သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားစစ်ရေးလေ့ကျင့်မှုကြီးထဲ ဓာတုလက်နက်သုံး တိုက်ခိုက်မှု ထည့်သွင်းလေ့ကျင့်


ရုရှားနိုင်ငံမှာလုပ်နေတဲ့ Vostok-2018 စစ်ရေးပြပွဲကြီးရဲ့ တစိတ်တပိုင်းအနေနဲ့ စက်တင်ဘာလ ၁၆ ရက် တနင်္ဂနွေနေ့က ဓာတု လက်နက်နဲ့ တိုက်ခိုက်တာကို လေ့ကျင့်ကြပါတယ်။

ဓာတုကာကွယ်ရေးဝတ်စုံတွေ ဝတ်ထားပြီး ဓာတ်ငွေ့ကာ မျက်နှာဖုံးတွေ စွပ်ထားတဲ့ တပ်ဖွဲ့ဝင်တွေ တင့်ကားတွေကို ရှင်းလင်းနေ တာကို ရိုက်ယူထားတဲ့ ဗွီဒီယိုကို ရုရှားကာကွယ်ရေးဌာနက ထုတ်ပြန်ပါတယ်။

ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးကတည်းကဆိုရင် ရုရှားစစ်ဘက်ရဲ့ အကြီးဆုံး စစ်ရေးလေ့ကျင့်ခန်းကို တရုတ်နိုင်ငံနဲ့နယ်စပ်နား ဆိုက်ဘေးရီးယားဒေသ အရှေ့ဘက်မှာ စက်တင်ဘာလ ၁၇ ရက်နေ့ (ဒီကနေ့) အထိလုပ်နေတာပါ။ ဒီစစ်ရေးလေ့ကျင့်မှုမှာ ရုရှား တပ်ဖွဲ့ဝင် ၃၀၀,၀၀၀ ပါဝင်ပါတယ်။

ရုရှားနဲ့ အနောက်နိုင်ငံတွေကြား ဆက်ဆံရေးတင်းမာနေချိန်မှာလုပ်တဲ့ ဒီစစ်ရေးပြပွဲကြီးမှာ စစ်လေယာဉ် ၁,၀၀၀ ကျော်နဲ့ တင့်ကားအစီးရေ ၃၆,၀၀၀ အထိလည်း ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG