သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အင္အားႀကီးႏုိင္ငံေတြ စစ္ေရးေလ့က်င့္မႈလာလုပ္ၾကဖုိ႔ ကေမၻာဒီးယား ဖိတ္ေခၚ


ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္

(Zawgyi/Unicode)

အင္အားႀကီးႏိုင္ငံေတြရဲ႕ စစ္ေရးေလ့က်င့္မႈကို ကေမၻာဒီးယားႏိုင္ငံတြင္းမွာ လာလုပ္ၾကပါလို႔ ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္က တနလၤာေန႔မွာ ဖိတ္ေခၚလိုက္ပါတယ္။ ႏိုင္ငံတြင္း သေဘၤာႀကီးေတြ ဆိုက္ကပ္ႏိုင္မယ့္ ဆိပ္ကမ္းတခု တည္ေဆာက္ဖို႔ ရွိေနခ်ိန္ ၊ ကေမၻာဒီးယား စစ္တပ္ရဲ႕ ေလ့က်င့္ေရးစင္တာကို ေနရာ ေျပာင္းေရႊ႕ဖို႔ ႏိုင္ငံတကာဆီက ေငြေၾကး ေတာင္းခံထားခ်ိန္မွာ အခုလို ေျပာလိုက္တာပါ။

ကေမၻာဒီယား ကမ္း႐ိုးတန္းၿမဳိ့ Sihanoukville မွာရွိတဲ့ Ream ေရတပ္စခန္းမွာ တရုတ္ စစ္သေဘၤာေတြ လာေရာက္ဆုိက္ကပ္ၿပီး ၊ အဲဒီစခန္းမွာ လက္ႏွက္သိုေလွာင္ဖို႔ တရုတ္နဲ႔ ကေမၻာဒီးယား ႏွစ္ႏိုင္ၾကားမွာ အၾကမ္းဖ်င္း သေဘာတူထားၿပီးသား ျဖစ္တယ္ဆိုတဲ့ သတင္းကို Wall Street Journal က မႏွစ္တုန္းက ေရးခဲ့တာပါ။ ဒါေပမယ့္ ဒီသတင္းကို ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္က ျငင္းခဲ့ၿပီး ၊ ႏိုင္ငံျခားစစ္တပ္တခုက သူတို႔ေျမေပၚမွာ အေျခစိုက္ခြင့္ မရွိေစရဆိုတဲ့ ကေမၻာဒီယား ဖြဲ႔စည္းပုံဥပေဒပါ အခ်က္ကို ေထာက္ျပ ေျပာဆိုပါတယ္။

အေမရိကန္၊ ျပင္သစ္ ၊ ဂ်ပန္နဲ႔ တရုတ္ ဘယ္ႏိုင္ငံကမဆို အကူအညီေတ ြကို ႀကဳိဆိုေနၿပီး ၊ ႏိုင္ငံတခုခုက ကေမၻာဒီယားပိုင္နက္ထဲမွာ စစ္ေရး ေလ့က်င့္မႈ လုပ္လုိတယ္ဆိုရင္ လာခဲ့ၾကပါ ၊ ႀကဳိဆိုပါတယ္လို႔ ဟြန္ဆန္က Sihanoukville ၿမဳိ့မွာ ေျပာလိုက္တာပါ။ ပြင့္ပြင့္လင္းလင္း ေျပာရရင္ တရုတ္ႏိုင္ငံဆီက အကူအညီ လိုခ်င္ေပမဲ့ ေငြ ေၾကး ေထာက္ပ့ံ ကူညီမယ္ဆိုရင္ ဘယ္ႏိုင္ငံကိုမဆို ဖိတ္ေခၚပါတယ္လို႔ ဟြန္ဆန္က ထပ္ေလာင္း ေျပာပါတယ္။

လက္ရွိအခ်ိန္အထိ ေတာ့ ကေမၻာဒီးယားႏုိင္ငံကို တရုတ္က ေခ်းေငြ ေဒၚလာ ဘီလ်ံေပါင္းမ်ားစြာ ရက္ရက္ေရာေရာ ေပးထားပါတယ္။ တရုတ္နဲ႔ ကေမၻာဒီးယား ႏွစ္ႏိုင္ငံၾကား စစ္ေရး ေလ့က်င့္မႈေတြလုပ္ဖို႔ ၿပီးခဲ့တဲ့ ႏွစ္ေတြကစလို႔ ျပင္ဆင္လာခဲ့ၿပီး ၿပီးခဲ့တဲ့ မတ္လထဲမွာ အၾကမ္းဖက္ဝါဒ တိုက္ဖ်က္ေရး ပူးတြဲ စစ္ေရးေလ့က်င့္မႈတခု လုပ္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

အင်အားကြီးနိုင်ငံတွေ စစ်ရေးလေ့ကျင့်မှုလာလုပ်ကြဖို့ ကမ္ဘောဒီးယား ဖိတ်ခေါ်

(Unicode)

အင်အားကြီးနိုင်ငံတွေရဲ့ စစ်ရေးလေ့ကျင့်မှုကို ကမ္ဘောဒီးယားနိုင်ငံတွင်းမှာ လာလုပ်ကြပါလို့ ဝန်ကြီးချုပ် ဟွန်ဆန်က တနင်္လာနေ့မှာ ဖိတ်ခေါ်လိုက်ပါတယ်။ နိုင်ငံတွင်း သင်္ဘောကြီးတွေ ဆိုက်ကပ်နိုင်မယ့် ဆိပ်ကမ်းတခု တည်ဆောက်ဖို့ ရှိနေချိန် ၊ ကမ္ဘောဒီးယား စစ်တပ်ရဲ့ လေ့ကျင့်ရေးစင်တာကို နေရာ ပြောင်းရွှေ့ဖို့ နိုင်ငံတကာဆီက ငွေကြေး တောင်းခံထားချိန်မှာ အခုလို ပြောလိုက်တာပါ။

ကမ္ဘောဒီယား ကမ်းရိုးတန်းမြို့ Sihanoukville မှာရှိတဲ့ Ream ရေတပ်စခန်းမှာ တရုတ် စစ်သင်္ဘောတွေ လာရောက်ဆိုက်ကပ်ပြီး ၊ အဲဒီစခန်းမှာ လက်နှက်သိုလှောင်ဖို့ တရုတ်နဲ့ ကမ္ဘောဒီးယား နှစ်နိုင်ကြားမှာ အကြမ်းဖျင်း သဘောတူထားပြီးသား ဖြစ်တယ်ဆိုတဲ့ သတင်းကို Wall Street Journal က မနှစ်တုန်းက ရေးခဲ့တာပါ။ ဒါပေမယ့် ဒီသတင်းကို ဝန်ကြီးချုပ် ဟွန်ဆန်က ငြင်းခဲ့ပြီး ၊ နိုင်ငံခြားစစ်တပ်တခုက သူတို့မြေပေါ်မှာ အခြေစိုက်ခွင့် မရှိစေရဆိုတဲ့ ကမ္ဘောဒီယား ဖွဲ့စည်းပုံဥပဒေပါ အချက်ကို ထောက်ပြ ပြောဆိုပါတယ်။

အမေရိကန်၊ ပြင်သစ် ၊ ဂျပန်နဲ့ တရုတ် ဘယ်နိုင်ငံကမဆို အကူအညီတေ ွကို ကြိုဆိုနေပြီး ၊ နိုင်ငံတခုခုက ကမ္ဘောဒီယားပိုင်နက်ထဲမှာ စစ်ရေး လေ့ကျင့်မှု လုပ်လိုတယ်ဆိုရင် လာခဲ့ကြပါ ၊ ကြိုဆိုပါတယ်လို့ ဟွန်ဆန်က Sihanoukville မြို့မှာ ပြောလိုက်တာပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် တရုတ်နိုင်ငံဆီက အကူအညီ လိုချင်ပေမဲ့ ငွေ ကြေး ထောက်ပံ့ ကူညီမယ်ဆိုရင် ဘယ်နိုင်ငံကိုမဆို ဖိတ်ခေါ်ပါတယ်လို့ ဟွန်ဆန်က ထပ်လောင်း ပြောပါတယ်။

လက်ရှိအချိန်အထိ တော့ ကမ္ဘောဒီးယားနိုင်ငံကို တရုတ်က ချေးငွေ ဒေါ်လာ ဘီလျံပေါင်းများစွာ ရက်ရက်ရောရော ပေးထားပါတယ်။ တရုတ်နဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံကြား စစ်ရေး လေ့ကျင့်မှုတွေလုပ်ဖို့ ပြီးခဲ့တဲ့ နှစ်တွေကစလို့ ပြင်ဆင်လာခဲ့ပြီး ပြီးခဲ့တဲ့ မတ်လထဲမှာ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး ပူးတွဲ စစ်ရေးလေ့ကျင့်မှုတခု လုပ်ခဲ့ပါတယ်။

XS
SM
MD
LG