သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICC ရှေ့နေချုပ် Fatou Bensouda ကို ကန် ဒဏ်ခတ် အရေးယူ


ICC နိုင်ငံတကာ ပြစ်မှုဆိုင်ရာခုံရုံး ရှေ့နေချုပ် Fatou Bensouda
ICC နိုင်ငံတကာ ပြစ်မှုဆိုင်ရာခုံရုံး ရှေ့နေချုပ် Fatou Bensouda

(Zawgyi/Unicode)

ICC နိုင်ငံတက ပြစ်မှုဆိုင်ရာခုံရုံး ရှေ့နေချုပ် Fatou Bensouda ကို ဒဏ်ခတ် အရေးယူလိုက်ကြောင်း အမေရိကန်ပြည်ထောင်စုက စက်တင်ဘာ ၂ ရက် ဗုဒ္ဓဟူးနေ့မှာ ကြေညာပါတယ်။

အာဖဂန်နစ်စတန်နိုင်ငံမှာ အမေရိကန်စစ်သားတွေ ရာဇဝတ်ပြစ်မှု ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲပြီး စုံစမ်းစစ်ဆေးမှု လုပ်ဖို့ ကြိုးစားခဲ့တဲ့ အသက် ၅၉ နှစ်ရှိပြီဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံသူ Bensouda ဟာ ထရမ့်အစိုးရအဖွဲ့ကို အမျက်ထွက်စေခဲ့တာပါ။

ဗုဒ္ဓဟူးနေ့သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က Bensouda အပေါ် အရေးယူလိုက်ကြောင်းနဲ့ ဒီအရေးယူမှုထဲမှာ သူမကို အဓိက အကူအညီပေးသူ လူပုဂ္ဂိုလ် ဖြစ်စေ အဖွဲ့အစည်း ဖြစ်စေ ဘယ်သူမဆို ပါဝင်ကြောင်းလည်း ပြောပါတယ်။

ဇွန်လတုန်းကတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ICC မှာ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိတွေ၊ အလုပ်သမားတွေနဲ့ ICC ကိုယ်စားပြု လုပ်ဆောင်နေသူတွေ အပြင် သူတို့ရဲ့ အနီးစပ်ဆုံး မိသားစုတွေ အတွက်ပါ ဒဏ်ခတ်အရေးယူူ လိုက်ကြောင်း သမ္မတအမိန့်တရပ် ထုတ်ပြန်ခဲ့တာပါ။

Bensouda ကတော့ ဒါဟာ တရားရုံးရဲ့ လုပ်ဆောင်မှုတွေနဲ့ တရားဥပဒေစိုးမိုးရေးကို ကြားဝင်နှောက်ယှက်ဖို့ ကြိုးစားတဲ့ လက်မခံနိုင်စရာလုပ်ရပ် တခု ဖြစ်ပြီး အခြေနေပိုဆိုးလာနိုင်စေတယ်လို့ ဇွန်လ နှောင်းပိုင်း VOA မေးမြန်းခန်း တခုမှာ ပြောဆိုခဲ့ပါတယ်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်မှာလည်း အမေရိကန်နိုင်ငံက အရေးယူတဲ့ လူပုဂ္ဂိုလ်တွေ စာရင်းမှာ Bensouda နာမည်ကို ထည့်သွင်းဖေါ်ပြခဲ့ပါတယ်။

.............

(Unicode)







ဆက်စပ်သတင်းများ ...

XS
SM
MD
LG