သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္က တ႐ုတ္သံတမန္ေတြအေပၚ ကန္႔သတ္ခ်က္အသစ္ေတြခ်မွတ္


အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီး Mike Pompeo

[Zawgyi/Unicode]

အေမရိကန္ႏုိင္ငံမွာ တာဝန္က်ေနတဲ့ တ႐ုတ္သံတမန္ေတြအေပၚ အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီးဌာနက ကန္႔သတ္ခ်က္အသစ္တခ်ိဳ႕ ခ်မွတ္လိုက္ပါတယ္။ အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီး Mike Pompeo မေန႔ ဗုဒၶဟူးေန႔က ထုတ္ျပန္တဲ့ ကန္႔သတ္ခ်က္အသစ္ေတြထဲမွာေတာ့ တ႐ုတ္သံတမန္ေတြအေနနဲ႔ အေမရိကန္တကၠသိုလ္ေတြနဲ႔ ေကာလိပ္ေတြကိုသြားမယ္၊ ဒါမွမဟုတ္ ေဒသခံအစိုးရအဖဲြ႔၀င္ေတြနဲ႔ေတြ႔ဆုံမယ္၊ ဒါမွမဟုတ္ တ႐ုတ္သံ႐ုံး ဒါမွမဟုတ္ ေကာင္စစ္၀န္႐ုံအျပင္ဘက္မွာ လူ ၅၀ ထက္ေက်ာ္တဲ့ ယဥ္ေက်းမႈဆုိင္ရာ အခမ္းအနားေတြ က်င္းပမယ္ဆုိရင္ ႀကိဳတင္ခြင့္ျပဳခ်က္ယူရမွာျဖစ္တယ္လို႔ ေျပာပါတယ္။

ဒါ့အျပင္ တ႐ုတ္အစိုးရအေနနဲ႔ သူတုိ႔လုပ္ေဆာင္ေနတဲ့ လူမႈကြန္ရက္ အေကာင့္ေတြကို ေသေသခ်ာခ်ာ ေဖာ္ျပဖို႔လိုအပ္မွာျဖစ္တယ္လို႔ ၀န္ႀကီး Pompeo က ေျပာပါတယ္။

အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီး Mike Pompeo
အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီး Mike Pompeo

အေမရိကန္မွာ တာဝန္က်ေနတဲ့ တ႐ုတ္သံတမန္ေတြအေပၚ ဒီလိုလုပ္ရတာဟာ တ႐ုတ္ႏုိင္ငံမွာရွိတဲ့ အေမရိကန္သံတမန္ေတြအေပၚ အဲဒီလို စည္းမ်ဥ္းကန္႔သတ္မႈေတြ ခ်မွတ္ထားတာေၾကာင့္ ျဖစ္တယ္လို႔ ၀န္ႀကီး Pompeo ကေျပာပါတယ္။

အေမရိကန္ဘက္က အခုလိုလုပ္တာဟာ သူတုိ႔ရဲ႕ သံတမန္၀န္ထမ္းေတြနဲ႔ ေကာင္စစ္၀န္႐ုံး၀န္ထမ္းေတြအေပၚ မွာ ေနာက္ထပ္ မတရားတဲ့ ကန္႔သတ္မႈေတြ နဲ႔ အတားအဆီးေတြကို ခ်မွတ္လိုက္တာျဖစ္တယ္လို႔ ၀ါရွင္တန္မွာရွိတဲ့ တ႐ုတ္သံ႐ုံးရဲ႕ ေၾကျငာခ်က္မွာ ေျပာထားပါတယ္။

အခုလို အေမရိကန္မွာရွိတဲ့ တ႐ုတ္သံတမန္ေတြအေပၚမွာ ကန္႔သတ္ခ်က္အသစ္ေတြ ခ်မွတ္လိုက္တာက ကမာၻ႔စီးပြားေရးအႀကီးဆုံး ႏွစ္ႏိုင္ငံၾကား ဆက္ဆံေရး ပိုၿပီးေတာ့ ဆုိးရြားလာေနတဲ့ အရိပ္လကၡဏာပဲျဖစ္ပါတယ္။ အေမရိကန္နဲ႔ တ႐ုတ္ႏုိင္ငံၾကားမွာ ကုန္သြယ္ေရး၊ နည္းပညာနဲ႔ တ႐ုတ္ႏုိင္ငံက ျပဌာန္းခဲ့တဲ့ ေဟာင္ေကာင္ အမ်ိဳးသားလုျခံဳေရးဥပေဒသစ္ အပါအ၀င္ ကိစၥရပ္ အေတာ္မ်ားမ်ားနဲ႔ ပတ္သက္ၿပီး ပဋိပကၡျဖစ္ေနၾကတာပါ။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အမေရိကန်က တရုတ်သံတမန်တွေအပေါ် ကန့်သတ်ချက်အသစ်တွေချမှတ်

အမေရိကန်နိုင်ငံမှာ တာဝန်ကျနေတဲ့ တရုတ်သံတမန်တွေအပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကန့်သတ်ချက်အသစ်တချို့ ချမှတ်လိုက်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo မနေ့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ ကန့်သတ်ချက်အသစ်တွေထဲမှာတော့ တရုတ်သံတမန်တွေအနေနဲ့ အမေရိကန်တက္ကသိုလ်တွေနဲ့ ကောလိပ်တွေကိုသွားမယ်၊ ဒါမှမဟုတ် ဒေသခံအစိုးရအဖွဲ့ဝင်တွေနဲ့တွေ့ဆုံမယ်၊ ဒါမှမဟုတ် တရုတ်သံရုံး ဒါမှမဟုတ် ကောင်စစ်ဝန်ရုံအပြင်ဘက်မှာ လူ ၅၀ ထက်ကျော်တဲ့ ယဉ်ကျေးမှုဆိုင်ရာ အခမ်းအနားတွေ ကျင်းပမယ်ဆိုရင် ကြိုတင်ခွင့်ပြုချက်ယူရမှာဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် တရုတ်အစိုးရအနေနဲ့ သူတို့လုပ်ဆောင်နေတဲ့ လူမှုကွန်ရက် အကောင့်တွေကို သေသေချာချာ ဖော်ပြဖို့လိုအပ်မှာဖြစ်တယ်လို့ ဝန်ကြီး Pompeo က ပြောပါတယ်။

အမေရိကန်မှာ တာဝန်ကျနေတဲ့ တရုတ်သံတမန်တွေအပေါ် ဒီလိုလုပ်ရတာဟာ တရုတ်နိုင်ငံမှာရှိတဲ့ အမေရိကန်သံတမန်တွေအပေါ် အဲဒီလို စည်းမျဉ်းကန့်သတ်မှုတွေ ချမှတ်ထားတာကြောင့် ဖြစ်တယ်လို့ ဝန်ကြီး Pompeo ကပြောပါတယ်။

အမေရိကန်ဘက်က အခုလိုလုပ်တာဟာ သူတို့ရဲ့ သံတမန်ဝန်ထမ်းတွေနဲ့ ကောင်စစ်ဝန်ရုံးဝန်ထမ်းတွေအပေါ် မှာ နောက်ထပ် မတရားတဲ့ ကန့်သတ်မှုတွေ နဲ့ အတားအဆီးတွေကို ချမှတ်လိုက်တာဖြစ်တယ်လို့ ဝါရှင်တန်မှာရှိတဲ့ တရုတ်သံရုံးရဲ့ ကြေငြာချက်မှာ ပြောထားပါတယ်။

အခုလို အမေရိကန်မှာရှိတဲ့ တရုတ်သံတမန်တွေအပေါ်မှာ ကန့်သတ်ချက်အသစ်တွေ ချမှတ်လိုက်တာက ကမ္ဘာ့စီးပွားရေးအကြီးဆုံး နှစ်နိုင်ငံကြား ဆက်ဆံရေး ပိုပြီးတော့ ဆိုးရွားလာနေတဲ့ အရိပ်လက္ခဏာပဲဖြစ်ပါတယ်။ အမေရိကန်နဲ့ တရုတ်နိုင်ငံကြားမှာ ကုန်သွယ်ရေး၊ နည်းပညာနဲ့ တရုတ်နိုင်ငံက ပြဌာန်းခဲ့တဲ့ ဟောင်ကောင် အမျိုးသားလုခြုံရေးဥပဒေသစ် အပါအဝင် ကိစ္စရပ် အတော်များများနဲ့ ပတ်သက်ပြီး ပဋိပက္ခဖြစ်နေကြတာပါ။

XS
SM
MD
LG