သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ကန်ကာကွယ်ရေး အချက်အလက်တွေ တရုတ်ထောက်လှမ်းရေးပေးခဲ့မှုနဲ့ CIA အရာရှိဟောင်း ထောင်အနှစ် ၂၀ ပြစ်ဒဏ်ကျ


CIA

အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံရဲ့ ကာကွယ်ရေးဆိုင်ရာအချက်အလက်တွေကို တရုတ်အစိုးရထောက်လှမ်းရေးဆီကို လွှင့်ထုတ်ပေးခဲ့မှုနဲ့ အမေရိကန်ထောက်လှမ်းရေး CIA အရာရှိဟောင်းတဦးကို ထောင် နှစ် ၂၀ ချလိုက်ပါတယ်။ အသက် ၆၂ နှစ်အရွယ် Kevin Patrick Mallory ကို သောကြာနေ့ကပဲ အခုလို ပြစ်ဒဏ်ချလိုက်တာပါ။

အခုအမှုဟာ အမေရိကန်ထောက်လှမ်ရေးအရာရှိဟောင်းတွေကို ပစ်မှတ်ထားပြီး တိုင်းပြည်နဲ့ လုပ်ဖော်ကိုင်ဘက်တွေကို သစ္စာဖောက်မိအောင် တရုတ်လုပ်နေတဲ့ လမ်းကြောင်းထဲက ဖြစ်ရပ်တခုပဲဖြစ်တယ်လို့ လက်ထောက်ရှေ့နေချုပ် John Demers က ပြောပါတယ်။ Virginia ပြည်နယ် Leesburg မြို့က FedEx စာတိုက်တခုမှာMr. Mallory က ထိပ်တန်းလှို့ဝှက် စာရွက်စာတန်းတွေကို ကွန်ပြူတာ မှတ်ဥာဏ် ကဒ်ပြားသေးလေးထဲကို ကူးထည့်နေတာကို မှတ်တမ်းယူထားတဲ့ ဆိုင်လုံခြုံရေး video ကိုလည်း သူ့အမှုကို ကြားနာတဲ့ တရားခွင်မှာ သက်သေအဖြစ် တင်သွင်းခဲ့ပါတယ်။

Mr. Mallory က သူဖွက်ထားတဲ့ ကွန်ပြူတာမှတ်ညဏ်ကဒ်လေးကို ရှာကြည့်ဖို့ သူ့မိသားစုကို မှာနေတာကိုလည်း တရားခွင်မှာ ဖွင့်ပြခဲ့ပါတယ်။ ထောက်လှမ်းရေးအရာရှိဟောင်း Mr. Mallory ဟာ သူ့ရဲ့အလုပ်မှာ အဆင့်မြင့်လှို့ဝှက်ကိစ္စရပ်တွေအထိ သိခွင့်ရသူဖြစ်ပြီး အစိုးရ အလုပ်တော်တော်များများနဲ့ အစိုးရနဲ့ ဆက်စပ်လုပ်ရတဲ့ အလုပ်တော်တော်များများ ကို လုပ်ဖူးသူဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG