သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပါအဝင် BIMSTEC နိုင်ငံများ ပူးတွဲ စစ်လေ့ကျင့်

BIMSTEC အဖွဲ့ဝင် နိုင်ငံ့ခေါင်းဆောင်များ
BIMSTEC အဖွဲ့ဝင် နိုင်ငံ့ခေါင်းဆောင်များ

ဘင်္ဂလားပင်လယ်အော်နိုင်ငံများ နည်းပညာနှင့် စီးပွားရေးဆိုင်ရာ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေး BIMSTEC အဖွဲ့ဝင်နိုင်ငံ တွေက တပ်ဖွဲ့တွေပါဝင်တဲ့ ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အိန္ဒိယနိုင်ငံ၊ မဟာရပ်ရှ်ထရာပြည်နယ်၊ Pune မြို့မှာ စက်တင်ဘာလ ၁၀ ရက်နေ့ကစပြီး ပြုလုပ်နေပါတယ်။

“အဖွဲ့ခေါင်းစဉ်တခုထဲအောက်ကနေ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ရတာဟာ BIMSTEC အဖွဲ့ဝင်နိုင်ငံအားလုံးအတွက် သူမတူ တဲ့ အခွင့်အလန်းတခုပါ။ ဒီလေ့ကျင့်မှုကနေ ကျနော်တို့ရဲ့ စစ်ရေး အသိသုတကို တိုးတက်မှုရစေနိုင်ပြီး နည်းဗျူဟာပိုင်း လေ့ကျင့် မှုတွေလည်း ပြောင်းလဲတိုးတက်လာနိုင်ပါတယ်။ ဒီကနေတဆင့် အနာဂတ်မှာ အကြမ်းဖက်ဝါဒ တန်ပြန်နှိမ်နင်းရေး ပူးပေါင်း ဆောင်ရွက်မှုကို အထောက်အကူဖြစ်စေပါမယ်။” လို့ စစ်ရေးလေ့ကျင့်မှုမှာပါဝင်တဲ့ ဘင်္ဂလားဒေ့ရှ်ကြည်းတပ်က ဗိုလ်မှူး Shariyad ကပြောပါတယ်။

စက်တင်ဘာလ ၁၆ ရက်နေ့အထိ သီတင်းတပတ်ကြာလုပ်တဲ့ ဒီစစ်ရေးလေ့ကျင့်မှုudk MILEX-18 လို့ နာမည်ပေးထားပြီး လေကြောင်း၊ ကုန်းပေါ်၊ သစ်တောဒေသနဲ့ ရေပြင် စစ်ရေးလေ့ကျင့်မှုတွေ ပါဝင်ပါတယ်။

စစ်ရေးလေ့ကျင့်မှုှအတွင်း အဓိကထားလေ့ကျင့်ကြတာကတော့ လက်လုပ်ဖောက်ခွဲရေးပစ္စည်း IED တွေကို ရှာဖွေရှင်းလင်းတာ နဲ့ ရှာဖွေ ပိတ်ဆို့ရေးဆိုင်ရာ စစ်ဆင်ရေးတွေဖြစ်ပါတယ်။

၁၉၉၇ ခုနှစ်က စတင်ထူထောင်တဲ့ BIMSTEC မှာ အဖွဲ့ဝင်နိုင်ငံတွေအဖြစ် မြန်မာနိုင်ငံနဲ့အတူ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ ထိုင်း၊ ဘူတန်နဲ့ နီပေါလ်နိုင်ငံတွေ ပါဝင်ပါတယ်။ အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ လူဦးရေစုစုပေါင်းဟာ တကမ္ဘာလုံးလူူဦးရေရဲ့ ၂၂% ရှိပြီး နိုင်ငံအားလုံးရဲ့ ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး GDP စုစုပေါင်းဟာ ဒေါ်လာ ၂.၅ ထရီလီယံရှိပါတယ်။

BIMSTEC အဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေးကို ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းကပဲ နီပေါလ်နိုင်ငံ၊ ခတ္တမန်ဒူမြို့တော်မှာ ကျင်းပပြီး သမ္မတဦးဝင်းမြင့် တက်ရောက်ပါတယ်။

မြန်မာအပါအဝင် BIMSTEC နိုင်ငံများ ပူးတွဲ စစ်လေ့ကျင့်
please wait

No media source currently available

0:00 0:01:34 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG