သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Chengdu ကန္ေကာင္စစ္၀န္ရံုးေဟာင္း တ႐ုတ္ထိန္းခ်ဳပ္


တ႐ုတ္ႏိုင္ငံ Chengdu ၿမိဳ႕က ကန္ ေကာင္စစ္ဝန္ခ်ဳပ္႐ံုးေရွ႕ ျမင္ကြင္း။ (ဇူလိုင္ ၂၇၊ ၂၀၂၀)

[Zawgyi/Unicode]

တ႐ုတ္ႏိုင္ငံ အေနာက္ေတာင္ပိုင္း Chengdu ၿမိဳ႕က အေမရိကန္ေကာင္စစ္ဝန္ခ်ဳပ္႐ံုးကို တ႐ုတ္က ထိန္းခ်ဳပ္လိုက္ၿပီလို႔ တ႐ုတ္ကေျပာပါတယ္။ တ႐ုတ္အစိုးရက ေျပာထားတဲ့အတိုင္း ေဒသစံေတာ္ခ်ိန္ မနက္ ၁၀ နာရီမွာ ေကာင္စစ္ဝန္ခ်ဳပ္႐ံုးပိတ္ခဲ့ေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဌာနက ေၾကညာပါတယ္။ လႊင့္ထူထားတဲ့ အေမရိကန္အလံခ်ၿပီး မိနစ္ပိုင္းအၾကာမွာပဲ တ႐ုတ္တာဝန္႐ွိသူတဖြဲ႔ အေဆာက္အဦးထဲကို ဝင္ေရာက္ထိန္းခ်ဳပ္ခဲ့ပါတယ္။

အေမရိကန္ျပည္ေထာင္စု Texas ျပည္နယ္ Houston ၿမိဳ႕မွာ႐ွိတဲ့ တ႐ုတ္ေကာင္စစ္ဝန္ခ်ဳပ္႐ံုးကို အေမရိကန္အစိုးရက ပိတ္ခိုင္းခဲ့တဲ့အေပၚ တ႐ုတ္က လက္တံု႔ျပန္တဲ့အေနနဲ႔ Chengdu ၿမိဳ႕မွာ႐ွိတဲ့ အေမရိကန္ေကာင္စစ္ဝန္ခ်ဳပ္႐ံုးကို ပိတ္ဖုိ႔ေသာၾကာေန႔က အမိန္႔ေပးခဲ့တာပါ။

အေမရိကန္ျပည္ေထာင္စု Texas ျပည္နယ္ Houston ၿမိဳ႕မွာ႐ွိတဲ့ တ႐ုတ္ေကာင္စစ္ဝန္ခ်ဳပ္႐ံုး။
အေမရိကန္ျပည္ေထာင္စု Texas ျပည္နယ္ Houston ၿမိဳ႕မွာ႐ွိတဲ့ တ႐ုတ္ေကာင္စစ္ဝန္ခ်ဳပ္႐ံုး။

ေကာင္စစ္ဝန္ခ်ဳပ္႐ံုးတဝိုက္ လံုၿခံဳေရးေတြ ခ်ထားတဲ့ၾကားကပဲ တ႐ုတ္လိုလားသူ တခ်ဳိ႕က ဒီမနက္ ဆႏၵျပခဲ့ပါတယ္။

တ႐ုတ္ျပည္သူေတြနဲ႔ တ႐ုတ္ကြန္ျမဴနစ္ပါတီ အဓြန္႔႐ွည္ပါေစလို႔ ေအာ္ဟစ္ဆႏၵျပခဲ့တာပါ။ သူတုိ႔ကို လံုၿခံဳေရးေတြက အေဝးကို ဆဲြေခၚႏွင္ထုတ္ခဲ့ပါတယ္။

၁၉၈၅ ခုႏွစ္ထဲက ဖြင့္လွစ္ခဲ့တဲ့ အေမရိကန္ေကာင္စစ္ဝန္ခ်ဳပ္႐ံုး ပိတ္ခဲ့ၿပီးေနာက္ အေဆာက္အဦး အဝင္ကို တ႐ုတ္လံုၿခံဳေရးေတြက အတားအဆီးေတြနဲ႔ ကာရံခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

Chengdu ကန်ကောင်စစ်ဝန်ရုံးဟောင်း တရုတ်ထိန်းချုပ်

တ႐ုတ္ႏိုင္ငံ Chengdu ၿမိဳ႕က ကန္ ေကာင္စစ္ဝန္ခ်ဳပ္႐ံုးေရွ႕ ျမင္ကြင္း။ (ဇူလိုင္ ၂၇၊ ၂၀၂၀)
တ႐ုတ္ႏိုင္ငံ Chengdu ၿမိဳ႕က ကန္ ေကာင္စစ္ဝန္ခ်ဳပ္႐ံုးေရွ႕ ျမင္ကြင္း။ (ဇူလိုင္ ၂၇၊ ၂၀၂၀)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း Chengdu မြို့က အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံးကို တရုတ်က ထိန်းချုပ်လိုက်ပြီလို့ တရုတ်ကပြောပါတယ်။ တရုတ်အစိုးရက ပြောထားတဲ့အတိုင်း ဒေသစံတော်ချိန် မနက် ၁၀ နာရီမှာ ကောင်စစ်ဝန်ချုပ်ရုံးပိတ်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဌာနက ကြေညာပါတယ်။ လွှင့်ထူထားတဲ့ အမေရိကန်အလံချပြီး မိနစ်ပိုင်းအကြာမှာပဲ တရုတ်တာဝန်ရှိသူတဖွဲ့ အဆောက်အဦးထဲကို ဝင်ရောက်ထိန်းချုပ်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု Texas ပြည်နယ် Houston မြို့မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးကို အမေရိကန်အစိုးရက ပိတ်ခိုင်းခဲ့တဲ့အပေါ် တရုတ်က လက်တုံ့ပြန်တဲ့အနေနဲ့ Chengdu မြို့မှာရှိတဲ့ အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံးကို ပိတ်ဖို့သောကြာနေ့က အမိန့်ပေးခဲ့တာပါ။

ကောင်စစ်ဝန်ချုပ်ရုံးတဝိုက် လုံခြုံရေးတွေ ချထားတဲ့ကြားကပဲ တရုတ်လိုလားသူ တချို့က ဒီမနက် ဆန္ဒပြခဲ့ပါတယ်။

တရုတ်ပြည်သူတွေနဲ့ တရုတ်ကွန်မြူနစ်ပါတီ အဓွန့်ရှည်ပါစေလို့ အော်ဟစ်ဆန္ဒပြခဲ့တာပါ။ သူတို့ကို လုံခြုံရေးတွေက အဝေးကို ဆွဲခေါ်နှင်ထုတ်ခဲ့ပါတယ်။

၁၉၈၅ ခုနှစ်ထဲက ဖွင့်လှစ်ခဲ့တဲ့ အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံး ပိတ်ခဲ့ပြီးနောက် အဆောက်အဦး အဝင်ကို တရုတ်လုံခြုံရေးတွေက အတားအဆီးတွေနဲ့ ကာရံခဲ့ပါတယ်။

XS
SM
MD
LG