သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-တရုတ် ဆက်ဆံရေးတင်းမာနေချိန် အာရှမှာ အမေရိကန်ရှိဖို့လို (ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး)


 ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး Teodoro Locsin (၂၀၁၉ ဇူလိုင်လ ၃၁ ရက်နေ့)
ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး Teodoro Locsin (၂၀၁၉ ဇူလိုင်လ ၃၁ ရက်နေ့)

(Zawgyi/Unicode)

အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံ ယှဉ်ပြိုင်မှု မြင့်တက်နေပြီး ဆက်ဆံရေး တင်းမာနေချိန်မှာပဲ အာရှဒေသတွင်း အမေရိကန်တို့ ရှိနေဖို့ လိုအပ်တယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

လောလောဆယ်မှာ အမေရိကန်နဲ့ တရုတ် အင်အားကြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးကိစ္စ၊ အမေရိကန်တို့အခေါ် တရုတ် တပ်တွေ ရဲ့တောင်တရုတ်ပင်လယ်ထဲ ရန်လိုတဲ့ လှုပ်ရှားမှု၊ ထိုင်ဝမ် အရေးတွေလို ကိစ္စတွေမှာ အငြင်းပွားနေကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး Teodoro Locsin ကတော့ အမေရိကန်တို့ ရှိနေရင် ဒေသတွင်း အင်အား ချိန်ခွင့်လျှာ ညီမျှတဲ့ အနေအထားကို ရရှိစေမှာ ဖြစ်တာကြောင့်၊ အမေရိကန်တွေကို လိုအပ်တယ်လို့ ANC သတင်းဌာနကို ပြောပါတယ်။

တောင်တရုတ်ပင်လယ်ထဲ တရုတ်တို့ နယ်မြေပိုင်ဆိုင်တယ်လို့ တောင်းဆိုထားတာကို အမေရိကန်တို့က ကာလတာရှည် လက်မခံဘဲ ဆန့်ကျင် နေခဲ့တာ ဖြစ်ပြီး လွတ်လပ်တဲ့ ရေကြောင်းလမ်းကို ပုံဖော်ဖို့ ဒေသတွင်း ပင်လယ်ပြင်တွေကို စစ်သင်္ဘောတွေ ပုံမှန် စေလွှတ် နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လကတော့ အမေရိကန်တို့က တရုတ်တို့ တောင်းဆိုချက်ကို လုံးလုံးလျားလျား ပယ်ချလိုက်ပြီး ပိုပြီး ခိုင်မာတဲ့ ရပ်တည် ချက်ကို ပြသလိုက် ပါတယ်။

ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး Locsin က အမေရိကန်တို့ စစ်ရေးအရ ဒေသတွင်းမှာ ရှိနေတာဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ အကျိုးစီးပွားဖြစ်တယ်လို့ ပြောသလို ဖိလစ်ပိုင်နိုင်ငံဟာ သူ့ရဲ့ နှစ်ချို့ မဟာမိတ် အမေရိကန်နဲ့ အမြဲ ပူးပေါင်း ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

ဇွန်လတုန်းကတော့ နှစ်နှစ်ဆယ် သက်တမ်းရှိတဲ့ နှစ်နိုင်ငံကြား တပ်ဖွဲ့တွေ တပ်စွဲချထားရေး သဘောတူညီစာချုပ်ကို ဖျက်သိမ်း ပစ်မယ့် အစီအစဉ်ကို ဖိလစ်ပိုင် သမ္မတ Rodrigo Duterte က ရပ်ဆိုင်းလိုက်ပါတယ်။ ဒီ သဘောတူညီချက်အောက်မှဦ ဖိလစ်ပိုင် နိုင်ငံ က အမေရိကန်တို့နဲ့အတူ နှစ်စဉ် စစ်ရေး လေ့ကျင့်ရေး သင်တန်းတွေမှာ ပါဝင်ခွင့်ရနေတာ ဖြစ်ပါတယ်။ အဲဒီ အထဲ အစ္စလာမ္မစ် စစ်သွေးကြွတွေကို တိုက်ခိုက်ရေးနဲ့ ရေကြောင်း ခြိမ်းခြောက်မှုတွေကို တုန့်ပြန်ရေး အစီအစဉ်တွေ ပါဝင်ပါတယ်။

စစ်အေးကာလအတွင်း ဖိလစ်ပိုင်မှာ ရှိတဲ့ အမေရိကန် စစ်စခန်း နှစ်ခုဖြစ်တဲ့ Subic နဲ့ Clark စစ်အခြေစိုက်စခန်းတွေကို ၁၉၉၂ ခုနှစ် မှာ ပိတ်သိမ်းခဲ့ပေမဲ့ ၂၀၀၀ ပြည့်နှစ်မှာတော့ နှစ်နိုင်ငံအကြာ စစ်ရေး လေ့ကျင့်မှုတွေ ပြန်လည် စတင်ပြီး စစ်ရေးဆက်ဆံရေးကို ပြန်လည် တိုးမြှင့်ခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ထဲက တရုတ်တို့ရဲ့လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး သံတမန်ရေးအရ အကြိမ်ကြိမ် ကန့်ကွက်နေခဲ့တာ ဖြစ်ပါတယ်။ မကြာသေးမှီကပဲ တရုတ်တို့ကဖိလစ်ပိုင် ငါးဖမ်းသမားတွေရဲ့ ငါးဖမ်း ကိရိယာတွေကို သိမ်းယူခဲ့တဲ့ ကိစ္စကို ဖိလစ်ပိုင်က ကန့်ကွက်ထားခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ကလည်း ဗီယက်နမ်နိုင်ငံက အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ် အတွင်းတရုတ်တို့စစ်ရေးလေ့ကျင့်နေတာဟာ ဗီယက်နမ်နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ချိုးဖောက်တာဆိုပြီး စွပ်စွဲပြောဆိုလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်


..............

(Unicode)











XS
SM
MD
LG