သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယနဲ႔ လံုၿခံဳေရး ပူးေပါင္းေဆာင္ရြက္မႈ ခိုင္မာဖို႔ ကန္လုပ္ေဆာင္မည္


အိႏၵိယခရီးစဥ္ သြားေရာက္ေနတဲ့ အေမရိကန္ႏုိင္ငံျခားေရးဝန္ႀကီး Mike Pompeo (ဝဲ) နဲ႔ ကာကြယ္ေရးဝန္ႀကီး Mark Esper. (ဇြန္ ၁၁၊ ၂၀၂၀)

(Zawgyi / Unicode)

အေမရိကန္ ႏုိင္ငံျခားေရးဝန္ႀကီး Mike Pompeo နဲ႔ ကာကြယ္ေရးဝန္ႀကီး Mark Esper တို႔ဟာ အိႏၵိယနဲ႔ ၂ ႏုိင္ငံ လံုၿခံဳေရး ပူးေပါင္းေဆာင္ရြက္မႈ ခိုင္မာေအာင္ ႀကိဳးစားဖုိ႔ တနဂၤေႏြေန႔မွာ အိႏၵိယခရီးစဥ္ သြားေရာက္ေနပါတယ္။ အေမရိကန္အစိုးရဟာ အင္ဒို-ပစိဖိတ္ေဒသတြင္း တ႐ုတ္ရဲ႕ ပထဝီႏုိင္ငံေရးနဲ႔ စီးပြားေရးစိန္ေခၚမႈေတြကို ရင္ဆိုင္ေျဖရွင္းဖို႔ နည္းလမ္းရွာေနတာလည္း ျဖစ္ပါတယ္။

ဝန္ႀကီး Pompeo ရဲ႕ ေအာက္တိုဘာ ၂၅ ရက္ကေန ၃၀ အထိ သြားေရာက္တဲ့ ဒီခရီးစဥ္အတြင္း အိႏၵိယႏို္င္ငံအျပင္ သီရိလကၤာ၊ ေမာ္လဒုိက္နဲ႔ အင္ဒိုနီးရွား ႏိုင္ငံေတြကိုပါ သြားေရာက္မွာ ျဖစ္ပါတယ္။

ဝန္ႀကီး Pompeo နဲ႔ Esper တို႔ဟာ အိႏၵိယမွာက်င္းပမယ့္ တတိယအႀကိမ္ေျမာက္ ႏွစ္ပတ္လည္ အေမရိကန္-အိႏၵိယ ၂ ႏိုင္ငံ ႏုိင္ငံျခားေရးဝန္ႀကီး ၂ ဦးနဲ႔ ကာကြယ္ေရးဝန္ႀကီး ၂ ဦးတို႔ရဲ႕ ဝန္ႀကီးအဆင့္ ေဆြးေႏြးပြဲကို တက္ေရာက္ၾကမွာ ျဖစ္ပါတယ္။

ဒီေဆြးေႏြးပြဲမွာ ကမာၻလံုးဆိုင္ရာ ပူးေပါင္းေဆာင္ရြက္မႈေတြ၊ COVID-19 ကပ္ေရာဂါ တုံ႔ျပန္ေရးဆိုင္ရာေတြအျပင္ အင္ဒို-ပစိဖိတ္ေဒသတြင္း ကာကြယ္ေရးနဲ႔ လံုၿခံဳေရးဆိုင္ရာ ပူးေပါင္းေဆာင္ရြက္မႈ၊ ေဒသခံအခ်င္းခ်င္းၾကား ဆက္ဆံမႈနဲ႔ အာကာသစီးပြားေရးနဲ႔ စြမ္းအင္ဆိုင္ရာ လက္တြဲေဆာင္ရြက္မႈေတြအတြက္ စိန္ေခၚမႈေတြကို ဦးစားေပးေဆြးေႏြးဖို႔ ရွိတယ္လို႔ ေတာင္ပိုင္းနဲ႔ အလယ္ပိုင္း အာရွေရးရာ ဌာနဆိုင္ရာ အေမရိကန္ ဒုလက္ေထာက္ ႏိုင္ငံျခားေရးဝန္ႀကီး Dean Thompson က ေျပာပါတယ္။

ဒါ့အျပင္ ၂ ႏုိင္ငံၾကား အနီးကပ္ လံုၿခံဳေရး ဆက္ဆံမႈရွိေစမယ့္ မဟာဗ်ဴဟာဆိုင္ရာ ေနာက္ဆံုးအဆင့္ သေဘာတူညီခ်က္ရဖို႔ ဦးတည္တဲ့ BECA (Basic Exchange and Cooperation Agreement for Geospatial Cooperation) ေခၚ ပထဝီအေနအထား အခ်က္အလက္ဆိုင္ရာ ဖလွယ္ဖို႔နဲ႔ ပူးေပါင္းေဆာင္ရြက္ေရး သေဘာတူစာခ်ဳပ္အတြက္ အေျခခံအခ်က္ေတြကို ခ်မွတ္ၾကမွာလည္း ျဖစ္ပါတယ္။

ႏွစ္ဖက္ အျပန္အလွန္ မဟာဗ်ဴဟာက် ပူးေပါင္ေဆာင္ရြက္ေရးအတြက္ အေမရိကန္နဲ႔ အိႏၵိယတို႔ၾကား လက္တြဲေဆာင္ရြက္ေနတာ ၅ ႏွစ္ေလာက္ရွိေနၿပီ ျဖစ္ပါတယ္။

အခု အေမရိကန္နဲ႔ အိႏၵိယ ဝန္ႀကီးေတြရဲ႕ ေဆြးေႏြးပြဲဟာ အိႏၵိယနဲ႔ တ႐ုတ္တို႔ၾကား တင္းမာမႈေတြ တိုးလာေနခ်ိန္မွာ က်င္းပတာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

အိန္ဒိယနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ခိုင်မာဖို့ ကန်လုပ်ဆောင်မည်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo နဲ့ ကာကွယ်ရေးဝန်ကြီး Mark Esper တို့ဟာ အိန္ဒိယနဲ့ ၂ နိုင်ငံ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအောင် ကြိုးစားဖို့ တနင်္ဂနွေနေ့မှာ အိန္ဒိယခရီးစဉ် သွားရောက်နေပါတယ်။ အမေရိကန်အစိုးရဟာ အင်ဒို-ပစိဖိတ်ဒေသတွင်း တရုတ်ရဲ့ ပထဝီနိုင်ငံရေးနဲ့ စီးပွားရေးစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့ နည်းလမ်းရှာနေတာလည်း ဖြစ်ပါတယ်။

ဝန်ကြီး Pompeo ရဲ့ အောက်တိုဘာ ၂၅ ရက်ကနေ ၃၀ အထိ သွားရောက်တဲ့ ဒီခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံအပြင် သီရိလင်္ကာ၊ မော်လဒိုက်နဲ့ အင်ဒိုနီးရှား နိုင်ငံတွေကိုပါ သွားရောက်မှာ ဖြစ်ပါတယ်။

ဝန်ကြီး Pompeo နဲ့ Esper တို့ဟာ အိန္ဒိယမှာကျင်းပမယ့် တတိယအကြိမ်မြောက် နှစ်ပတ်လည် အမေရိကန်-အိန္ဒိယ ၂ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ၂ ဦးနဲ့ ကာကွယ်ရေးဝန်ကြီး ၂ ဦးတို့ရဲ့ ဝန်ကြီးအဆင့် ဆွေးနွေးပွဲကို တက်ရောက်ကြမှာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ၊ COVID-19 ကပ်ရောဂါ တုံ့ပြန်ရေးဆိုင်ရာတွေအပြင် အင်ဒို-ပစိဖိတ်ဒေသတွင်း ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ဒေသခံအချင်းချင်းကြား ဆက်ဆံမှုနဲ့ အာကာသစီးပွားရေးနဲ့ စွမ်းအင်ဆိုင်ရာ လက်တွဲဆောင်ရွက်မှုတွေအတွက် စိန်ခေါ်မှုတွေကို ဦးစားပေးဆွေးနွေးဖို့ ရှိတယ်လို့ တောင်ပိုင်းနဲ့ အလယ်ပိုင်း အာရှရေးရာ ဌာနဆိုင်ရာ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Dean Thompson က ပြောပါတယ်။

ဒါ့အပြင် ၂ နိုင်ငံကြား အနီးကပ် လုံခြုံရေး ဆက်ဆံမှုရှိစေမယ့် မဟာဗျူဟာဆိုင်ရာ နောက်ဆုံးအဆင့် သဘောတူညီချက်ရဖို့ ဦးတည်တဲ့ BECA (Basic Exchange and Cooperation Agreement for Geospatial Cooperation) ခေါ် ပထဝီအနေအထား အချက်အလက်ဆိုင်ရာ ဖလှယ်ဖို့နဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်အတွက် အခြေခံအချက်တွေကို ချမှတ်ကြမှာလည်း ဖြစ်ပါတယ်။

နှစ်ဖက် အပြန်အလှန် မဟာဗျူဟာကျ ပူးပေါင်ဆောင်ရွက်ရေးအတွက် အမေရိကန်နဲ့ အိန္ဒိယတို့ကြား လက်တွဲဆောင်ရွက်နေတာ ၅ နှစ်လောက်ရှိနေပြီ ဖြစ်ပါတယ်။

အခု အမေရိကန်နဲ့ အိန္ဒိယ ဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲဟာ အိန္ဒိယနဲ့ တရုတ်တို့ကြား တင်းမာမှုတွေ တိုးလာနေချိန်မှာ ကျင်းပတာလည်း ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG