သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဆာ္ဒီဘုရင္ CIA အႀကီးအကဲနဲ႔ ေတြ႔ဆံု


(Zawgyi/Unicode)

ေဆာ္ဒီဘုရင္ Salman bin Abdulaziz Al Saud ဟာ ၾကာသပေတးေန႔က အေမရိကန္ ဗဟိုေထာက္လွမ္းေရး ဌာန အႀကီးအကဲ Gina Haspel နဲ႔ Riyadah မွာ ေတြ႔ဆံု ေဆြးေႏြးခဲ့တယ္လို႔ ေဆာ္ဒီအစိုးရ သတင္းမွာ ေဖၚျပထားပါတယ္။

၂ ႏိုင္ငံ အက်ိဳးစီးပြားဆိုင္ရာ ကိစၥရပ္ အမ်ားအျပားကို ေဆြးေႏြးခဲ့တယ္လို႔ သတင္းမွာေဖၚျပေပမယ့္ အေသးစိတ္ကိုေတာ့ ထုတ္မေျပာပါဘူး။

ေဆာ္ဒီအစိုးရအေပၚ ေဝဖန္စာေရးတဲ့ သတင္းသမား Jamal Khashoggi အသတ္ခံခဲ့ရၿပီး ေနာက္ပိုင္း တႏွစ္ေက်ာ္ၾကာလာခ်ိန္မွာမွ အခုလို ေဆာ္ဒီဘုရင္နဲ႔ အေမရိကန္အစိုးရ အႀကီးတန္းအရာရွိတို႔ရဲ႕ ေတြ႔ဆံုမႈ ျဖစ္လာတာပါ။

ေဆာ္ဒီအစိုးရကို ေဝဖန္ရာမွာ ထင္ရွားတဲ့ Washington Post သတင္းစာ ေဆာင္းပါးရွင္ Jamal Khashoggi ဟာ တူရကီႏိုင္ငံ Istanbul က ေဆာ္ဒီေကာင္စစ္ရံုးထဲမွာ အသတ္ခံခဲ့ရတာ ျဖစ္ပါတယ္။

ေဆာ္ဒီမင္းမ်ိဳးမင္းႏြယ္ေတြ အေပၚမွာ ေဝဖန္တဲ့ တြစ္တာသံုးစြဲသူေတြကို ေထာက္လွမ္းမႈနဲ႔ ေဆာ္ဒီအာေရဗ်သား တဦးနဲ႔ တြစ္တာကုမၸဏီရဲ႕ အလုပ္သမားေဟာင္း ၂ ဦးတို႔ အေမရိကန္ျပည္ေထာင္စုထဲမွာ စြဲခ်က္တင္ခံခဲ့ရၿပီး မၾကာခင္မွာပဲ အခုလို ေတြ႔ဆံုပြဲ ျဖစ္လာတာပါ။

ေဆာ္ဒီအာေရဗ်က သူ႔ေခါင္းေဆာင္ေတြနဲ႔ မူဝါဒေတြအေပၚ လူမႈမီဒီယာမွာ ေဝဖန္မႈေတြ တိုးလာတာကို စိတ္ပ်က္ေနတဲ့အတြက္ သူ႔ႏိ္ုင္ငံရဲ႕ ထင္ရွားတဲ့ အတိုက္အခံေတြရဲ႕ အေကာင့္ေတြအပါအဝင္ ေထာင္နဲ႔ခ်ီတဲ့ တြစ္တာ အေကာင့္ေတြကို ေထာက္လွမ္းဖို႔ တြစ္တာ ကုမၸဏီက အလုပ္သမားေတြကို လူသစ္စုေဆာင္းခဲ့တယ္လို႔ အေမရိကန္ အစိုးရေရွ႕ေနက စြပ္စြဲပါတယ္။

ေဆာ္ဒီဘုရင္ CIA အႀကီးအကဲနဲ႔ ေတြ႔ဆံု
please wait

No media source currently available

0:00 0:01:19 0:00
တိုက္႐ိုက္ လင့္ခ္


.............

ဆော်ဒီဘုရင် CIA အကြီးအကဲနဲ့ တွေ့ဆုံ

(Unicode)

ဆော်ဒီဘုရင် Salman bin Abdulaziz Al Saud ဟာ ကြာသပတေးနေ့က အမေရိကန် ဗဟိုထောက်လှမ်းရေး ဌာန အကြီးအကဲ Gina Haspel နဲ့ Riyadah မှာ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ ဆော်ဒီအစိုးရ သတင်းမှာ ဖေါ်ပြထားပါတယ်။

၂ နိုင်ငံ အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ် အများအပြားကို ဆွေးနွေးခဲ့တယ်လို့ သတင်းမှာဖေါ်ပြပေမယ့် အသေးစိတ်ကိုတော့ ထုတ်မပြောပါဘူး။

ဆော်ဒီအစိုးရအပေါ် ဝေဖန်စာရေးတဲ့ သတင်းသမား Jamal Khashoggi အသတ်ခံခဲ့ရပြီး နောက်ပိုင်း တနှစ်ကျော်ကြာလာချိန်မှာမှ အခုလို ဆော်ဒီဘုရင်နဲ့ အမေရိကန်အစိုးရ အကြီးတန်းအရာရှိတို့ရဲ့ တွေ့ဆုံမှု ဖြစ်လာတာပါ။

ဆော်ဒီအစိုးရကို ဝေဖန်ရာမှာ ထင်ရှားတဲ့ Washington Post သတင်းစာ ဆောင်းပါးရှင် Jamal Khashoggi ဟာ တူရကီနိုင်ငံ Istanbul က ဆော်ဒီကောင်စစ်ရုံးထဲမှာ အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဆော်ဒီမင်းမျိုးမင်းနွယ်တွေ အပေါ်မှာ ဝေဖန်တဲ့ တွစ်တာသုံးစွဲသူတွေကို ထောက်လှမ်းမှုနဲ့ ဆော်ဒီအာရေဗျသား တဦးနဲ့ တွစ်တာကုမ္ပဏီရဲ့ အလုပ်သမားဟောင်း ၂ ဦးတို့ အမေရိကန်ပြည်ထောင်စုထဲမှာ စွဲချက်တင်ခံခဲ့ရပြီး မကြာခင်မှာပဲ အခုလို တွေ့ဆုံပွဲ ဖြစ်လာတာပါ။

ဆော်ဒီအာရေဗျက သူ့ခေါင်းဆောင်တွေနဲ့ မူဝါဒတွေအပေါ် လူမှုမီဒီယာမှာ ဝေဖန်မှုတွေ တိုးလာတာကို စိတ်ပျက်နေတဲ့အတွက် သူ့နိုင်ငံရဲ့ ထင်ရှားတဲ့ အတိုက်အခံတွေရဲ့ အကောင့်တွေအပါအဝင် ထောင်နဲ့ချီတဲ့ တွစ်တာ အကောင့်တွေကို ထောက်လှမ်းဖို့ တွစ်တာ ကုမ္ပဏီက အလုပ်သမားတွေကို လူသစ်စုဆောင်းခဲ့တယ်လို့ အမေရိကန် အစိုးရရှေ့နေက စွပ်စွဲပါတယ်။

XS
SM
MD
LG