သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္လႊတ္ေတာ္အမတ္တခ်ိဳ႕ တ႐ုတ္ဒဏ္ခတ္အေရးယူ


အေမရိကန္ အထက္ လႊတ္ေတာ္ အမတ္ Ted Cruz

[Zawgyi/Unicode]

ေဟာင္ေကာင္ရဲ႕ လြတ္လပ္ခြင့္ကို အားနည္းေအာင္လုပ္တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ အေမရိကန္တို႔က ေဟာင္ေကာင္နဲ႔ တ႐ုတ္ တာဝန္ရွိသူ ၁၁ ဦးကို ဒဏ္ခတ္အေရးယူတာလိုက္တာကို လက္တုံ႔ျပန္တဲ့ အေနနဲ႔ တ႐ုတ္ႏိုင္ငံကလည္း အေမရိကန္တာ၀န္ရွိသူေတြအပါအ၀င္ အေမရိကန္ႏိုင္ငံသား ၁၁ ဦးကို တနလၤာေန႔က ဒဏ္ခတ္ အေရးယူလိုက္ပါတယ္။

တ႐ုတ္တို႔ ဒဏ္ခတ္ အေရးယူတဲ့အထဲ အေမရိကန္ အထက္ လႊတ္ေတာ္ အမတ္ေတြ ျဖစ္ၾကတဲ့ Ted Cruz ၊ Marco Rubio ၊ Tom Cotton ၊ Josh Hawley ၊ Pat Toomey နဲ႔ေအာက္လႊတ္ေတာ္အမတ္ Chris Smith အျပင္ လူ႔အခြင့္အေရးအဖြဲ႕အစည္းေတြနဲ႔တျခားပရဟိတအဖဲြ႕ေတြက လူပုဂိၢဳလ္ေတြ ပါ၀င္ပါတယ္။

အေမရိကန္တို႔ ဒဏ္ခတ္တာကို လက္တုံ႔ျပန္တဲ့ အေနနဲ႔ ေဟာင္ေကာင္အေရးနဲ႔ ပတ္သက္ၿပီး ဆိုးဆိုး႐ြား႐ြား ျပဳမူေနတဲ့ သူေတြအေပၚ ဒဏ္ခတ္အေရးယူတယ္လို႔ တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီးဌာန ေျပာခြင့္ရ Zhao Lijian က တနလၤာေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါ တယ္။ ဒဏ္ခတ္မႈ အေသးစိတ္ အခ်က္အလက္ေတြကိုေတာ့ ရွင္းလင္းေျပာၾကားတာ မရွိပါဘူး။

အေမရိကန္ သမၼတ Donald Trump
အေမရိကန္ သမၼတ Donald Trump

ကုန္သြယ္ေရးကိစၥ၊ ေဟာင္ေကာင္နဲ႔ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါအေပၚ တ႐ုတ္တို႔ ကိုင္တြယ္ပုံေတြ အပါအဝင္ ကိစၥ ေတာ္ေတာ္ မ်ားမ်ားေၾကာင့္ အေမရိကန္ တ႐ုတ္ ႏွစ္ႏိုင္ငံ ဆက္ဆံေရးက မၾကာခင္လေတြထဲ ဆိုးဆိုး႐ြား႐ြား တင္းမာေနတာပါ။ ၿပီးခဲ့တဲ့ ေသာၾကာေန႔ကေတာ့ အေမရိကန္ႏိုင္ငံက ေဟာင္ေကာင္ အုပ္ခ်ဳပ္ေရးမႉး Carrie Lam နဲ႔အတူ ေဟာင္ေကာင္ရဲ႕ လက္ရွိနဲ႔ အရင္က ရဲတပ္ဖြဲ႕အႀကီးအကဲေတြအေပၚ အေရးယူဒဏ္ခတ္မႈေတြကို သမၼတ Donald Trump လက္မွတ္ေရးထိုးထုတ္ျပန္ခဲ့ပါတယ္။

ကန္လႊတ္ေတာ္အမတ္တခ်ိဳ႕ တ႐ုတ္ဒဏ္ခတ္အေရးယူ
please wait

No media source currently available

0:00 0:01:08 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကန်လွှတ်တော်အမတ်တချို့ တရုတ်ဒဏ်ခတ်အရေးယူ

ဟောင်ကောင်ရဲ့ လွတ်လပ်ခွင့်ကို အားနည်းအောင်လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန်တို့က ဟောင်ကောင်နဲ့ တရုတ် တာဝန်ရှိသူ ၁၁ ဦးကို ဒဏ်ခတ်အရေးယူတာလိုက်တာကို လက်တုံ့ပြန်တဲ့ အနေနဲ့ တရုတ်နိုင်ငံကလည်း အမေရိကန်တာဝန်ရှိသူတွေအပါအဝင် အမေရိကန်နိုင်ငံသား ၁၁ ဦးကို တနင်္လာနေ့က ဒဏ်ခတ် အရေးယူလိုက်ပါတယ်။

တရုတ်တို့ ဒဏ်ခတ် အရေးယူတဲ့အထဲ အမေရိကန် အထက် လွှတ်တော် အမတ်တွေ ဖြစ်ကြတဲ့ Ted Cruz ၊ Marco Rubio ၊ Tom Cotton ၊ Josh Hawley ၊ Pat Toomey နဲ့အောက်လွှတ်တော်အမတ် Chris Smith အပြင် လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့တခြားပရဟိတအဖွဲ့တွေက လူပုဂ္ဂိုလ်တွေ ပါဝင်ပါတယ်။

အမေရိကန်တို့ ဒဏ်ခတ်တာကို လက်တုံ့ပြန်တဲ့ အနေနဲ့ ဟောင်ကောင်အရေးနဲ့ ပတ်သက်ပြီး ဆိုးဆိုးရွားရွား ပြုမူနေတဲ့ သူတွေအပေါ် ဒဏ်ခတ်အရေးယူတယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Zhao Lijian က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါ တယ်။ ဒဏ်ခတ်မှု အသေးစိတ် အချက်အလက်တွေကိုတော့ ရှင်းလင်းပြောကြားတာ မရှိပါဘူး။

ကုန်သွယ်ရေးကိစ္စ၊ ဟောင်ကောင်နဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါအပေါ် တရုတ်တို့ ကိုင်တွယ်ပုံတွေ အပါအဝင် ကိစ္စ တော်တော် များများကြောင့် အမေရိကန် တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးက မကြာခင်လတွေထဲ ဆိုးဆိုးရွားရွား တင်းမာနေတာပါ။ ပြီးခဲ့တဲ့ သောကြာနေ့ကတော့ အမေရိကန်နိုင်ငံက ဟောင်ကောင် အုပ်ချုပ်ရေးမှူး Carrie Lam နဲ့အတူ ဟောင်ကောင်ရဲ့ လက်ရှိနဲ့ အရင်က ရဲတပ်ဖွဲ့အကြီးအကဲတွေအပေါ် အရေးယူဒဏ်ခတ်မှုတွေကို သမ္မတ Donald Trump လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG