သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တရုတ္သံတမန္ေတြလုိက္နာရမယ့္ စည္းကမ္း သတ္မွတ္ခ်က္ေတြ ကန္ တင္းၾကပ္


၀ါရွင္တန္ဒီစီရွိ တရုတ္သံရံုး

(Zawgyi/Unicode)

တ႐ုတ္ အဆင့္ျမင့္ သံတမန္ေတြ အေနနဲ႔အေမရိကန္ တကၠသိုလ္ေတြကို သြားေရာက္လည္ပတ္တာနဲ႔ အေမရိကန္နိုင္ငံတြင္းက အစိုးရ တာဝန္ရွိသူေတြကို ေတြ႕ဆုံရာမွာ ႀကိဳတင္ ခြင့္ျပဳခ်က္ ရယူဖို႔ လိုအပ္ေတာ့မွာ ျဖစ္တယ္လို႔ အေမရိကန္ အစိုးရက ဗုဒၶဟူးေန႔က ထုတ္ျပန္ ေၾကညာလိုက္ပါတယ္။

ဒါဟာ တ႐ုတ္တို႔ဘက္က လုပ္ထုံးလုပ္နည္းအတိုင္း အျပန္အလွန္ လုပ္ေဆာင္ရတာလို႔ လည္း အေမရိကန္နိုင္ငံျခားေရး ဝန္ႀကီး Mike Pompeo က ေျပာပါတယ္။

“တ႐ုတ္နိုင္ငံထဲ အေမရိကန္ သံတမန္ေတြ လုပ္ရိုးလုပ္စဥ္ လုပ္ငန္း လုပ္ေဆာင္တာ၊ ပြဲ တက္တာ၊ တ႐ုတ္ျပည္သူေတြနဲ႔ ထိေတြ႕ ၿပီး အစည္းအေဝး လုပ္တာ၊ အထူးသျဖင့္ တကၠသိုလ္ေက်ာင္း ပရဝုဏ္ေတြသြားတာနဲ႔ လူမႈမီဒီယာေတြနဲ႔ သတင္း ဌာနေတြက တဆင့္ တ႐ုတ္ျပည္သူေတြနဲ႔ ထိေတြ႕တာ၊ အဲဒါေတြ မလုပ္နိုင္ေအာင္ ဟန္႔တားဖို႔ ရည္ရြယ္တဲ့ ခြင့္ျပဳခ်က္ယူရတဲ့ စနစ္ တစ္ခုကို တ႐ုတ္ ကြန္ျမဴနစ္ ပါတီက ခ်မွတ္ ထားခဲ့ပါတယ္”လို႔ ဝန္ႀကီး Pompeo က ဗုဒၶဟူးေန႔က လုပ္တဲ့ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာပါတယ္။

အခုအခါ အေမရိကန္နိုင္ငံထဲက တ႐ုတ္သံ႐ုံးနဲ႔ ေကာင္စစ္ဝန္႐ုံးေတြရဲ့ ျပင္ပမွာ လူ ၅၀ အထက္ယဥ္ေက်းမႈပြဲေတြ က်င္းပမယ္ဆို ရင္ အေမရိကန္ နိုင္ငံျခားေရး ဝန္ႀကီးဌာနရဲ့ အတည္ျပဳခ်က္ လိုအပ္မွာ ျဖစ္ပါတယ္။

အလားတူပဲ တ႐ုတ္ သံ႐ုံးနဲ႔ ေကာင္စစ္ဝန္႐ုံးေတြရဲ့ လူမႈ မီဒီယာ အေကာင့္ေတြကိုလည္း တ႐ုတ္အစိုးရရဲ့ အေကာင့္ေတြအျဖစ္ သတ္မွတ္ဖို႔အတြက္လည္း လုပ္ေဆာင္ေနပါတယ္။

တ႐ုတ္နိုင္ငံမွာ ရွိတဲ့ အေမရိကန္ သံ႐ုံး တ႐ုတ္ လူမႈ မီဒီယာေတြကို အသုံးျပဳခြင့္ ပိတ္ပင္ခံရၿပီးတဲ့ေနာက္မွာ အေမရိကန္တို႔ ဘက္က အခုလို လုပ္ေဆာင္လာတာလည္းျဖစ္ပါတယ္။

အေမရိကန္တို႔ရဲ့ လုပ္ေဆာင္ခ်က္ဟာ တ႐ုတ္တို႔ လုပ္ရပ္ကို တိုက္ရိုက္တုန္႔ျပန္တာျဖစ္ေၾကာင္း၊ တ႐ုတ္နိုင္ငံကအေမရိကန္သံတမန္ ေတြ အေပၚထားရွိတဲ့ အကန္႔အသတ္ေတြကို ႐ုပ္သိမ္းေပးမယ္ဆိုရင္ အေမရိကန္တို႔ ဘက္ကလည္း အျပန္အလွန္ လုပ္ေဆာင္ေပးဖို႔ အသင့္ ရွိေၾကာင္း Pompeo က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

တရုတ်သံတမန်တွေလိုက်နာရမယ့် စည်းကမ်း သတ်မှတ်ချက်တွေ ကန် တင်းကြပ်

(Unicode)

တရုတ် အဆင့်မြင့် သံတမန်တွေ အနေနဲ့အမေရိကန် တက္ကသိုလ်တွေကို သွားရောက်လည်ပတ်တာနဲ့ အမေရိကန်နိုင်ငံတွင်းက အစိုးရ တာဝန်ရှိသူတွေကို တွေ့ဆုံရာမှာ ကြိုတင် ခွင့်ပြုချက် ရယူဖို့ လိုအပ်တော့မှာ ဖြစ်တယ်လို့ အမေရိကန် အစိုးရက ဗုဒ္ဓဟူးနေ့က ထုတ်ပြန် ကြေညာလိုက်ပါတယ်။

ဒါဟာ တရုတ်တို့ဘက်က လုပ်ထုံးလုပ်နည်းအတိုင်း အပြန်အလှန် လုပ်ဆောင်ရတာလို့ လည်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က ပြောပါတယ်။

“တရုတ်နိုင်ငံထဲ အမေရိကန် သံတမန်တွေ လုပ်ရိုးလုပ်စဉ် လုပ်ငန်း လုပ်ဆောင်တာ၊ ပွဲ တက်တာ၊ တရုတ်ပြည်သူတွေနဲ့ ထိတွေ့ ပြီး အစည်းအဝေး လုပ်တာ၊ အထူးသဖြင့် တက္ကသိုလ်ကျောင်း ပရဝုဏ်တွေသွားတာနဲ့ လူမှုမီဒီယာတွေနဲ့ သတင်း ဌာနတွေက တဆင့် တရုတ်ပြည်သူတွေနဲ့ ထိတွေ့တာ၊ အဲဒါတွေ မလုပ်နိုင်အောင် ဟန့်တားဖို့ ရည်ရွယ်တဲ့ ခွင့်ပြုချက်ယူရတဲ့ စနစ် တစ်ခုကို တရုတ် ကွန်မြူနစ် ပါတီက ချမှတ် ထားခဲ့ပါတယ်”လို့ ဝန်ကြီး Pompeo က ဗုဒ္ဓဟူးနေ့က လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

အခုအခါ အမေရိကန်နိုင်ငံထဲက တရုတ်သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေရဲ့ ပြင်ပမှာ လူ ၅၀ အထက်ယဉ်ကျေးမှုပွဲတွေ ကျင်းပမယ်ဆို ရင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အတည်ပြုချက် လိုအပ်မှာ ဖြစ်ပါတယ်။

အလားတူပဲ တရုတ် သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေရဲ့ လူမှု မီဒီယာ အကောင့်တွေကိုလည်း တရုတ်အစိုးရရဲ့ အကောင့်တွေအဖြစ် သတ်မှတ်ဖို့အတွက်လည်း လုပ်ဆောင်နေပါတယ်။

တရုတ်နိုင်ငံမှာ ရှိတဲ့ အမေရိကန် သံရုံး တရုတ် လူမှု မီဒီယာတွေကို အသုံးပြုခွင့် ပိတ်ပင်ခံရပြီးတဲ့နောက်မှာ အမေရိကန်တို့ ဘက်က အခုလို လုပ်ဆောင်လာတာလည်းဖြစ်ပါတယ်။

အမေရိကန်တို့ရဲ့ လုပ်ဆောင်ချက်ဟာ တရုတ်တို့ လုပ်ရပ်ကို တိုက်ရိုက်တုန့်ပြန်တာဖြစ်ကြောင်း၊ တရုတ်နိုင်ငံကအမေရိကန်သံတမန် တွေ အပေါ်ထားရှိတဲ့ အကန့်အသတ်တွေကို ရုပ်သိမ်းပေးမယ်ဆိုရင် အမေရိကန်တို့ ဘက်ကလည်း အပြန်အလှန် လုပ်ဆောင်ပေးဖို့ အသင့် ရှိကြောင်း Pompeo က ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG