သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား ကို NATO အလျှော့ပေးမည် မဟုတ်


NATO အတွင်းရေးမှူးချုပ် Jens Stoltenberg
NATO အတွင်းရေးမှူးချုပ် Jens Stoltenberg

ရုရှားနိုင်ငံ ပြန်ပြီးခေါင်းထောင်လာတာကို ရင်ဆိုင် တုံ့ပြန်တဲ့နေရာမှာ အလျှော့ပေးဖို့ ရည်ရွယ်ချက်မရှိဘူးလို့ မြောက်အတ္တလန် တိတ်စာချုပ် NATO အဖွဲ့ အတွင်းရေးမှူးချုပ်က ပြောပါတယ်။ အရင် ဆိုဗီယက်ပြည်ထောင်စုဝင် နိုင်ငံဟောင်းတွေကို NATO အဖွဲ့ဝင်တွေအဖြစ် ဆက်ပြီး လက်ခံသွားမှာဖြစ်တာနဲ့အမျှ အနောက်မဟာမိတ်တွေအနေနဲ့ ရုရှားနိုင်ငံအပေါ် ခိုင်မာပေမဲ့ မျှတတဲ့ ရပ်တည်ချက် ဆက်ပြီး ကိုင်စွဲသွားမှာဖြစ်တယ်လို့ NATO အတွင်းရေးမှူးချုပ် Jens Stoltenberg က ပြောတာပါ။

အမေရိကန်သမ္မတ အိမ်ဖြူတော်မှာ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် John Bolton နဲ့ သောကြာနေ့က တွေ့ဆုံဆွေးနွေးပြီးတဲ့ နောက် Jens Stoltenberg က အဲဒီလိုပြောတာပါ။

“ရုရှားနိုင်ငံနဲ့ပတ်သက်လို့ ချဉ်းကပ်တဲ့နေရာမှာ အခုကိုင်စွဲထားတဲ့ ခိုင်မာ အားကောင်းတဲ့ ရပ်တည်ချက်နဲ့ တချိန်ထဲမှာ ဆွေးနွေး ညှိနှိုင်းဖို့လုပ်တဲ့ ရည်တည်ချက်ကြားမှာ ကျနော်တို့အတွက် ကွာခြားမှုမရှိပါဘူး” လို့ ဝါရှင်တန်အခြေစိုက် The Heritage Foundation အဖွဲ့မှာလုပ်တဲ့ ဆွေးနွေးပွဲတခုအတွင်း Jens Stoltenberg ကပြောသွားပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်က ဂျော်ဂျီယာနိုင်ငံထဲကို ရုရှားတပ်ဖွဲ့တွေ ဝင်ရောက်ချိန်ကတည်းက ရုရှားနဲ့ အနောက်နိုင်ငံတွေကြား တင်းမာမှု ဟာ တဖြည်းဖြည်း အရှိန်တက်လာတာဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ ယူကရိန်းကိုကျူးကျော်တာနဲ့ Crimea ကို သူပိုင်နယ်အဖြစ် ထည့် သွင်းလိုက်ပြီးတဲ့နောက်မှာ အမြင့်ဆုံးဖြစ်သွားပါတယ်။

NATO အဖွဲ့အနေနဲ့ ထိပ်တိုက်တွေ့ဖို့ လုပ်နေတာမဟုတ်ဘူးဆိုတာကို Stoltenberg က အလေးထားပြောပြီး ရုရှားဟာ အိမ်နီး ချင်းနိုင်ငံတွေအပေါ် စစ်အင်အားအသုံးပြု လုပ်ဆောင်ချင်နေတာလို့ အပြစ်တင် ပြောဆိုပါတယ်။

ရုရှား ကို NATO အလျှော့ပေးမည် မဟုတ်
please wait

No media source currently available

0:00 0:00:57 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG