သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်မှာ အဓမ္မခိုင်းစေမှုနဲ့ ကုမ္ပဏီတခုကို အမေရိကန် ငွေဒဏ်ချမှတ်


PureCircle ကုမ္ပဏီထုတ် အချိုရည်ဘူးများ။ (အောက်တိုဘာ ၃၁၊ ၂၀၁၄)
PureCircle ကုမ္ပဏီထုတ် အချိုရည်ဘူးများ။ (အောက်တိုဘာ ၃၁၊ ၂၀၁၄)

(Zawgyi / Unicode)

အဓမ္မလုပ်အား အသုံးပြု ထုတ်လုပ်တဲ့ ကုန်စည်တွေအပေါ် အမေရိကန်ပြည်ထောင်စု အကောက်အခွန်နဲ့ နယ်စပ်ကာကွယ်ရေးဌာန (CBP) က ၂၀၁၅ ကုန်သွယ်မှု အက်ဥပဒေအရ ဒီလအစောပိုင်းက ပထမဦးဆုံးအကြိမ် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

တရုတ်ကုမ္ပဏီတခုဖြစ်တဲ့ PureCircle က စားသောက်ကုန်သုံး ဆေးသကြား ထုတ်လုပ်ရာမှာ အကျဉ်းသားတွေကို ခိုင်းစေခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေါ်လာ ၆ သိန်းနီးပါး ပြစ်ဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

အဓမ္မလုပ်အား အသုံးပြုခြင်းဟာ လူ့အခွင့်အရေး ပြင်းထန်စွာ ချိုးဖောက်ရုံသာမက ကမ္ဘာ့ကုန်စည်ထုတ်လုပ်မှုမှာ မမျှတသော ယှဉ်ပြိုင်မှုကို အသုံးပြုခြင်းသာ ဖြစ်တယ်လို့ CBP ကုန်သွယ်ရေးရုံးရဲ့ ဒုတိယအကြီးအကဲ Brenda Smith က ဆိုပါတယ်။

ဒါ့အပြင် တရုတ်ပြည်ထုတ် Lenovo ကွန်ပျူတာနဲ့ တခြားပစ္စည်းတချို့ကိုလည်း ပြစ်ဒဏ်ချမှတ်ထားပါတယ်။ ဒီလုပ်ရပ်တွေဟာ သင့်တင့်လျောက်ပတ်တဲ့ သံသယအပေါ် အခြေခံပြီး လုပ်ဆောင်တာဖြစ်တယ်လို့ CBP အရာရှိက ဗွီအိုအေကို ပြောပါတယ်။

နယူးယောက်အခြေစိုက် တရုတ်လုပ်သားရေးရာ စောင့်ကြည့်မှုအဖွဲ့ အမှုဆောင်ဒါရိုက်တာ Li Qiang ကတော့ CBP ရဲ့ သင့်တင့်လျောက်ပတ်တဲ့ သံသယမူဝါဒကို ရှင်းပြဖို့လိုတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------------------

(Unicode)







XS
SM
MD
LG