Zawgyi/Unicode
ေတာင္ တ႐ုတ္ပင္လယ္ထဲက ကၽြန္းေတြေပၚ တ႐ုတ္ အေျခစိုက္ စခန္းေတြ တည္ေဆာက္ရာမွာ ကူညီခဲ့တဲ့ တ႐ုတ္ပိုင္ ကုမၸဏီေတြနဲ႔ အတူ စီးပြားေရး လုပ္ေနတာေတြကို ျပန္ၿပီး စဥ္းစားၾကဖို႔ အေမရိကန္ နိုင္ငံျခားေရး ဝန္ႀကီး Mike Pompeo က အေရွ႕ေတာင္ အာရွ နိုင္ငံမ်ား အဖြဲ႕ (ASEAN) နိုင္ငံေတြကို တိုက္တြန္းလိုက္ပါတယ္။
ေတာင္တ႐ုတ္ပင္လယ္ထဲက အာဆီယံကမ္းရိုးတန္းနိုင္ငံေတြကို အနိုင္က်င့္တဲ့ နိုင္ငံပိုင္ကုမၸဏီႀကီးေတြနဲ႔ စီးပြားေရးအတူ လုပ္ ေဆာင္ေနတာကို ျပန္ စဥ္းစားၾကပါ။ တ႐ုတ္ ကြန္ျမဴနစ္ ပါတီက ကၽြန္ေတာ္တို႔နဲ႔ ကၽြန္ေတာ္တို႔ျပည္သူေတြအေပၚ မေထမဲ့ျမင့္ အနိုင္ ယူ သြားတာကိုမခံပါနဲ႔။ အေမရိကန္ေတြ အေပၚ ယုံၾကည္မႈ ရွိပါ။ အေမရိကန္ေတြက ခင္ဗ်ားတို႔ကို ကူညီဖို႔ ဒီမွာ ရွိေနပါတယ္။ လို႔ ဝန္ႀကီး Pompeo က အာဆီယံနိုင္ငံေတြနဲ႔ အေမရိကန္ နိုင္ငံျခားေရးဝန္ႀကီးမ်ားအစည္းအေဝးမွာ တိုက္တြန္းသြားတာ ျဖစ္ပါတယ္။
ေတာင္တ႐ုတ္ပင္လယ္ထဲက နယ္ေၿမ အစိတ္အပိုင္း အခ်ိဳ႕ကို ပိုင္ဆိုင္တယ္လို႔ ေၾကညာထားတဲ့ ဖိလစ္ပိုင္၊ ဗီယက္နမ္၊ မေလးရွားနဲ႔ ဘ႐ူနိုင္းလ္ နိုင္ငံျခားေရး ဝန္ႀကီးေတြနဲ႔အတူ အာဆီယံ နိုင္ငံျခားေရး ဝန္ႀကီးေတြနဲ႔ ေဆြးေႏြးပြဲမွာ အေမရိကန္ ဝန္ႀကီး Pompeo က အခုလို တိုက္တြန္းလိုက္တာလည္း ျဖစ္ပါတယ္။
တ႐ုတ္နိုင္ငံဟာ ဒီမိုကေရစီ တန္ဖိုးေတြနဲ႔ အာဆီယံ ပဋိဉာဏ္ စာတမ္းမွာ ပါရွိတဲ့ နယ္ေျမနဲ႔ အခ်ဳပ္အာဏာဆိုင္ရာ မူႀကီးေတြကို ေလးစား လိုက္နာျခင္း မရွိဘူးလို႔လည္း Pompeo က ေျပာပါတယ္။
ေတာင္တ႐ုတ္ပင္လယ္ထဲ တ႐ုတ္စခန္းေတြ တည္ေဆာက္ရာမွာ ကူညီလို႔ ဆိုၿပီး အေမရိကန္ ျပည္ေထာင္စုက နာမည္ပ်က္ စာရင္း သြင္းထားတဲ့ တ႐ုတ္ကုမၸဏီေတြနဲ႔ အေရွ႕ေတာင္ အာရွနိုင္ငံေတြအၾကား ဘယ္လို စီးပြား ဆက္ဆံေရး ရွိတယ္ဆိုတာကေတာ့ ရွင္းရွင္လင္းလင္း မသိရပါဘူး။ ဒါေပမဲ့ ဖိလစ္ပိုင္ သမၼတ Rodrigo Duterte ရဲ့ အစိုးရကေတာ့ ၿပီးခဲ့တဲ့ အပတ္တုန္းက အေမရိကန္ နိုင္ငံက နာမည္ပ်က္ စာရင္းသြင္းထားတဲ့ တ႐ုတ္ကုမၸဏီေတြ ဒါမွမဟုတ္ အဲဒီ ကုမၸဏီေတြရဲ့ လက္ေအာက္ခံ ကုမၸဏီေတြကို ၿမိဳ႕ေတာ္ မနီလာ ေတာင္ပိုင္း ျပည္နယ္တစ္ခုက ေလဆိပ္ တည္ေဆာက္ေရးလုပ္ငန္းအတြက္ ေဒသခံ ကုမၸဏီတစ္ခုနဲ႔ ဖက္စပ္ လုပ္ကိုင္ခြင့္ ျပဳ မယ္လို႔ ေျပာပါတယ္။
အခု က်င္းပေနတဲ့ အာဆီယံအစည္းအေဝးရဲ့ အိမ္ရွင္နိုင္ငံျဖစ္တဲ့ ဗီယက္နမ္နိုင္ငံက နိုင္ငံျခားေရး ဝန္ႀကီး Pham Binh Minh ကေတာ့ Pompeo ရဲ့ ေျပာၾကားခ်က္ကို လွိုက္လွိုက္လွဲလွဲ ႀကိဳဆိုခဲ့ၿပီး အာဆီယံ- အေမရိကန္ ဆက္ဆံေရးက ႏွစ္ဖက္အက်ိဳးစီးပြားေတြကို ေဆာင္က်ဥ္းေပးေနတယ္လို႔ ေျပာပါတယ္။
၁၉၆၇ ခုႏွစ္က တည္ေထာင္ခဲ့တဲ့ အာဆီယံ အဖြဲ႕ဟာ အေမရိကန္နဲ႔ တ႐ုတ္နိုင္ငံအၾကား တေန႔တျခား ပိုၿပီး တင္းမာလာေနတဲ့ ဆက္ဆံ ေရးေၾကာင့္ အေနရ က်ပ္ေနတဲ့အေနအထားကိုေရာက္ေနတာ ျဖစ္ပါတယ္။ အာဆီယံအဖြဲ႕ဟာ ၾကားေနအဖြဲ႕ျဖစ္ေၾကာင္း ရံဖန္ရံခါ ေျပာၾကားေနေပမဲ့ အေျပာသာရွိၿပီး တကယ္ေတာ့ ကမၻာ့အင္အားႀကီးနိုင္ငံေတြအၾကား တစ္ဖက္ဖက္ကို ယိမ္းရတဲ့အားနည္းတဲ့ အေန အထားမွာသာ ရွိေနတယ္လို႔ လည္း ေဝဖန္သူေတြက ေထာက္ျပေလ့ရွိပါတယ္။
Unicode
တောင် တရုတ်ပင်လယ်ထဲက ကျွန်းတွေပေါ် တရုတ် အခြေစိုက် စခန်းတွေ တည်ဆောက်ရာမှာ ကူညီခဲ့တဲ့ တရုတ်ပိုင် ကုမ္ပဏီတွေနဲ့ အတူ စီးပွားရေး လုပ်နေတာတွေကို ပြန်ပြီး စဉ်းစားကြဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က အရှေ့တောင် အာရှ နိုင်ငံများ အဖွဲ့ (ASEAN) နိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။
တောင်တရုတ်ပင်လယ်ထဲက အာဆီယံကမ်းရိုးတန်းနိုင်ငံတွေကို အနိုင်ကျင့်တဲ့ နိုင်ငံပိုင်ကုမ္ပဏီကြီးတွေနဲ့ စီးပွားရေးအတူ လုပ် ဆောင်နေတာကို ပြန် စဉ်းစားကြပါ။ တရုတ် ကွန်မြူနစ် ပါတီက ကျွန်တော်တို့နဲ့ ကျွန်တော်တို့ပြည်သူတွေအပေါ် မထေမဲ့မြင့် အနိုင် ယူ သွားတာကိုမခံပါနဲ့။ အမေရိကန်တွေ အပေါ် ယုံကြည်မှု ရှိပါ။ အမေရိကန်တွေက ခင်ဗျားတို့ကို ကူညီဖို့ ဒီမှာ ရှိနေပါတယ်။ လို့ ဝန်ကြီး Pompeo က အာဆီယံနိုင်ငံတွေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ တိုက်တွန်းသွားတာ ဖြစ်ပါတယ်။
တောင်တရုတ်ပင်လယ်ထဲက နယ်မြေ အစိတ်အပိုင်း အချို့ကို ပိုင်ဆိုင်တယ်လို့ ကြေညာထားတဲ့ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှားနဲ့ ဘရူနိုင်းလ် နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့အတူ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ ဆွေးနွေးပွဲမှာ အမေရိကန် ဝန်ကြီး Pompeo က အခုလို တိုက်တွန်းလိုက်တာလည်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ ဒီမိုကရေစီ တန်ဖိုးတွေနဲ့ အာဆီယံ ပဋိဉာဏ် စာတမ်းမှာ ပါရှိတဲ့ နယ်မြေနဲ့ အချုပ်အာဏာဆိုင်ရာ မူကြီးတွေကို လေးစား လိုက်နာခြင်း မရှိဘူးလို့လည်း Pompeo က ပြောပါတယ်။
တောင်တရုတ်ပင်လယ်ထဲ တရုတ်စခန်းတွေ တည်ဆောက်ရာမှာ ကူညီလို့ ဆိုပြီး အမေရိကန် ပြည်ထောင်စုက နာမည်ပျက် စာရင်း သွင်းထားတဲ့ တရုတ်ကုမ္ပဏီတွေနဲ့ အရှေ့တောင် အာရှနိုင်ငံတွေအကြား ဘယ်လို စီးပွား ဆက်ဆံရေး ရှိတယ်ဆိုတာကတော့ ရှင်းရှင်လင်းလင်း မသိရပါဘူး။ ဒါပေမဲ့ ဖိလစ်ပိုင် သမ္မတ Rodrigo Duterte ရဲ့ အစိုးရကတော့ ပြီးခဲ့တဲ့ အပတ်တုန်းက အမေရိကန် နိုင်ငံက နာမည်ပျက် စာရင်းသွင်းထားတဲ့ တရုတ်ကုမ္ပဏီတွေ ဒါမှမဟုတ် အဲဒီ ကုမ္ပဏီတွေရဲ့ လက်အောက်ခံ ကုမ္ပဏီတွေကို မြို့တော် မနီလာ တောင်ပိုင်း ပြည်နယ်တစ်ခုက လေဆိပ် တည်ဆောက်ရေးလုပ်ငန်းအတွက် ဒေသခံ ကုမ္ပဏီတစ်ခုနဲ့ ဖက်စပ် လုပ်ကိုင်ခွင့် ပြု မယ်လို့ ပြောပါတယ်။
အခု ကျင်းပနေတဲ့ အာဆီယံအစည်းအဝေးရဲ့ အိမ်ရှင်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီး Pham Binh Minh ကတော့ Pompeo ရဲ့ ပြောကြားချက်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ပြီး အာဆီယံ- အမေရိကန် ဆက်ဆံရေးက နှစ်ဖက်အကျိုးစီးပွားတွေကို ဆောင်ကျဉ်းပေးနေတယ်လို့ ပြောပါတယ်။
၁၉၆၇ ခုနှစ်က တည်ထောင်ခဲ့တဲ့ အာဆီယံ အဖွဲ့ဟာ အမေရိကန်နဲ့ တရုတ်နိုင်ငံအကြား တနေ့တခြား ပိုပြီး တင်းမာလာနေတဲ့ ဆက်ဆံ ရေးကြောင့် အနေရ ကျပ်နေတဲ့အနေအထားကိုရောက်နေတာ ဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဟာ ကြားနေအဖွဲ့ဖြစ်ကြောင်း ရံဖန်ရံခါ ပြောကြားနေပေမဲ့ အပြောသာရှိပြီး တကယ်တော့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအကြား တစ်ဖက်ဖက်ကို ယိမ်းရတဲ့အားနည်းတဲ့ အနေ အထားမှာသာ ရှိနေတယ်လို့ လည်း ဝေဖန်သူတွေက ထောက်ပြလေ့ရှိပါတယ်။