သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေအးတုိက္ပြဲသစ္မျဖစ္ေအာင္ ေရွာင္ၾကဥ္ဖုိ႔ တရုတ္ႏုိင္ငံျခားေရး၀န္ႀကီးေျပာ


(Zawgyi/Unicode)

ကမာၻႀကီးအေနနဲ႔ စစ္ေအးတိုက္ပြဲသစ္ ျဖစ္မလာေအာင္ ေရွာင္ၾကဥ္ၾကရမွာ ျဖစ္ေၾကာင္း ဥေရာပခရီးးစဥ္ အျဖစ္ အီတလီႏိုင္ငံ ေရာမၿမိဳ႕ကို ေရာက္ေနတဲ့ တရုတ္ႏိုင္ငံေတာ္ေကာင္စီဝင္ Wang Yi က အဂၤါေန႔မွာ ေျပာၾကားလုိက္ပါတယ္။

စစ္ေအးတိုက္ပြဲ ကို တရုတ္ႏိုင္ငံက ဘယ္တုန္းကမွ မလိုလားေၾကာင္း ေျပာသြားတာပါ။ ဒါ့အျပင္ ဒီစစ္ေအးတိုက္ပြဲေၾကာင့္ ကမာၻ႔ တိုးတက္မႈ သမိုင္းကို ေနာက္ျပန္ဆြဲတာမ်ိဳး ျဖစ္တတ္ေၾကာင္းနဲ႔ ဒါဟာ ႏိုင္ငံတႏုိင္ငံရဲ့ အက်ိဳးစီးပြားကိုဖ်က္ဆီးၿပီး ေနာက္တႏိုင္ငံက သူ႔ကိုယ္က်ိဳးအတြက္ လုပ္ေဆာင္တာေၾကာင့္ ဒါမ်ိဳးကို လက္မခံပဲ ဆန္႔က်င္ၾကဖုိ႔ ေျပာသြားတာပါ။

အေမရိကန္နဲ႔ တရုတ္တို႔ၾကား တင္းမာမႈေတြ တိုးလာေနခ်ိန္မွာ ဥေရာပ ခရီးစဥ္လာေရာက္တဲ့ Wang Yi က တရုတ္နဲ႔ ဥေရာပသမဂၢတို႔ၾကား ဆက္ဆံေရး ခိုင္မာေအာင္ လုပ္ေဆာင္ဖုိ႔နဲ႔ ကိုရိုနာဗိုင္းရပ္စ္ကပ္ေရာဂါ ဆိုင္ရာ တုိက္ဖ်က္ေရးမွာ ပူးေပါင္းေဆာင္ရြက္ဖို႔ အေရးႀကီးေၾကာင္းလည္း ေျပာၾကားခဲ့တာပါ။

အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္ က တရုတ္ကို ကိုရိုနာဗုိင္းရပ္စ္ပိုး ကူးစက္ျပန္႕ပြားမႈ အတြက္ အျပစ္တင္ေနသလို တရုတ္ရဲ့ ဟြာေဝ (Huawei Technologies Co) ဆက္သြယ္ေရးကုမၸဏီႀကီး အတြက္ ကန္႔သတ္မႈေတြ လုပ္ဖို႔ပါ ႀကိဳးစားေနတာျဖစ္ပါတယ္။

စက္မႈအင္အားႀကီး ႏိုင္ငံ ၇ ႏိုင္ငံထဲမွာ အီတလီႏိုင္ငံဟာ တရုတ္ရဲ့ ခါးပတ္လမ္း စီမံကိန္း အတြက္ ပထမဆံုး သေဘာတူလက္မွတ္ ေရးထုိးခဲ့တဲ့ ႏိုင္ငံ ျဖစ္ပါတယ္။ အဂၤါေန႔မွာလည္း တရုတ္ဟာ ၂ ႏိုင္ငံကုန္သြယ္ေရးဆိုင္ရာ သေဘာတူညီခ်က္ အသစ္ ၂ ခုကို အီတလီ ႏိုင္ငံျခားေရးဝန္ႀကီး Luigi Di Maio နဲ႔ လက္မွတ္ေရးထိုးႏိုင္ခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္


..............

စစ်အေးတိုက်ပွဲသစ်မဖြစ်အောင် ရှောင်ကြဉ်ဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော
(Unicode)

ကမ္ဘာကြီးအနေနဲ့ စစ်အေးတိုက်ပွဲသစ် ဖြစ်မလာအောင် ရှောင်ကြဉ်ကြရမှာ ဖြစ်ကြောင်း ဥရောပခရီးးစဉ် အဖြစ် အီတလီနိုင်ငံ ရောမမြို့ကို ရောက်နေတဲ့ တရုတ်နိုင်ငံတော်ကောင်စီဝင် Wang Yi က အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။

စစ်အေးတိုက်ပွဲ ကို တရုတ်နိုင်ငံက ဘယ်တုန်းကမှ မလိုလားကြောင်း ပြောသွားတာပါ။ ဒါ့အပြင် ဒီစစ်အေးတိုက်ပွဲကြောင့် ကမ္ဘာ့ တိုးတက်မှု သမိုင်းကို နောက်ပြန်ဆွဲတာမျိုး ဖြစ်တတ်ကြောင်းနဲ့ ဒါဟာ နိုင်ငံတနိုင်ငံရဲ့ အကျိုးစီးပွားကိုဖျက်ဆီးပြီး နောက်တနိုင်ငံက သူ့ကိုယ်ကျိုးအတွက် လုပ်ဆောင်တာကြောင့် ဒါမျိုးကို လက်မခံပဲ ဆန့်ကျင်ကြဖို့ ပြောသွားတာပါ။

အမေရိကန်နဲ့ တရုတ်တို့ကြား တင်းမာမှုတွေ တိုးလာနေချိန်မှာ ဥရောပ ခရီးစဉ်လာရောက်တဲ့ Wang Yi က တရုတ်နဲ့ ဥရောပသမဂ္ဂတို့ကြား ဆက်ဆံရေး ခိုင်မာအောင် လုပ်ဆောင်ဖို့နဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဆိုင်ရာ တိုက်ဖျက်ရေးမှာ ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးကြောင်းလည်း ပြောကြားခဲ့တာပါ။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က တရုတ်ကို ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်ပွားမှု အတွက် အပြစ်တင်နေသလို တရုတ်ရဲ့ ဟွာဝေ (Huawei Technologies Co) ဆက်သွယ်ရေးကုမ္ပဏီကြီး အတွက် ကန့်သတ်မှုတွေ လုပ်ဖို့ပါ ကြိုးစားနေတာဖြစ်ပါတယ်။

စက်မှုအင်အားကြီး နိုင်ငံ ၇ နိုင်ငံထဲမှာ အီတလီနိုင်ငံဟာ တရုတ်ရဲ့ ခါးပတ်လမ်း စီမံကိန်း အတွက် ပထမဆုံး သဘောတူလက်မှတ် ရေးထိုးခဲ့တဲ့ နိုင်ငံ ဖြစ်ပါတယ်။ အင်္ဂါနေ့မှာလည်း တရုတ်ဟာ ၂ နိုင်ငံကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက် အသစ် ၂ ခုကို အီတလီ နိုင်ငံခြားရေးဝန်ကြီး Luigi Di Maio နဲ့ လက်မှတ်ရေးထိုးနိုင်ခဲ့တာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG