သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘယ္လာ႐ုစ္အေပၚ အေရးယူရင္ ဥေရာပလမ္းေၾကာင္း ျဖတ္မယ္လုိ႔ သမၼတ ၿခိမ္းေျခာက္


ဘယ္လာ႐ုစ္သမၼတ Alexander Lukashenko. (ၾသဂုတ္ ၂၁၊ ၂၀၂၀)

(Zawgyi / Unicode)

ဘယ္လာ႐ုစ္ႏုိင္ငံကို ဒဏ္ခတ္ပိတ္ဆုိ႔မႈေတြ လုပ္ခဲ့ရင္ ဘယ္လာ႐ုစ္ႏိုင္ငံထဲက သြားေနတဲ့ ဥေရာပ ခရီးသြားလမ္းေၾကာင္းေတြကို ျဖတ္ေတာက္ပစ္မယ္လို႔ ဘယ္လာ႐ုစ္သမၼတ Alexander Lukashenko က ေသာၾကာေန႔မွာ ၿခိမ္းေျခာက္လိုက္ပါတယ္။

ဥေရာပ အိမ္နီးခ်င္းႏုိင္ငံေတြ အေနနဲ႔ ဘယ္လာ႐ုစ္ႏိုင္ငံကို ျဖတ္ၿပီး ႐ုရွားႏုိင္ငံကို ကုန္ပစၥည္းတင္ပို႔ေနတဲ့ လမ္းေၾကာင္းေတြကို ပိတ္ဆုိ႔ၿပီး ဘယ္လာ႐ုစ္ႏုိင္ငံကေန အိမ္နီးခ်င္း EU ဥေရာပသမဂၢအဖဲြ႔၀င္ ႏုိင္ငံေတြကို တင္ပို႔ေနတဲ့ ျပည္ပပုိ႔ကုန္ေတြကိုလည္း မပို႔ေတာ့ဘဲ Lithuania နဲ႔ တျခားႏုိင္ငံေတြကို ပို႔ေဆာင္သြားမယ္လို႔ ႏုိ႔နဲ႔ ႏို႔ထြက္ကုန္ပစၥည္း ထုတ္လုပ္ေရးစက္႐ုံကို သြားေရာက္စဥ္အတြင္း သမၼတ Lukashenko က ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ ဘယ္လာ႐ုစ္စစ္တပ္ကိုလည္း တုိက္ပဲြအတြက္ ျပင္ဆင္ထားဖို႔ သမၼတ Lukashenko က အမိန္႔ေပးလိုက္ၿပီး အေနာက္ႏုိင္ငံေတြရဲ႕ ၿခိမ္းေျခာက္မႈ အႏၲရာယ္ အလားအလာေတြကို တြန္းလွန္ဖို႔ ႏွစ္ႏိုင္ငံတပ္ေတြ ပူးေပါင္းေရး ႐ုရွားသမၼတ ဗလာဒီမီယာပူတင္ ေျပာတာကို သူ႔အေနနဲ႔ ေထာက္ခံတယ္လို႔လည္း Lukashenko က ေျပာပါတယ္။

ၾသဂုတ္လ ၉ ရက္ေန႔က က်င္းပခဲ့တဲ့ ေရြးေကာက္ပဲြၿပီးတဲ့ေနာက္ ဘယ္လာ႐ုစ္ႏိုင္ငံမွာ လူထုဆႏၵျပပဲြေတြ ျဖစ္လာတာ သီတင္း ၃ ပတ္ေလာက္ ရွိလာခဲ့ၿပီျဖစ္ၿပီး ဥေရာပသမဂၢအေနနဲ႔ Lukashenko ကို ျပင္းျပင္းထန္ထန္ အေရးယူဖို႔ အိမ္နီးခ်င္း Lithuania, ပိုလန္နဲ႔ Latvia ႏုိင္ငံေတြက ေတာင္းဆုိခဲ့ၾကတာပါ။

အဲဒီေရြးေကာက္ပဲြအတြင္း Lukashenko ဟာ အာဏာဆက္ထိန္းထားႏုိင္ဖို႔အတြက္ မဲမသမာမႈေတြ လုပ္ခဲ့တယ္လို႔ အတုိက္အခံေတြဘက္က စြပ္စဲြေနတာပါ။ ဒါေပမယ့္ Lukashenko က အဲဒီစြပ္စဲြခ်က္ေတြကို လက္မခံဘဲ ပယ္ခ်လိုက္ပါတယ္။

ဘယ္လာ႐ုစ္ ဗဟိုေရြးေကာက္ပဲြ ေကာ္မရွင္ကေတာ့ သမၼတ Lukashenko ဟာ ေရြးေကာက္ပဲြ မဲအေရအတြက္ ၈၀ ရာခုိင္ႏႈန္းကို ရရွိခဲ့ၿပီး အတုိက္အခံဘက္က ၁၀ ရာခုိင္ႏႈန္းပဲ ရရွိခဲ့တယ္လို႔ ေၾကညာပါတယ္။

Lukashenko ကေတာ့ ဆႏၵျပပဲြေတြဟာ အေနာက္ႏုိင္ငံေတြေၾကာင့္ျဖစ္ၿပီး NATO တပ္ဖဲြ႔ေတြဟာလည္း ဘယ္လာ႐ုစ္နယ္စပ္နားကို ကပ္လာေနတယ္လို႔ စြပ္စြဲလိုက္ပါတယ္။ ဒီစြပ္စဲြခ်က္ကိုေတာ့ NATO ဘက္က လက္မခံဘဲ ပယ္ခ်လိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

ဘယ်လာရုစ်အပေါ် အရေးယူရင် ဥရောပလမ်းကြောင်း ဖြတ်မယ်လို့ သမ္မတ ခြိမ်းခြောက်

ဘယ်လာရုစ်နိုင်ငံကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ခဲ့ရင် ဘယ်လာရုစ်နိုင်ငံထဲက သွားနေတဲ့ ဥရောပ ခရီးသွားလမ်းကြောင်းတွေကို ဖြတ်တောက်ပစ်မယ်လို့ ဘယ်လာရုစ်သမ္မတ Alexander Lukashenko က သောကြာနေ့မှာ ခြိမ်းခြောက်လိုက်ပါတယ်။

ဥရောပ အိမ်နီးချင်းနိုင်ငံတွေ အနေနဲ့ ဘယ်လာရုစ်နိုင်ငံကို ဖြတ်ပြီး ရုရှားနိုင်ငံကို ကုန်ပစ္စည်းတင်ပို့နေတဲ့ လမ်းကြောင်းတွေကို ပိတ်ဆို့ပြီး ဘယ်လာရုစ်နိုင်ငံကနေ အိမ်နီးချင်း EU ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေကို တင်ပို့နေတဲ့ ပြည်ပပို့ကုန်တွေကိုလည်း မပို့တော့ဘဲ Lithuania နဲ့ တခြားနိုင်ငံတွေကို ပို့ဆောင်သွားမယ်လို့ နို့နဲ့ နို့ထွက်ကုန်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံကို သွားရောက်စဉ်အတွင်း သမ္မတ Lukashenko က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဘယ်လာရုစ်စစ်တပ်ကိုလည်း တိုက်ပွဲအတွက် ပြင်ဆင်ထားဖို့ သမ္မတ Lukashenko က အမိန့်ပေးလိုက်ပြီး အနောက်နိုင်ငံတွေရဲ့ ခြိမ်းခြောက်မှု အန္တရာယ် အလားအလာတွေကို တွန်းလှန်ဖို့ နှစ်နိုင်ငံတပ်တွေ ပူးပေါင်းရေး ရုရှားသမ္မတ ဗလာဒီမီယာပူတင် ပြောတာကို သူ့အနေနဲ့ ထောက်ခံတယ်လို့လည်း Lukashenko က ပြောပါတယ်။

သြဂုတ်လ ၉ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲပြီးတဲ့နောက် ဘယ်လာရုစ်နိုင်ငံမှာ လူထုဆန္ဒပြပွဲတွေ ဖြစ်လာတာ သီတင်း ၃ ပတ်လောက် ရှိလာခဲ့ပြီဖြစ်ပြီး ဥရောပသမဂ္ဂအနေနဲ့ Lukashenko ကို ပြင်းပြင်းထန်ထန် အရေးယူဖို့ အိမ်နီးချင်း Lithuania, ပိုလန်နဲ့ Latvia နိုင်ငံတွေက တောင်းဆိုခဲ့ကြတာပါ။

အဲဒီရွေးကောက်ပွဲအတွင်း Lukashenko ဟာ အာဏာဆက်ထိန်းထားနိုင်ဖို့အတွက် မဲမသမာမှုတွေ လုပ်ခဲ့တယ်လို့ အတိုက်အခံတွေဘက်က စွပ်စွဲနေတာပါ။ ဒါပေမယ့် Lukashenko က အဲဒီစွပ်စွဲချက်တွေကို လက်မခံဘဲ ပယ်ချလိုက်ပါတယ်။

ဘယ်လာရုစ် ဗဟိုရွေးကောက်ပွဲ ကော်မရှင်ကတော့ သမ္မတ Lukashenko ဟာ ရွေးကောက်ပွဲ မဲအရေအတွက် ၈၀ ရာခိုင်နှုန်းကို ရရှိခဲ့ပြီး အတိုက်အခံဘက်က ၁၀ ရာခိုင်နှုန်းပဲ ရရှိခဲ့တယ်လို့ ကြေညာပါတယ်။

Lukashenko ကတော့ ဆန္ဒပြပွဲတွေဟာ အနောက်နိုင်ငံတွေကြောင့်ဖြစ်ပြီး NATO တပ်ဖွဲ့တွေဟာလည်း ဘယ်လာရုစ်နယ်စပ်နားကို ကပ်လာနေတယ်လို့ စွပ်စွဲလိုက်ပါတယ်။ ဒီစွပ်စွဲချက်ကိုတော့ NATO ဘက်က လက်မခံဘဲ ပယ်ချလိုက်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG