သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ ႏုိင္ငံျခားေရး၀န္ႀကီး တနဂၤေႏြမွာ အာရွခရီးစဥ္ စမည္


ကန္ ႏုိင္ငံျခားေရး၀န္ႀကီး Pompeo

(Zawgyi/Unicode)

အေမရိကန္သမၼတ Donald Trump ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံထားရေပမဲ့ အေမရိကန္ နိုင္ငံျခားေရး ဝန္ႀကီး Mike Pompeo က ေတာ့ စီစဥ္ထားတဲ့အတိုင္း အာရွခရီးစဥ္ကို တနဂၤေႏြေန႔မွာ စတင္မယ္လို႔ ေျပာပါတယ္။

ဝန္ႀကီး Pompeo က မနက္ျဖန္တနဂၤေႏြေန႔မွာ ဂ်ပန္၊ မြန္ဂိုလီးယားနဲ႔ ေတာင္ကိုရီးယာ ၃ နိုင္ငံ ခရီးစဥ္ကို စတင္မွာျဖစ္ေၾကာင္း ၿမိဳ႕ေတာ္ဝါရွင္တန္ကို မျပန္မီ Croatia နိုင္ငံမွာ သတင္းေထာက္ေတြကို ေျပာၾကားခဲ့တာပါ။ သူက သမၼတ Trump နဲ႔ စက္တင္ဘာလ ၁၅ ရက္ေန႔တုန္းက ေနာက္ဆုံးေတြ႕ဆုံခဲ့တာျဖစ္ၿပီး အခု သူနဲ႔ သူ႔ဇနီးတို႔ COVID19 စစ္ေဆးခဲ့တာမွာ ေရာဂါကူးစက္ခံရတာ မရွိဘူးလို႔ ေျပာပါတယ္။

ဝန္ႀကီး Pompeo ရဲ့ ခရီးစဥ္နဲ႔ ပတ္သက္လို႔ နိုင္ငံျခားေရးဌာန အေရွ႕အာရွနဲ႔ ပစိဖိတ္ေရးရာ လက္ေထာက္အတြင္းဝန္ David Stilwell ကလည္း ေသာၾကာေန႔က တယ္လီဖုန္းက တဆင့္ သတင္းေထာက္ေတြကို ရွင္းလင္း ေျပာၾကားခဲ့ပါတယ္။ ဝန္ႀကီး Pompeo ရဲ့ အာရွခရီးစဥ္ ပထမဆုံးနိုင္ငံက ဂ်ပန္နိုင္ငံျဖစ္ပါတယ္။ ဂ်ပန္မွာ ဝန္ႀကီးခ်ဳပ္ အသစ္ Yoshihide Suga စတင္ တာဝန္ယူခ်ိန္နဲ႔ တိုက္ဆိုင္ေနတဲ့ အတြက္ အခ်ိန္ေကာင္းျဖစ္ၿပီး ဒီခရီးစဥ္က ႏွစ္နိုင္ငံ ရွိေနၿပီးသားခိုင္မာတဲ့ဆက္ဆံေရးကို ပိုၿပီး ခိုင္မာအားေကာင္းေစလိမ့္ မယ္လို႔ ရႈ႔ျမင္ေၾကာင္း၊အေမရိကန္ - ဂ်ပန္ ႏွစ္နိုင္ငံ ဆက္ဆံေရးက အင္ဒို ပစိဖိတ္ေဒသတြင္း ၿငိမ္းခ်မ္းေရး၊ လုံျခဳံေရးနဲ႔ စည္ပင္ဝေျပာေရး အုတ္ျမစ္ ျဖစ္ တယ္ေၾကာင္း Stilwell ကေျပာပါတယ္။

ဝန္ႀကီး Pompeo ဟာ ဂ်ပန္နိုင္ငံမွာ Quad လို႔ ေခၚတဲ့ အေမရိကန္၊ ဂ်ပန္၊ ၾသစေတးလ်နဲ႔ အိႏၵိယ ၄ နိုင္ငံ ဝန္ႀကီးမ်ားအဆင့္ အစည္းအေဝးတခုကို တက္ေရာက္မွာပါ။ အဲဒီ Quad အဖြဲ႕ဟာ တ႐ုတ္ နိုင္ငံရဲ့ တိုးတက္ျဖစ္ထြန္းမႈကို ထိန္းခ်ဳပ္တားဆီးဖို႔ ရည္ရြယ္တာ ျဖစ္တယ္ဆိုၿပီး တ႐ုတ္နိုင္ငံက ျပစ္တင္ ရႈတ္ခ်ထားတာပါ။

ဂ်ပန္ခရီးစဥ္ၿပီးရင္ေတာ့ ဝန္ႀကီး Pompeo က မြန္ဂိုလီးယားနိုင္ငံ Ulan Bator ကို ခရီးဆက္မွာျဖစ္ပါတယ္။ ဒါဟာ ဝန္ႀကီး Pompeo ရဲ့ ပထမဆုံး မြန္ဂိုလီးယာခရီးစဥ္ျဖစ္ပါတယ္။ အေမရိကန္ အေနနဲ႔ မြန္ဂိုလီးယားရဲ့ ဒီမိုကေရစီအေရး၊ လူ႔အခြင့္အေရးနဲ႔ ဘာသာေရးလြတ္လပ္ခြင့္အေရး ႀကိဳးပမ္းမႈေတြမွာ ေထာက္ခံအားေပး ကူညီသြားမွာ ျဖစ္ေၾကာင္းနဲ႔ မြန္ဂိုးလီးယားနိုင္ငံဟာ ေဒသတြင္းမွာ ဒီမိုကေရစီ စနစ္က်င့္သုံးတဲ့ စံနမူျပနိုင္ငံတစ္ခု ျဖစ္ေၾကာင္း Stilwell ကေျပာပါတယ္။

အာရွ ၃ နိုင္ငံရဲ့ ေနာက္ဆုံး ခရီးစဥ္ အေနနဲ႔ ဝန္ႀကီး Pompeo ဟာ ေတာင္ကိုရီးယားကို သြားေရာက္မွာ ျဖစ္ပါတယ္။​ အေမရိကန္ ေရြးေကာက္ပြဲ က်င္းပဖို႔ တစ္လပဲ လိုေတာ့တဲ့အခ်ိန္၊ ေျမာက္ကိုရီးယားနဲ႔ န်ဴးကလီးယားကိစၥ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြမွာ တိုးတက္မႈရရွိဖို႔ ေမၽွာ္လင့္ခ်က္ ေမွးမွိန္ခ်ိန္မွာ ေတာင္ကိုရီးယားကို သြားေရာက္မွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္






.............

ကန် နိုင်ငံခြားရေးဝန်ကြီး တနင်္ဂနွေမှာ အာရှခရီးစဉ် စမည်
(Unicode)

အမေရိကန်သမ္မတ Donald Trump ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရပေမဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က တော့ စီစဉ်ထားတဲ့အတိုင်း အာရှခရီးစဉ်ကို တနင်္ဂနွေနေ့မှာ စတင်မယ်လို့ ပြောပါတယ်။

ဝန်ကြီး Pompeo က မနက်ဖြန်တနင်္ဂနွေနေ့မှာ ဂျပန်၊ မွန်ဂိုလီးယားနဲ့ တောင်ကိုရီးယာ ၃ နိုင်ငံ ခရီးစဉ်ကို စတင်မှာဖြစ်ကြောင်း မြို့တော်ဝါရှင်တန်ကို မပြန်မီ Croatia နိုင်ငံမှာ သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။ သူက သမ္မတ Trump နဲ့ စက်တင်ဘာလ ၁၅ ရက်နေ့တုန်းက နောက်ဆုံးတွေ့ဆုံခဲ့တာဖြစ်ပြီး အခု သူနဲ့ သူ့ဇနီးတို့ COVID19 စစ်ဆေးခဲ့တာမှာ ရောဂါကူးစက်ခံရတာ မရှိဘူးလို့ ပြောပါတယ်။

ဝန်ကြီး Pompeo ရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ နိုင်ငံခြားရေးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်အတွင်းဝန် David Stilwell ကလည်း သောကြာနေ့က တယ်လီဖုန်းက တဆင့် သတင်းထောက်တွေကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။ ဝန်ကြီး Pompeo ရဲ့ အာရှခရီးစဉ် ပထမဆုံးနိုင်ငံက ဂျပန်နိုင်ငံဖြစ်ပါတယ်။ ဂျပန်မှာ ဝန်ကြီးချုပ် အသစ် Yoshihide Suga စတင် တာဝန်ယူချိန်နဲ့ တိုက်ဆိုင်နေတဲ့ အတွက် အချိန်ကောင်းဖြစ်ပြီး ဒီခရီးစဉ်က နှစ်နိုင်ငံ ရှိနေပြီးသားခိုင်မာတဲ့ဆက်ဆံရေးကို ပိုပြီး ခိုင်မာအားကောင်းစေလိမ့် မယ်လို့ ရှု့မြင်ကြောင်း၊အမေရိကန် - ဂျပန် နှစ်နိုင်ငံ ဆက်ဆံရေးက အင်ဒို ပစိဖိတ်ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ စည်ပင်ဝပြောရေး အုတ်မြစ် ဖြစ် တယ်ကြောင်း Stilwell ကပြောပါတယ်။

ဝန်ကြီး Pompeo ဟာ ဂျပန်နိုင်ငံမှာ Quad လို့ ခေါ်တဲ့ အမေရိကန်၊ ဂျပန်၊ သြစတေးလျနဲ့ အိန္ဒိယ ၄ နိုင်ငံ ဝန်ကြီးများအဆင့် အစည်းအဝေးတခုကို တက်ရောက်မှာပါ။ အဲဒီ Quad အဖွဲ့ဟာ တရုတ် နိုင်ငံရဲ့ တိုးတက်ဖြစ်ထွန်းမှုကို ထိန်းချုပ်တားဆီးဖို့ ရည်ရွယ်တာ ဖြစ်တယ်ဆိုပြီး တရုတ်နိုင်ငံက ပြစ်တင် ရှုတ်ချထားတာပါ။

ဂျပန်ခရီးစဉ်ပြီးရင်တော့ ဝန်ကြီး Pompeo က မွန်ဂိုလီးယားနိုင်ငံ Ulan Bator ကို ခရီးဆက်မှာဖြစ်ပါတယ်။ ဒါဟာ ဝန်ကြီး Pompeo ရဲ့ ပထမဆုံး မွန်ဂိုလီးယာခရီးစဉ်ဖြစ်ပါတယ်။ အမေရိကန် အနေနဲ့ မွန်ဂိုလီးယားရဲ့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနဲ့ ဘာသာရေးလွတ်လပ်ခွင့်အရေး ကြိုးပမ်းမှုတွေမှာ ထောက်ခံအားပေး ကူညီသွားမှာ ဖြစ်ကြောင်းနဲ့ မွန်ဂိုးလီးယားနိုင်ငံဟာ ဒေသတွင်းမှာ ဒီမိုကရေစီ စနစ်ကျင့်သုံးတဲ့ စံနမူပြနိုင်ငံတစ်ခု ဖြစ်ကြောင်း Stilwell ကပြောပါတယ်။

အာရှ ၃ နိုင်ငံရဲ့ နောက်ဆုံး ခရီးစဉ် အနေနဲ့ ဝန်ကြီး Pompeo ဟာ တောင်ကိုရီးယားကို သွားရောက်မှာ ဖြစ်ပါတယ်။ အမေရိကန် ရွေးကောက်ပွဲ ကျင်းပဖို့ တစ်လပဲ လိုတော့တဲ့အချိန်၊ မြောက်ကိုရီးယားနဲ့ နျူးကလီးယားကိစ္စ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ တိုးတက်မှုရရှိဖို့ မျှော်လင့်ချက် မှေးမှိန်ချိန်မှာ တောင်ကိုရီးယားကို သွားရောက်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG