သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္-အေမရိကန္ တႏွစ္ ႏွစ္ႀကိမ္ ကုန္သြယ္ေရးေဆြးေႏြးပြဲ ျပန္စေတာ့မယ္


ေဘဂ်င္းၿမိဳ႕တြင္ ေတြ႔ဆုံေဆြးေႏြးခဲ့စဥ္က ျမင္ေတြ႔ရသည့္ တ႐ုတ္ဒုတိယဝန္ႀကီးခ်ဳပ္ Liu He (ယာ)၊ အေမရိကန္ ဘ႑ာေရးဝန္ႀကီး Steven Mnuchin (လယ္) ႏွင့္ Robert Lighthizer (ဝဲ)။

(Zawgyi / Unicode)

တ႐ုတ္နဲ႔ အေမရိကန္အၾကား တႏွစ္ ႏွစ္ႀကိမ္ က်င္းပတဲ့ ကုန္သြယ္ေရးဆုိင္ရာ ေဆြးေႏြးပြဲေတြ ျပန္စဖို႔ ႏွစ္ႏုိင္ငံ သေဘာတူလိုက္ၾကပါၿပီ။ ႏွစ္ႏုိင္္ငံၾကား ကုန္သြယ္ေရးပဋိပကၡ အရွိန္ျမင့္တက္ခဲ့တာနဲ႔အမွ် သမၼတ Donald Trump အစိုးရသက္တမ္းအစမွာ ဒီေဆြးေႏြးပြဲေတြကို ရပ္ထားတာပါ။

အေမရိကန္-တ႐ုတ္ စီးပြားေရးဆိုင္ရာ ဘက္စံုေဆြးေႏြးပြဲ ျပန္စမယ္ဆိုတာကို ဇန္နဝါရီလ ၁၅ ရက္ေန႔မွာ ေၾကညာမယ္လုိ႔ ဒီကိစၥနဲ႔နီးစပ္တဲ့ အေမရိကန္ တာဝန္ရွိသူတဦးက ေျပာတဲ့အေၾကာင္း ႐ိုက္တာသတင္းမွာ ေရးထားပါတယ္။ အဲဒီေန႔ဟာ အေမရိကန္နဲ႔ တ႐ုတ္ၾကား ကုန္သြယ္ေရးဆိုင္ရာ ပထမအဆင့္ သေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးမယ့္ေန႔ ျဖစ္ပါတယ္။

ဒီအစည္းအေဝးေတြ ျပန္စမယ့္အေၾကာင္း The Wall Street ဂ်ာနယ္က ပထမဆံုး သတင္းေရးသား ေဖာ္ျပခဲ့တာပါ။

ပံုမွန္ အစည္းအေဝးေတြကို အေမရိကန္ဘက္က ဘ႑ာေရးဝန္ႀကီး Steven Mnuchin နဲ႔ တ႐ုတ္ဘက္က ဒုတိယဝန္ႀကီးခ်ဳပ္ Liu He တို႔ အသီးသီး ဦးေဆာင္ၾကဖြယ္ ရွိပါတယ္။

တ႐ုတ္စီးပြားေရးနဲ႔ အေမရိကန္ကို ပို႔ကုန္ပမာဏဟာ ၂၀၀၀ ျပည့္ႏွစ္ အေစာပိုင္းကာလေတြမွာ အရွိန္အဟုန္နဲ႔ တိုးတက္လာတာနဲ႔အမွ် ႏွစ္ႏုိ္င္ငံၾကား ေပၚေပါက္လာတဲ့ အေရးကိစၥေတြကို ေျဖရွင္းဖုိ႔ နည္းလမ္းတခုအေနနဲ႔ သမၼတေဟာင္း George W. Bush လက္ထက္ကစၿပီး ဒီ တႏွစ္ ႏွစ္ႀကိမ္ ေဆြးေႏြးပြဲေတြကို စၿပီး က်င္းပခဲ့တာပါ။

သမၼတ Barack Obama လက္ထက္မွာလည္း ဆက္က်င္းပခဲ့သလို သမၼတ Trump တက္လာၿပီးေနာက္ပိုင္း အေစာပိုင္းကာလေတြမွာလည္း က်င္းပခဲ့ပါတယ္။

ဒါေပမယ့္ သမၼတ Trump အစိုးရက တ႐ုတ္နဲ႔ ပိုၿပီးထိပ္တိုက္ေတြ႔တဲ့ ခ်ဥ္းကပ္နည္းကို ေရြးခ်ယ္ လုပ္ေဆာင္လာၿပီးတဲ့ေနာက္ ေဆြးေႏြးပြဲေတြ ရပ္သြားခဲ့တာ ျဖစ္ပါတယ္။

---------------------------------

(Unicode)

တရုတ်-အမေရိကန် တနှစ် နှစ်ကြိမ် ကုန်သွယ်ရေးဆွေးနွေးပွဲ ပြန်စတော့မယ်

တရုတ်နဲ့ အမေရိကန်အကြား တနှစ် နှစ်ကြိမ် ကျင်းပတဲ့ ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲတွေ ပြန်စဖို့ နှစ်နိုင်ငံ သဘောတူလိုက်ကြပါပြီ။ နှစ်နိုင်ငံကြား ကုန်သွယ်ရေးပဋိပက္ခ အရှိန်မြင့်တက်ခဲ့တာနဲ့အမျှ သမ္မတ Donald Trump အစိုးရသက်တမ်းအစမှာ ဒီဆွေးနွေးပွဲတွေကို ရပ်ထားတာပါ။

အမေရိကန်-တရုတ် စီးပွားရေးဆိုင်ရာ ဘက်စုံဆွေးနွေးပွဲ ပြန်စမယ်ဆိုတာကို ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ကြေညာမယ်လို့ ဒီကိစ္စနဲ့နီးစပ်တဲ့ အမေရိကန် တာဝန်ရှိသူတဦးက ပြောတဲ့အကြောင်း ရိုက်တာသတင်းမှာ ရေးထားပါတယ်။ အဲဒီနေ့ဟာ အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေးဆိုင်ရာ ပထမအဆင့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးမယ့်နေ့ ဖြစ်ပါတယ်။

ဒီအစည်းအဝေးတွေ ပြန်စမယ့်အကြောင်း The Wall Street ဂျာနယ်က ပထမဆုံး သတင်းရေးသား ဖော်ပြခဲ့တာပါ။

ပုံမှန် အစည်းအဝေးတွေကို အမေရိကန်ဘက်က ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin နဲ့ တရုတ်ဘက်က ဒုတိယဝန်ကြီးချုပ် Liu He တို့ အသီးသီး ဦးဆောင်ကြဖွယ် ရှိပါတယ်။

တရုတ်စီးပွားရေးနဲ့ အမေရိကန်ကို ပို့ကုန်ပမာဏဟာ ၂၀၀၀ ပြည့်နှစ် အစောပိုင်းကာလတွေမှာ အရှိန်အဟုန်နဲ့ တိုးတက်လာတာနဲ့အမျှ နှစ်နိုင်ငံကြား ပေါ်ပေါက်လာတဲ့ အရေးကိစ္စတွေကို ဖြေရှင်းဖို့ နည်းလမ်းတခုအနေနဲ့ သမ္မတဟောင်း George W. Bush လက်ထက်ကစပြီး ဒီ တနှစ် နှစ်ကြိမ် ဆွေးနွေးပွဲတွေကို စပြီး ကျင်းပခဲ့တာပါ။

သမ္မတ Barack Obama လက်ထက်မှာလည်း ဆက်ကျင်းပခဲ့သလို သမ္မတ Trump တက်လာပြီးနောက်ပိုင်း အစောပိုင်းကာလတွေမှာလည်း ကျင်းပခဲ့ပါတယ်။

ဒါပေမယ့် သမ္မတ Trump အစိုးရက တရုတ်နဲ့ ပိုပြီးထိပ်တိုက်တွေ့တဲ့ ချဉ်းကပ်နည်းကို ရွေးချယ် လုပ်ဆောင်လာပြီးတဲ့နောက် ဆွေးနွေးပွဲတွေ ရပ်သွားခဲ့တာ ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG