(Zawgyi/Unicode)
အေမရိကန္ ဗဟိုေထာက္လွမ္းေရး ေအဂ်င္စီ CIA ၀န္ထမ္းေဟာင္းနဲ႔ ျပည္ေထာင္စု စံုစမ္းစစ္ေဆးေရး ဗ်ဴရို FBI ရဲ႕ ဘာသာ စကားကြ်မ္းက်င္သူ ကြန္ထရက္တာေဟာင္း အသက္ ၆၇ ႏွစ္ အရြယ္ Alexander Yuk Ching Ma ကို ေခတ္မီ ေထာက္လွမ္းေရး နည္းပညာေတြနဲ႔ ေထာက္လွမ္းေရး သတင္းရင္းျမစ္ေတြ အပါအ၀င္ တရုတ္ အတြက္ ေထာက္လွမ္းေရး လုပ္မႈနဲ႔ စြဲခ်က္တင္လိုက္ပါတယ္။
ဒီစြဲခ်က္ေတြကိုေတာ့ Honolulu က ဖယ္ဒရယ္ တရားရံုးကေန တနလာၤေန႔မွာ ထုတ္ျပန္လိုက္တာပါ။ ၂၀၀၁ ခုႏွစ္ မတ္လ ရဲ႕ သံုးရက္တာ ကာလအတြင္း ေဟာင္ေကာင္က ဟိုတယ္ခန္း တခုမွာ Alexander Yuk Chin Ma က တရုတ္ ေထာက္လွမ္းေရး သမားေတြကို အစိုးရရဲ႕ လွ်ိဳ႕၀ွက္ခ်က္ေတြ ေပးခဲ႔တယ္လို႔ စြပ္စြဲထားပါတယ္။
ေနာက္ FBI မွာ အလုပ္ရၿပီး ေနာက္မွာလည္း ဒီတရုတ္ ေထာက္လွမ္းေရးနဲ႔ အဆက္အသြယ္ ဆက္ရွိေနခဲ႔တယ္လို႔ စြပ္စြဲထားပါတယ္။
.............
CIA ဝန်ထမ်းဟောင်းကို တရုတ်အတွက်သူလျှိုလုပ်ပေးမှုနဲ့ စွဲချက်တင်
(Unicode)
အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ CIA ဝန်ထမ်းဟောင်းနဲ့ ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရို FBI ရဲ့ ဘာသာ စကားကျွမ်းကျင်သူ ကွန်ထရက်တာဟောင်း အသက် ၆၇ နှစ် အရွယ် Alexander Yuk Ching Ma ကို ခေတ်မီ ထောက်လှမ်းရေး နည်းပညာတွေနဲ့ ထောက်လှမ်းရေး သတင်းရင်းမြစ်တွေ အပါအဝင် တရုတ် အတွက် ထောက်လှမ်းရေး လုပ်မှုနဲ့ စွဲချက်တင်လိုက်ပါတယ်။
ဒီစွဲချက်တွေကိုတော့ Honolulu က ဖယ်ဒရယ် တရားရုံးကနေ တနလာၤနေ့မှာ ထုတ်ပြန်လိုက်တာပါ။ ၂၀၀၁ ခုနှစ် မတ်လ ရဲ့ သုံးရက်တာ ကာလအတွင်း ဟောင်ကောင်က ဟိုတယ်ခန်း တခုမှာ Alexander Yuk Chin Ma က တရုတ် ထောက်လှမ်းရေး သမားတွေကို အစိုးရရဲ့ လျှို့ဝှက်ချက်တွေ ပေးခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
နောက် FBI မှာ အလုပ်ရပြီး နောက်မှာလည်း ဒီတရုတ် ထောက်လှမ်းရေးနဲ့ အဆက်အသွယ် ဆက်ရှိနေခဲ့တယ်လို့ စွပ်စွဲထားပါတယ်။