သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘဲလာရုစ်ကို ဒဏ်ခတ်ဖို့ ကန်နဲ့မဟာမိတ်တွေ စဉ်းစားနေ


Belarus သမ္မတ Alexander Lukashenko နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo
Belarus သမ္မတ Alexander Lukashenko နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo

[Zawgyi/Unicode]

ဘဲလာရုစ် အတိုက်အခံခေါင်းဆောင် Maria Kolesnikova ကို အတင်းအကြပ် မောင်းထုတ်ဖို့ ဘဲလာရုစ်အစိုးရက ကြိုးစားခဲ့တဲ့အပေါ် အထူးပဲ စိုးရိမ်မိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က အင်္ဂါနေ့မှာပြောပါတယ်။ ဘဲလာရုစ်မှာ မကြာသေးခင်ကဖြစ်ပျက်ခဲ့တာတွေကို တုံ့ပြန်တဲ့အနေနဲ့ ဒဏ်ခတ်အရေးယူမှုချမှတ်ဖို့ အမေရိကန်နဲ့ တခြားနိုင်ငံတွေ စဉ်းစားနေကြတယ်လို့လည်း ဝန်ကြီး Pompeo ကပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo

"ဘဲလာရုစ်အာဏာပိုင်တွေရဲ့ မ ျှတမှုမရှိတဲ့ အင်အားသုံး နှိမ်နင်းမှုနဲ့ ရင်ဆိုင်ပြီး သူတို့ခေါင်းဆောင်တွေကို လွတ်လပ် တရားမ ျှတတဲ့ ရွေးကောက်ပွဲတွေနဲ့ ရွေးချယ်နိုင်ခွင့်ကို ငြိမ်းချမ်းစွာ ထုတ်ဖော်တောင်းဆိုကြတဲ့ မစ္စ Kolesnikava နဲ့ ဘဲလာရုစ်လူထုရဲ့ ရဲစွမ်းသတ္တိကို ကျနော်တို့ ချီးကျူးပါတယ်။ ဘဲလာရုစ်အာဏာပိုင်တွေဟာ စက်တင်ဘာလ ၆ ရက်နေ့မှာ ငြိမ်းချမ်းစွာ ချီတက်သူတွေကို နေ့ခင်းကြောင်တောင်မှာ အပြင်းအထန် ရိုက်နှက်ဖြိုခွဲတဲ့အပြင် ရာပေါင်းများစွာကို ဖမ်းဆီးခဲ့ပါတယ်။ ဒါ့အပြင် အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်တာတွေ ပိုများလာတယ်ဆိုတဲ့ သတင်းတွေလည်း ရနေပါတယ်။" လို့ ဝန်ကြီး Pompeo က ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။

ဘဲလာရုစ်နိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဖိနှိပ်မှုတွေမှာ ပါဝင်သူတွေ ကိုယ့်လုပ်ရပ်ကိုယ် တာဝန်ခံမှုရှိလာစေအောင် တွန်းအားပေးဖို့ရည်ရွယ်ပြီး ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်နိုင်ခြေရှိတယ်လို့ ဝန်ကြီး Pompeo ကဆိုပါတယ်။

မစ္စ Kolesnikova ကို အတိုက်အခံလှုပ်ရှားမှု တခြားအဖွဲ့ဝင်နှစ်ဦးဖြစ်တဲ့ Anton Rodnenkov ၊ Ivan Kravtsov တို့နဲ့ တနင်္လာနေ့က ဖမ်းဆီးခဲ့ပါတယ်။ အင်္ဂါနေ့မှာတော့ သူတို့သုံးယောက်ကို ဘဲလာရုစ်နဲ့ ယူကရိန်းနယ်စပ်ကို ခေါ်သွားတာပါ။ အဲဒီမှာ မစ္စ Kolesnikova က သူ့ရဲ့ နိုင်ငံကူးစာအုပ်ကို ဆုတ်ဖြဲပစ်လိုက်ပြီး သူ့ကို ဘဲလာရုစ်ဘက်ခြမ်းမှာပဲ ဆက်ဖမ်းထားပါတယ်။ လက်ရှိမှာတော့ သူ ဘယ်မှာရောက်နေတယ်ဆိုတာ အတိအကျ မသိရသေးပါဘူး။

Rodnenkov နဲ့ Kravtsov တို့ကတော့ ယူကရိန်းနိုင်ငံဘက်ကို ကူးသွားခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]







XS
SM
MD
LG