သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Belarus အတိုက္အခံေခါင္းေဆာင္ ယူကရိန္းနယ္စပ္မွာ ဖမ္းခံရ


Belarus ႏိုင္ငံရဲ႕ အတိုက္အခံေခါင္းေဆာင္ Maria Kolesnikova။ (ၾသဂုတ္ ၃၀၊ ၂၀၂၀)

[Zawgyi/Unicode]

Belarus ႏိုင္ငံ အတိုက္အခံေခါင္းေဆာင္တဦးျဖစ္တဲ့ Maria Kolesnikova ကို အိမ္နီးခ်င္း Ukraine ႏိုင္ငံဘက္ထြက္ခြာဖို႔ ႀကိဳးစားတဲ့အခ်ိန္ အဂၤါေန႔ အေစာပိုင္းမွာ ဖမ္းဆီးထိန္းသိမ္းလိုက္တယ္လို႔ Belarus နယ္စပ္ တာဝန္ရွိသူေတြက ေျပာပါတယ္။

Kolesnikova က အျခားအတိုက္အခံ အဖြဲ႕ဝင္ Anton Rodnenkov နဲ႔ Ivan Kravtsov တို႔ ၂ ဦးနဲ႔ အတူ ထြက္ခြါလာတာျဖစ္ၿပီး က်န္ ၂ ဦးက Ukraine ဘက္ကို ဝင္ေရာက္သြားခဲ့ေၾကာင္း သက္ဆိုင္ရာ တာဝန္ရွိသူေတြက ေျပာပါတယ္။ Kolesnikova ကိုဖမ္းဆီးထားတဲ့အေျခအေနေတြနဲ႔ ပတ္သက္လို႔ေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။ သူ႔ ကို Minsk ၿမိဳ႕မွာ ထိန္းသိမ္းထားတယ္လို႔ သတင္းေတြထြက္လာအၿပီး သူ႔ကို ဖမ္းဆီး ထိန္းသိမ္းထားတဲ့ ေနရာကို ထုတ္ေဖာ္ေျပာဆိုဖို႔ Belarus သမၼတ Alexander Lukashenko ကို ဂ်ာမဏီနဲ႔ ၿဗိတိန္ႏိုင္ငံေတြက ေတာင္းဆိုခဲ့ပါတယ္။

Belarus သမၼတ Alexander Lukashenko
Belarus သမၼတ Alexander Lukashenko

Belarus အစိုးရ အတိုက္အခံအမ်ိဳးသမီး သံုး ေယာက္ထဲ Kolesnikova ဟာ ႏိုင္ငံတြင္း ေနာက္ဆုံး က်န္ရွိေနသူလည္းျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၾသဂုတ္လ ၉ ရက္ေန႔က က်င္းပခဲ့တဲ့ ေ႐ြးေကာက္ပြဲမွာ သက္တမ္းရွည္ၾကာေနၿပီျဖစ္တဲ့ သမၼတ Lukashenko က သူအႏိုင္ရေၾကာင္းေၾကညာခဲ့ၿပီးေနာက္ သူ႔ကို ရာထူးက ႏုတ္ထြက္ေပးဖို႔ ႏိုင္ငံတဝွမ္း ဆႏၵျပပြဲေတြ ေပၚေပါက္ေနခဲ့တာပါ။ ဒီေ႐ြးေကာက္ပြဲက မဲမသမာမႈေတြ ရွိတယ္လို႔ အတိုက္အခံပါတီ အပါအဝင္ အေမရိကန္နဲ႔ ဥေရာပသမဂၢကပါေျပာဆိုခဲ့ပါတယ္။

ၿပီးခဲ့တဲ့ စေနေန႔တုန္းက Poland ႏိုင္ငံကို ထြက္ခြာသြားခဲ့တဲ့ အတိုက္အခံအဖြဲ႕ဝင္ Olga Kovalkova ကေတာ့ သူ႔ကို Belarus အာဏာပိုင္ေတြက ႏိုင္ငံတြင္းက အတင္းအဓမၼ ထြက္ခြါခိုင္းခဲ့ေၾကာင္း ေျပာပါတယ္။ အဓိက အတိုက္အခံေခါင္းေဆာင္ Sviatlana Tsikhanouskaya ကေတာ့ ေ႐ြးေကာက္ပြဲၿပီး ကတည္းက သူ႔လုံၿခဳံေရးအတြက္ Lithuania ႏိုင္ငံကို ထြက္ခြာသြားခဲ့တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

Belarus အတိုက်အခံခေါင်းဆောင် ယူကရိန်းနယ်စပ်မှာဖမ်းခံရ

Belarus နိုင်ငံ အတိုက်အခံခေါင်းဆောင်တဦးဖြစ်တဲ့ Maria Kolesnikova ကို အိမ်နီးချင်း Ukraine နိုင်ငံဘက်ထွက်ခွာဖို့ ကြိုးစားတဲ့အချိန် အင်္ဂါနေ့ အစောပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ Belarus နယ်စပ် တာဝန်ရှိသူတွေက ပြောပါတယ်။

Kolesnikova က အခြားအတိုက်အခံ အဖွဲ့ဝင် Anton Rodnenkov နဲ့ Ivan Kravtsov တို့ ၂ ဦးနဲ့ အတူ ထွက်ခွါလာတာဖြစ်ပြီး ကျန် ၂ ဦးက Ukraine ဘက်ကို ဝင်ရောက်သွားခဲ့ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။ Kolesnikova ကိုဖမ်းဆီးထားတဲ့အခြေအနေတွေနဲ့ ပတ်သက်လို့တော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ သူ့ ကို Minsk မြို့မှာ ထိန်းသိမ်းထားတယ်လို့ သတင်းတွေထွက်လာအပြီး သူ့ကို ဖမ်းဆီး ထိန်းသိမ်းထားတဲ့ နေရာကို ထုတ်ဖော်ပြောဆိုဖို့ Belarus သမ္မတ Alexander Lukashenko ကို ဂျာမဏီနဲ့ ဗြိတိန်နိုင်ငံတွေက တောင်းဆိုခဲ့ပါတယ်။

Belarus အစိုးရ အတိုက်အခံအမျိုးသမီး သုံး ယောက်ထဲ Kolesnikova ဟာ နိုင်ငံတွင်း နောက်ဆုံး ကျန်ရှိနေသူလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ သက်တမ်းရှည်ကြာနေပြီဖြစ်တဲ့ သမ္မတ Lukashenko က သူအနိုင်ရကြောင်းကြေညာခဲ့ပြီးနောက် သူ့ကို ရာထူးက နုတ်ထွက်ပေးဖို့ နိုင်ငံတဝှမ်း ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေခဲ့တာပါ။ ဒီရွေးကောက်ပွဲက မဲမသမာမှုတွေ ရှိတယ်လို့ အတိုက်အခံပါတီ အပါအဝင် အမေရိကန်နဲ့ ဥရောပသမဂ္ဂကပါပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့တုန်းက Poland နိုင်ငံကို ထွက်ခွာသွားခဲ့တဲ့ အတိုက်အခံအဖွဲ့ဝင် Olga Kovalkova ကတော့ သူ့ကို Belarus အာဏာပိုင်တွေက နိုင်ငံတွင်းက အတင်းအဓမ္မ ထွက်ခွါခိုင်းခဲ့ကြောင်း ပြောပါတယ်။ အဓိက အတိုက်အခံခေါင်းဆောင် Sviatlana Tsikhanouskaya ကတော့ ရွေးကောက်ပွဲပြီး ကတည်းက သူ့လုံခြုံရေးအတွက် Lithuania နိုင်ငံကို ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG