သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း



(Zawgyi/Unicode)

တရုတ် သံတမန်တွေအပေါ် အမေရိကန်နိုင်ငံတို့က ကန့်သတ်ချုပ်ချယ်ထားတာကို လက်တုန့်ပြန်တဲ့အနေနဲ့ တရုတ်နိုင်ငံတွင်းက အမေရိကန် သံတမန်တွေအပေါ်မှာလည်း ကန့်သတ်ချုပ်ချယ်မှုတွေ ပြုလုပ်သွားမယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက သောကြာနေ့က ကြေညာချက် ထုတ်ပြန်ပြောကြားလိုက်ပါတယ်။


အမေရိကန်နိုင်ငံတွင်းက တရုတ် သံတမန်တွေအနေနဲ့ အမေရိကန် တက္ကသိုလ်တွေကို အလည်သွားတာနဲ့ အမေရိကန်က ဒေသ ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတဲ့အခါမှာ ခွင့်ပြုချက် လျှောက်ထားရမယ်ဆိုပြီး အမေရိကန်အစိုးရက ကန့်သတ်ချက်တွေ ချမှတ်ခဲ့ အပြီးမှာ တရုတ်တို့ဘက်ကလည်း အခုလို လက်တုံ့ပြန် လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

တရုတ်ဘက်က လက်တုံ့ပြန်တဲ့ကိစ္စကို တရုတ်ပြည်တွင်းက အမေရိကန် သံရုံးတွေနဲ့ ကောင်စစ်ဝန်ချုပ်ရုံးတွေကို သံတမန် စာ ပေးပို့ အကြောင်းကြားပြီး ဖြစ်ကြောင်းလည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

အမေရိကန်တို့ဘက်က ချမှတ်ခဲ့တဲ့ ကန့်သတ်ချက်တွေ ဟာ တရုတ်တို့ အမေရိကန် သံတမန်တွေအပေါ် နှစ်ကာလရှည် ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေကို တုံ့ပြန်တာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ အပတ်ကပဲ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က ပြောထားခဲ့ပါတယ်။


တိုက်ရိုက် လင့်ခ်


...............

တရုတ်နိုင်ငံအတွင်းက ကန် သံတမန်တွေအပေါ် တရုတ်က ကန့်သတ်ချက်တွေ ချမှတ်မည်

(Unicode)

တရုတ် သံတမန်တွေအပေါ် အမေရိကန်နိုင်ငံတို့က ကန့်သတ်ချုပ်ခြယ်ထားတာကို လက်တုန့်ပြန်တဲ့အနေနဲ့ တရုတ်နိုင်ငံတွင်းက အမေရိကန် သံတမန်တွေအပေါ်မှာလည်း ကန့်သတ်ချုပ်ခြယ်မှုတွေ ပြုလုပ်သွားမယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက သောကြာနေ့က ကြေညာချက် ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

ကမ္ဘာ့ စီးပွားရေး အင်အားကြီး တရုတ် နဲ့ အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးက ကိုရိုနာဗိုင်းရပ်စ်၊ လူ့အခွင့်အရေးကိစ္စနဲ့ ကုန်သွယ်ရေး အငြင်းပွားမှုတွေကြောင့် မကြာသေးခင်လတွေထဲ ဆိုးဆိုးရွားရွား ကျဆင်းလာနေတာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံတွင်းက တရုတ် သံတမန်တွေအနေနဲ့ အမေရိကန် တက္ကသိုလ်တွေကို အလည်သွားတာနဲ့ အမေရိကန်က ဒေသ ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတဲ့အခါမှာ ခွင့်ပြုချက် လျှောက်ထားရမယ်ဆိုပြီး အမေရိကန်အစိုးရက ကန့်သတ်ချက်တွေ ချမှတ်ခဲ့ အပြီးမှာ တရုတ်တို့ဘက်ကလည်း အခုလို လက်တုန့်ပြန် လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

တရုတ်ဘက်က လက်တုန့်ပြန်တဲ့ကိစ္စကို တရုတ်ပြည်တွင်းက အမေရိကန် သံရုံးတွေနဲ့ ကောင်စစ်ဝန်ချုပ်ရုံးတွေကို သံတမန် စာ ပေးပို့ အကြောင်းကြားပြီး ဖြစ်ကြောင်းလည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

အမေရိကန်တို့ဘက်က ချမှတ်ခဲ့တဲ့ ကန့်သတ်ချက်တွေ ဟာ တရုတ်တို့ အမေရိကန် သံတမန်တွေအပေါ် နှစ်ကာလရှည် ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေကို တုန့်ပြန်တာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ အပတ်ကပဲ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က ပြောထားခဲ့ပါတယ်။

အမေရိကန်တို့ချမှတ်ခဲ့တဲ့ ကန့်သတ်ချက်တွေကြောင့် တရုတ် သံရုံးအနေနဲ့ သံရုံး ပြင်ပ လူ ၅၀ အထက် ယဉ်ကျေးမှုပွဲတွေလုပ်ရင် ခွင့်ပြုချက် တောင်းခံရမှာ ဖြစ်သလို တရုတ် သံရုံးရဲ့ လူမှု မီဒီယာ အကောင့်တွေဟာ တရုတ် အစိုးရနဲ့ ပတ်သက်နေတယ်ဆိုတာကို သတ်သတ်မှတ်မှတ် ဖော်ပြပေးရမယ်ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။

XS
SM
MD
LG