သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖမ္းဆီး ဖိႏွိပ္မႈေတြၾကားက ဘယ္လာ႐ုစ္ လူထုဆႏၵျပပဲြ တလနီးပါးထိ ရွိလာ


လူေသာင္းခ်ီ ပါဝင္ဆင္ႏႊဲတဲ့ ဘယ္လာ႐ုစ္ လူထုဆႏၵျပပြဲ။ (စက္တင္ဘာ ၆၊ ၂၀၂၀)

(Zawgyi / Unicode)

ဘယ္လာ႐ုစ္ႏုိင္ငံမွာ ကာလၾကာရွည္ အုပ္ခ်ဳပ္ေနတဲ့ သမၼတ Alexander Lukashenko ကို ဆက္ၿပီး အာဏာရေစတဲ့ အျငင္းပြားဖြယ္ ေရြးေကာက္ပြဲ ေနာက္ပိုင္း လူထုဆႏၵျပပြဲေတြ ဆက္လက္ျဖစ္ပြားေနရာမွာ တနဂၤေႏြေန႔ကေတာ့ ၿမိဳ႕ေတာ္ Minsk မွာ ေသာင္းနဲ႔ခ်ီၿပီး စုေဝး ဆႏၵျပခဲ့ၾကပါတယ္။

ဒါဟာ အရင္သီတင္းပတ္ေတြကထက္ ဆႏၵျပသူ အေရအတြက္ သိသိသာသာ မ်ားလာတာ ျဖစ္ပါတယ္။

အနီနဲ႔အျဖဴပါတဲ့ အတိုက္အခံေတြရဲ႕ အလံေတြကို ေဝွ႔ယမ္းၾကရင္း ေႂကြးေၾကာ္သံေတြနဲ႔ ဆႏၵျပခဲ့ၾကတာပါ။ ဒီ တနဂၤေႏြေန႔ ဆႏၵျပပြဲကေန ဆႏၵျပသူ ၇၀ ထက္မနည္း အဖမ္းခံခဲ့ရတယ္လို႔ လူ႔အခြင့္အေရး အဖြဲ႔ေတြက ေျပာပါတယ္။

ဘယ္လာ႐ုစ္ႏိုင္ငံမွာ ၾသဂုတ္လ ၉ ရက္ေန႔က က်င္းပတဲ့ ေရြးေကာက္ပြဲမွာ သူအႏုိင္ရတယ္လို႔ Lukashenko က ေၾကညာခဲ့တာျဖစ္ၿပီး ဒီေရြးေကာက္ပြဲမွာ မဲမသမာမႈေတြ ရွိတယ္လို႔ အတိုက္အခံ ပါတီေတြကေရာ အေမရိကန္နဲ႔ အီးယူ ဥေရာပသမဂၢတို႔ကပါ ေျပာေနတာပါ။

ေရြးေကာက္ပြဲေနာက္ပိုင္း ဆႏၵျပမႈေတြေၾကာင့္ အဖမ္းခံရသူ ၇,၀၀၀ ေက်ာ္ ရွိေနၿပီျဖစ္သလို လူ႔အခြင့္ေရး ခ်ိဳးေဖာက္မႈေတြ၊ ညႇဥ္းပန္းႏွိပ္စက္မႈေတြ ရွိေနတယ္ ဆိုတဲ့ အေထာက္အထားေတြ အမ်ားအျပား ေတြ႔ရတဲ့အျပင္ ဆႏၵျပမႈအတြင္း ေသဆံုးရသူက ၄ ဦးထက္မနည္း ရွိေနတာပါ။

အဓိက အတိုက္အခံေခါင္းေဆာင္ Sviatlana Tsikhanouskaya ကေတာ့ ေရြးေကာက္ပြဲ ၿပီးကတည္းက သူ႔အသက္အႏၱရာယ္အတြက္လို႔ ေျပာၿပီး လစ္သူေယးနီးယားႏုိင္ငံဘက္ကို ထြက္ေျပးတိမ္းေရွာင္ေနတာျဖစ္ၿပီး ဘယ္လာ႐ုစ္ႏိုင္ငံမွာ ေရြးေကာက္ပြဲအသစ္ က်င္းပႏိုင္ဖုိ႔ ႀကိဳးစားေနတယ္လို႔ ဗြီအိုေအ ေမးျမန္းခန္းမွာ ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ဖမ်းဆီး ဖိနှိပ်မှုတွေကြားက ဘယ်လာရုစ် လူထုဆန္ဒပြပွဲ တလနီးပါးထိ ရှိလာ

ဘယ်လာရုစ်နိုင်ငံမှာ ကာလကြာရှည် အုပ်ချုပ်နေတဲ့ သမ္မတ Alexander Lukashenko ကို ဆက်ပြီး အာဏာရစေတဲ့ အငြင်းပွားဖွယ် ရွေးကောက်ပွဲ နောက်ပိုင်း လူထုဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားနေရာမှာ တနင်္ဂနွေနေ့ကတော့ မြို့တော် Minsk မှာ သောင်းနဲ့ချီပြီး စုဝေး ဆန္ဒပြခဲ့ကြပါတယ်။

ဒါဟာ အရင်သီတင်းပတ်တွေကထက် ဆန္ဒပြသူ အရေအတွက် သိသိသာသာ များလာတာ ဖြစ်ပါတယ်။

အနီနဲ့အဖြူပါတဲ့ အတိုက်အခံတွေရဲ့ အလံတွေကို ဝှေ့ယမ်းကြရင်း ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြတာပါ။ ဒီ တနင်္ဂနွေနေ့ ဆန္ဒပြပွဲကနေ ဆန္ဒပြသူ ၇၀ ထက်မနည်း အဖမ်းခံခဲ့ရတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။

ဘယ်လာရုစ်နိုင်ငံမှာ သြဂုတ်လ ၉ ရက်နေ့က ကျင်းပတဲ့ ရွေးကောက်ပွဲမှာ သူအနိုင်ရတယ်လို့ Lukashenko က ကြေညာခဲ့တာဖြစ်ပြီး ဒီရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိတယ်လို့ အတိုက်အခံ ပါတီတွေကရော အမေရိကန်နဲ့ အီးယူ ဥရောပသမဂ္ဂတို့ကပါ ပြောနေတာပါ။

ရွေးကောက်ပွဲနောက်ပိုင်း ဆန္ဒပြမှုတွေကြောင့် အဖမ်းခံရသူ ၇,၀၀၀ ကျော် ရှိနေပြီဖြစ်သလို လူ့အခွင့်ရေး ချိုးဖောက်မှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ ရှိနေတယ် ဆိုတဲ့ အထောက်အထားတွေ အများအပြား တွေ့ရတဲ့အပြင် ဆန္ဒပြမှုအတွင်း သေဆုံးရသူက ၄ ဦးထက်မနည်း ရှိနေတာပါ။

အဓိက အတိုက်အခံခေါင်းဆောင် Sviatlana Tsikhanouskaya ကတော့ ရွေးကောက်ပွဲ ပြီးကတည်းက သူ့အသက်အန္တရာယ်အတွက်လို့ ပြောပြီး လစ်သူယေးနီးယားနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေတာဖြစ်ပြီး ဘယ်လာရုစ်နိုင်ငံမှာ ရွေးကောက်ပွဲအသစ် ကျင်းပနိုင်ဖို့ ကြိုးစားနေတယ်လို့ ဗွီအိုအေ မေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG