သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရုရွားနဲ႔တရုတ္ ဦးေဆာင္တဲ့ စစ္ေရးေလ့က်င့္မႈမွာ ျမန္မာပါမည္


မွတ္တမ္းဓါတ္ပံု- ၂၀၀၇ တုန္းက ရုရွားနဲ႔တရုတ္ ဦးေဆာင္တဲ့ စစ္ေရးေလ့က်င့္မႈတခု

(Zawgyi/Unicode)

႐ုရွားနိုင္ငံ ေတာင္ပိုင္းမွာ ဒီလ ေႏွာင္းပိုင္းမွာ က်င္းပဖို႔ ရွိတဲ့ ႐ုရွားနဲ႔ တ႐ုတ္တပ္ေတြ ဦးေဆာင္တဲ့ ပူးတြဲ စစ္ေရး ေလ့က်င့္မႈမွာ ျမန္မာ အပါအဝင္ တျခား နိုင္ငံ အမ်ားအျပားလည္း ပါဝင္လိမ့္မယ္လို႔ တ႐ုတ္ ကာကြယ္ေရး ဝန္ႀကီးဌာက ၾကာသပေတးေန႔က ေၾကညာလိုက္ပါတယ္။

Caucuses 2020 လို႔ အမည္ေပးထားတဲ့ ဒီ စစ္ေရး ေလ့က်င့္မႈမွာ ပါဝင္မယ့္ ဘီးတပ္ စစ္သုံးယာဥ္ေတြနဲ႔ အေပါ့စား လက္နက္ေတြ ကို တ႐ုတ္နိုင္ငံရဲ့ ေနာက္ဆုံးေပၚ သယ္ေဆာင္ေရး ေလယာဥ္နဲ႔ စစ္ေရး ေလ့က်င့္မယ့္ေနရာကို သယ္ေဆာင္ ေပးပို႔သြားမွာ ျဖစ္တယ္ လို႔ တ႐ုတ္ ကာကြယ္ေရး ဝန္ႀကီးဌာနကို ကိုးကားၿပီး AP သတင္းဌာနက ေျပာပါတယ္။

စစ္ေရးေလ့က်င့္မႈကို စက္တင္ဘာလ ၂၁ ရက္ေန႔က ၂၆ ရက္ေန႔အထိ ျပဳလုပ္မွာ ျဖစ္ၿပီး ႐ုရွား၊ တ႐ုတ္၊ ျမန္မာ၊ ပါကစၥတန္၊ အီရန္၊ ဘီလာ႐ုစ္၊ အာေမးနီးယားနိုင္ငံနဲ႔ တျခားနိုင္ငံေတြ ပါဝင္မွာ ျဖစ္ပါတယ္။​ ခုခံ ကာကြယ္ေရးဆိုင္ရာ ဗ်ဴဟာေတြနဲ႔ ဝိုင္းရံပိတ္ဆို႔ တိုက္ခိုက္ေရး၊ စစ္ေျမျပင္ ထိန္းခ်ဳပ္ ကြပ္ကဲ အမိန္႔ေပးေရးေတြကို အဓိက ေလ့က်င့္သြားမယ္လို႔လည္း တ႐ုတ္ကာကြယ္ေရးဝန္ႀကီး ဌာနက ေျပာပါတယ္။

ကပ္ေရာဂါ ဆိုက္ေရာက္ေနခ်ိန္မွာ စစ္ေရး ေလ့က်င့္တာ ျဖစ္လို႔ တ႐ုတ္နဲ႔ ႐ုရွား ႏွစ္နိုင္ငံ ဆက္ဆံေရးအတြက္ အထူးတလည္ အႏွစ္ သာရ အဓိပၸါယ္ရွိတဲ့ စစ္ေရး ေလ့က်င့္မႈ တစ္ခု ျဖစ္တယ္လို႔လည္း တ႐ုတ္နိုင္ငံရဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

လြန္ခဲ့တဲ့ ႏွစ္ ၂၀ က စလို႔ အလုံးစုံ မဟာဗ်ဴဟာ မိတ္ဖက္နိုင္ငံေတြ အျဖစ္ ဆက္ဆံေရး တည္ေဆာက္ၿပီးကတည္းက အေမရိကန္ရဲ့ ဩဇာ လႊမ္းမိုးမႈကို တြန္းလွန္ဖို႔ တ႐ုတ္နဲ႔ ႐ုရွားနိုင္ငံ အၾကား စစ္ေရးနဲ႔ သံတမန္ေရးမွာ နီးနီးကပ္ကပ္ ပူးေပါင္းေဆာင္ရြက္ခဲ့ၾကၿပီး ႏွစ္နိုင္ငံ စစ္တပ္ေတြအၾကား ပူးတြဲ စစ္ေရး ေလ့က်င့္မႈေတြ ပုံမွန္ျပဳလုပ္ခဲ့တယ္လို႔လည္း တ႐ုတ္ ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


.........

ရုရှားနဲ့တရုတ် ဦးဆောင်တဲ့ စစ်ရေးလေ့ကျင့်မှုမှာ မြန်မာပါမည်


(Unicode)

ရုရှားနိုင်ငံ တောင်ပိုင်းမှာ ဒီလ နှောင်းပိုင်းမှာ ကျင်းပဖို့ ရှိတဲ့ ရုရှားနဲ့ တရုတ်တပ်တွေ ဦးဆောင်တဲ့ ပူးတွဲ စစ်ရေး လေ့ကျင့်မှုမှာ မြန်မာ အပါအဝင် တခြား နိုင်ငံ အများအပြားလည်း ပါဝင်လိမ့်မယ်လို့ တရုတ် ကာကွယ်ရေး ဝန်ကြီးဌာက ကြာသပတေးနေ့က ကြေညာလိုက်ပါတယ်။

Caucuses 2020 လို့ အမည်ပေးထားတဲ့ ဒီ စစ်ရေး လေ့ကျင့်မှုမှာ ပါဝင်မယ့် ဘီးတပ် စစ်သုံးယာဉ်တွေနဲ့ အပေါ့စား လက်နက်တွေ ကို တရုတ်နိုင်ငံရဲ့ နောက်ဆုံးပေါ် သယ်ဆောင်ရေး လေယာဉ်နဲ့ စစ်ရေး လေ့ကျင့်မယ့်နေရာကို သယ်ဆောင် ပေးပို့သွားမှာ ဖြစ်တယ် လို့ တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနကို ကိုးကားပြီး AP သတင်းဌာနက ပြောပါတယ်။

စစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာလ ၂၁ ရက်နေ့က ၂၆ ရက်နေ့အထိ ပြုလုပ်မှာ ဖြစ်ပြီး ရုရှား၊ တရုတ်၊ မြန်မာ၊ ပါကစ္စတန်၊ အီရန်၊ ဘီလာရုစ်၊ အာမေးနီးယားနိုင်ငံနဲ့ တခြားနိုင်ငံတွေ ပါဝင်မှာ ဖြစ်ပါတယ်။ ခုခံ ကာကွယ်ရေးဆိုင်ရာ ဗျူဟာတွေနဲ့ ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်ရေး၊ စစ်မြေပြင် ထိန်းချုပ် ကွပ်ကဲ အမိန့်ပေးရေးတွေကို အဓိက လေ့ကျင့်သွားမယ်လို့လည်း တရုတ်ကာကွယ်ရေးဝန်ကြီး ဌာနက ပြောပါတယ်။

ကပ်ရောဂါ ဆိုက်ရောက်နေချိန်မှာ စစ်ရေး လေ့ကျင့်တာ ဖြစ်လို့ တရုတ်နဲ့ ရုရှား နှစ်နိုင်ငံ ဆက်ဆံရေးအတွက် အထူးတလည် အနှစ် သာရ အဓိပ္ပါယ်ရှိတဲ့ စစ်ရေး လေ့ကျင့်မှု တစ်ခု ဖြစ်တယ်လို့လည်း တရုတ်နိုင်ငံရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ နှစ် ၂၀ က စလို့ အလုံးစုံ မဟာဗျူဟာ မိတ်ဖက်နိုင်ငံတွေ အဖြစ် ဆက်ဆံရေး တည်ဆောက်ပြီးကတည်းက အမေရိကန်ရဲ့ ဩဇာ လွှမ်းမိုးမှုကို တွန်းလှန်ဖို့ တရုတ်နဲ့ ရုရှားနိုင်ငံ အကြား စစ်ရေးနဲ့ သံတမန်ရေးမှာ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး နှစ်နိုင်ငံ စစ်တပ်တွေအကြား ပူးတွဲ စစ်ရေး လေ့ကျင့်မှုတွေ ပုံမှန်ပြုလုပ်ခဲ့တယ်လို့လည်း တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG