သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တရုတ္ Xinjiang ေဒသထြက္ ခ်ည္ထည္ပစၥည္းေတြ ပိတ္ဖို႔ ကန္ စဥ္းစားေန


တရုတ္ႏုိင္ငံ Xinjiang ေဒသက ၀ါစိုက္ခင္း။ (စက္တင္ဘာ ၂၀၊ ၂၀၁၅)

[Zawgyi/Unicode]

တရုတ္ႏုိင္ငံ Xinjiang ေဒသထြက္ ခ်ည္ထည္ေတြနဲ႔ ထုတ္လုပ္ထားတဲ့ ကုန္ပစၥည္းတခ်ိဳ ႔ ဒါမွအဟုတ္ ကုန္ပစၥည္းအားလုံးကို တားျမစ္ပိတ္ပင္ဖို႔ သမၼတ Donald Trump အစိုးရအဖြဲ႔က စဥ္းစားေနတယ္ဆိုၿပီး The New York Times သတင္းစာႀကီးက အဂၤါေန႔မွာေဖာ္ျပလိုက္ပါတယ္။

Xinjiang ေဒသမွာ အတင္းအၾကပ္အလုပ္ခိုင္းေစမႈေတြနဲ႔ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြရွိေနတယ္ဆိုတဲ့ သတင္းေတြထြက္လာခ်ိန္မွာ ဒီေဖာ္ျပခ်က္ထြက္ေပၚလာတာပါ။ ဒီကိစၥနဲ႔ နီးစပ္တဲ့ လူ သံုး ဦးဆီက ရတဲ့သတင္းအရ အေစာဆုံး အဂၤါေန႔ေလာက္မွာ အေမရိကန္က ကန္႔သတ္မႈေတြ ခ်မွတ္ႏုိင္တယ္လို႔လည္း The New York Times သတင္းစာက ေဖာ္ျပပါတယ္။

အထူးသျဖင့္ Uighur မြတ္ဆလင္ေတြနဲ႔ Kazakh လူနည္းစုေတြ အမ်ားအျပားရွိတဲ့ Xinjiang ေဒသက လူအေတာ္မ်ားမ်ားဟာ စက္႐ုံအလုပ္႐ုံေတြ၊ ၀ါစိုက္ခင္းေတြနဲ႔ အထည္အလိပ္ စက္႐ုံေတြအျပင္ ၿမိဳ ႔ထဲက အဆင့္နိမ့္အလုပ္ေတြမွာ လုပ္ကိုင္ဖို႔ ဘယ္လို ခုိင္းေစခံေနရသလဲဆိုတာ ေလ့လာထားတဲ့ အစီရင္ခံစာအေၾကာင္းကိုလည္း ေဖာ္ျပထားပါတယ္။

ကမၻာတ၀န္းက နာမည္ႀကီးတံဆိပ္ အ၀တ္အစား ထုတ္လုပ္သူအေတာ္မ်ားမ်ားက Xinjiang ေဒသထြက္ ၀ါနဲ႔ အထည္အလိပ္ေတြကို အဓိက အသုံးျပဳေနၾကတာျဖစ္ပါတယ္။ အေမရိကန္ရဲ ႔ ကန္႔သတ္တားျမစ္ခ်က္က တရုတ္ႏုိင္ငံရဲ ႔ အဓိက အ၀တ္အစား ကုမၸဏီေတြကို အထိနာေစလိမ့္မယ္လို႔လည္း The New York Times သတင္းစာႀကီးမွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တရုတ် Xinjiang ဒေသထွက် ချည်ထည်ပစ္စည်းတွေ ပိတ်ဖို့ ကန် စဉ်းစားနေ

တရုတ်နိုင်ငံ Xinjiang ဒေသထွက် ချည်ထည်တွေနဲ့ ထုတ်လုပ်ထားတဲ့ ကုန်ပစ္စည်းတချို့ ဒါမှအဟုတ် ကုန်ပစ္စည်းအားလုံးကို တားမြစ်ပိတ်ပင်ဖို့ သမ္မတ Donald Trump အစိုးရအဖွဲ့က စဉ်းစားနေတယ်ဆိုပြီး The New York Times သတင်းစာကြီးက အင်္ဂါနေ့မှာဖော်ပြလိုက်ပါတယ်။

Xinjiang ဒေသမှာ အတင်းအကြပ်အလုပ်ခိုင်းစေမှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေတယ်ဆိုတဲ့ သတင်းတွေထွက်လာချိန်မှာ ဒီဖော်ပြချက်ထွက်ပေါ်လာတာပါ။ ဒီကိစ္စနဲ့ နီးစပ်တဲ့ လူ သုံး ဦးဆီက ရတဲ့သတင်းအရ အစောဆုံး အင်္ဂါနေ့လောက်မှာ အမေရိကန်က ကန့်သတ်မှုတွေ ချမှတ်နိုင်တယ်လို့လည်း The New York Times သတင်းစာကဖော်ပြပါတယ်။

အထူးသဖြင့် Uighur မွတ်ဆလင်တွေနဲ့ Kazakh လူနည်းစုတွေ အများအပြားရှိတဲ့ Xinjiang ဒေသက လူအတော်များများဟာ စက်ရုံအလုပ်ရုံတွေ၊ ဝါစိုက်ခင်းတွေနဲ့ အထည်အလိပ် စက်ရုံတွေအပြင် မြို့ထဲက အဆင့်နိမ့်အလုပ်တွေမှာ လုပ်ကိုင်ဖို့ ဘယ်လို ခိုင်းစေခံနေရသလဲဆိုတာ လေ့လာထားတဲ့ အစီရင်ခံစာအကြောင်းကိုလည်း ဖော်ပြထားပါတယ်။

ကမ္ဘာတဝန်းက နာမည်ကြီးတံဆိပ် အဝတ်အစား ထုတ်လုပ်သူအတော်များများက Xinjiang ဒေသထွက် ဝါနဲ့ အထည်အလိပ်တွေကို အဓိက အသုံးပြုနေကြတာဖြစ်ပါတယ်။ အမေရိကန်ရဲ့ ကန့်သတ်တားမြစ်ချက်က တရုတ်နိုင်ငံရဲ့ အဓိက အဝတ်အစား ကုမ္ပဏီတွေကို အထိနာစေလိမ့်မယ်လို့လည်း The New York Times သတင်းစာကြီးမှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG