဘာလုံးမှာ အပြင်းအထန် ကြိုးစားနေကြပါတယ်။

XS
SM
MD
LG