သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္ႏ်ဴကလီယားပိုင္ဆိုင္မႈႏွစ္ဆတိုးလာမည္ဟု ပင္တဂြန္ခန္႔မွန္း


တရုတ္ႏိုင္ငံ Beijing ၿမိဳ႕ရွိ စစ္သမိုင္းျပတိုက္မွာ ေတြ႕ရတဲ့ ဒံုးက်ည္မ်ား။ (ၾသဂုတ္ ၀၁၊ ၂၀၁၉)

[Zawgyi/Unicode]

တ႐ုတ္ႏိုင္ငံဟာ ၾကည္း၊ ေရ၊ ေလ နည္းလမ္း သုံးခုစလုံးကေန ႏ်ဴကလီးယားတိုက္ခိုက္မႈ လုပ္ႏိုင္ဖို႔ ႀကိဳးစားေနတာနဲ႔အမ ွ် ႏ်ဴကလီးယား လက္နက္ပိုင္ဆိုင္မႈဟာ လာမယ့္ဆယ္စုႏွစ္အတြင္း အနည္းဆုံး ႏွစ္ဆတိုးလာမယ္လို႔ အေမရိကန္ ပန္တဂြန္စစ္ဌာနခ်ဳပ္ရဲ႕ အစီရင္ခံစာအသစ္တခုမွာ ခန႔္မွန္းထားပါတယ္။

၂၀၄၉ ခုႏွစ္မွာ အေမရိကန္စစ္အင္အားနဲ႔ တန္းတူျဖစ္ဖို႔၊ တခ်ိဳ႕အပိုင္းေတြမွာ ေက်ာ္တက္ႏိုင္ၿပီး အင္ဒို-ပစိတ္ဖိတ္ေဒသ အင္အားႀကီးႏိုင္ငံျဖစ္လာဖို႔ ႀကိဳးပမ္းမႈရဲ႕ တစိတ္တပိုင္းအေနနဲ႔ တ႐ုတ္ႏိုင္ငံဟာ သူ႔ရဲ႕ ႏ်ဴကလီးယားတပ္ဖြဲ႕ကို ေခတ္မီေစဖို႔နဲ႔ တိုးခ်ဲ႕ဖို႔ လုပ္ေဆာင္ေနတာျဖစ္တယ္လို႔ ပန္တဂြန္အစီရင္ခံစာက ဆိုပါတယ္။

"တ႐ုတ္ စစ္အင္အား" ဆိုတဲ့ ႏွစ္ပတ္လည္ အစီရင္ခံစာကို ပန္တဂြန္က ကြန္ဂရက္လႊတ္ေတာ္ကို ေပးပို႔တာျဖစ္ၿပီး အဂၤါေန႔က ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။

တ႐ုတ္ႏုိင္ငံမွာ လက္ရွိအားျဖင့္ ႏ်ဴကလီးယားထိပ္ဖူး ခန္႔မွန္းေျခ ၂၀၀ ေက်ာ္ေက်ာ္ေလးရွိၿပီး အဲဒီထဲမွာ အေမရိကန္ျပည္ေထာင္စုထိ ေရာက္ေအာင္ပစ္ႏုိင္တဲ့ ပဲ့ထိန္းဒံုးက်ည္ေတြမွာ တပ္လို႔ရတဲ့ ထိပ္ဖူးေတြပါ ပါတယ္လုိ႔ အစီရင္ခံစာမွာေဖာ္ျပထားပါတယ္။

တ႐ုတ္ပိုင္ ႏ်ဴကလီးယားထိပ္ဖူး အေရအတြက္ အတိအက်ကို ပန္တဂြန္စစ္ဌာနခ်ဳပ္က အတိအက် ထုတ္ျပန္တာ ဒါ ပထမဆံုးအႀကိမ္ျဖစ္တယ္လုိ႔ ဒု-လက္ေထာက္ ကာကြယ္ေရးဝန္ႀကီး Chad Sbragia က သတင္းေထာက္ေတြကို ဒီသီတင္းပတ္အတြင္း ေျပာခဲ့ပါတယ္။

အေမရိကန္ျပည္ေထာင္စုက ပိုင္ထားတဲ့ လက္ရွိအသံုးျပဳႏုိင္တဲ့ ႏ်ဴကလီးယားထိပ္ဖူးက ခန္႔မွန္းေျခ ၃,၈၀၀ ရွိတာေၾကာင့္ တ႐ုတ္ထက္ အမ်ားႀကီးသာပါတယ္။ အေမရိကန္ ေရငုပ္သေဘၤာေတြနဲ႔ ေလယာဥ္ေတြကေန ႏ်ဴကလီးယားလက္နက္္နဲ႔ တိုက္ခိုက္ႏုိင္သလို ကုန္းေပၚကေန ႏ်ဴကလီးယားထိပ္ဖူးတပ္ တိုက္ခ်င္းပစ္ ပဲ့ထိန္းဒံုးက်ည္ေတြနဲ႔လည္း တိုက္ခိုက္ႏုိင္ပါတယ္။

တ႐ုတ္ကေတာ့ ေလေၾကာင္းကေန ႏ်ဴကလီးယားတိုက္ခုိက္မႈ လုပ္ႏုိင္စြမ္း မရွိေသးပါဘူး။ ဒါေပမဲ့လညး္ ႏ်ဴကလီယားဗံုးသယ္ေဆာင္ႏုိင္ၿပီး ေလထဲမွာတင္ ဆီျဖည့္ႏုိင္တဲ့ H-6N ဗံုးက်ဲေလယာဥ္ကို တ႐ုတ္ ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္ (PLA) က ၿပီးခဲ့တဲ့ႏွစ္မွာ လူသိရွင္ၾကား ထုတ္ျပထားတယ္လို႔ ပန္တဂြန္ စစ္ဌာနခ်ဳပ္ကေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တရုတ်နျူကလီယားပိုင်ဆိုင်မှုနှစ်ဆတိုးလာမည်ဟု ပင်တဂွန်ခန့်မှန်း

တရုတ်နိုင်ငံဟာ ကြည်း၊ ရေ၊ လေ နည်းလမ်း သုံးခုစလုံးကနေ နျူကလီးယားတိုက်ခိုက်မှု လုပ်နိုင်ဖို့ ကြိုးစားနေတာနဲ့အမ ျှ နျူကလီးယား လက်နက်ပိုင်ဆိုင်မှုဟာ လာမယ့်ဆယ်စုနှစ်အတွင်း အနည်းဆုံး နှစ်ဆတိုးလာမယ်လို့ အမေရိကန် ပန်တဂွန်စစ်ဌာနချုပ်ရဲ့ အစီရင်ခံစာအသစ်တခုမှာ ခန့်မှန်းထားပါတယ်။

၂၀၄၉ ခုနှစ်မှာ အမေရိကန်စစ်အင်အားနဲ့ တန်းတူဖြစ်ဖို့၊ တချို့အပိုင်းတွေမှာ ကျော်တက်နိုင်ပြီး အင်ဒို-ပစိတ်ဖိတ်ဒေသ အင်အားကြီးနိုင်ငံဖြစ်လာဖို့ ကြိုးပမ်းမှုရဲ့ တစိတ်တပိုင်းအနေနဲ့ တရုတ်နိုင်ငံဟာ သူ့ရဲ့ နျူကလီးယားတပ်ဖွဲ့ကို ခေတ်မီစေဖို့နဲ့ တိုးချဲ့ဖို့ လုပ်ဆောင်နေတာဖြစ်တယ်လို့ ပန်တဂွန်အစီရင်ခံစာက ဆိုပါတယ်။

"တရုတ် စစ်အင်အား" ဆိုတဲ့ နှစ်ပတ်လည် အစီရင်ခံစာကို ပန်တဂွန်က ကွန်ဂရက်လွှတ်တော်ကို ပေးပို့တာဖြစ်ပြီး အင်္ဂါနေ့က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ လက်ရှိအားဖြင့် နျူကလီးယားထိပ်ဖူး ခန့်မှန်းခြေ ၂၀၀ ကျော်ကျော်လေးရှိပြီး အဲဒီထဲမှာ အမေရိကန်ပြည်ထောင်စုထိ ရောက်အောင်ပစ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်တွေမှာ တပ်လို့ရတဲ့ ထိပ်ဖူးတွေပါ ပါတယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

တရုတ်ပိုင် နျူကလီးယားထိပ်ဖူး အရေအတွက် အတိအကျကို ပန်တဂွန်စစ်ဌာနချုပ်က အတိအကျ ထုတ်ပြန်တာ ဒါ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဒု-လက်ထောက် ကာကွယ်ရေးဝန်ကြီး Chad Sbragia က သတင်းထောက်တွေကို ဒီသီတင်းပတ်အတွင်း ပြောခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုက ပိုင်ထားတဲ့ လက်ရှိအသုံးပြုနိုင်တဲ့ နျူကလီးယားထိပ်ဖူးက ခန့်မှန်းခြေ ၃,၈၀၀ ရှိတာကြောင့် တရုတ်ထက် အများကြီးသာပါတယ်။ အမေရိကန် ရေငုပ်သင်္ဘောတွေနဲ့ လေယာဉ်တွေကနေ နျူကလီးယားလက်နက်နဲ့ တိုက်ခိုက်နိုင်သလို ကုန်းပေါ်ကနေ နျူကလီးယားထိပ်ဖူးတပ် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တွေနဲ့လည်း တိုက်ခိုက်နိုင်ပါတယ်။

တရုတ်ကတော့ လေကြောင်းကနေ နျူကလီးယားတိုက်ခိုက်မှု လုပ်နိုင်စွမ်း မရှိသေးပါဘူး။ ဒါပေမဲ့လည်း နျူကလီယားဗုံးသယ်ဆောင်နိုင်ပြီး လေထဲမှာတင် ဆီဖြည့်နိုင်တဲ့ H-6N ဗုံးကျဲလေယာဉ်ကို တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ပြီးခဲ့တဲ့နှစ်မှာ လူသိရှင်ကြား ထုတ်ပြထားတယ်လို့ ပန်တဂွန် စစ်ဌာနချုပ်ကပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG