(Zawgyi/Unicode)
ထိုင္းႏိုင္ငံအေနနဲ႔ တရုတ္ႏိုင္ငံက ေရငုပ္သေဘၤာ (၂) စီး ထပ္ဝယ္ယူဖို႔ မွာထားတာကို အခု ေရႊ႕ဆိုင္းလိုက္ပါတယ္။
ထိုင္းႏိုင္ငံထဲ ကိုဗစ္ကပ္ေရာဂါေၾကာင့္ စီးပြားေရးထိခိုက္ေနခ်ိန္မွာ အေမရိကန္ေဒၚလာ (၇၂၄) သန္း ကုန္က်မဲ့ ဒီဝယ္ယူဖို႔အေပၚ မေက်နပ္ျဖစ္လာခ်ိန္မွာ မေန႔က ခုလိုေရႊ႔ဆိုင္းလိုက္တာပါ။
ထိုင္းႏိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မူေၾကာင့္ စီးပြားေရးတန္႔ေနတဲ့အေပၚ လူထုမေက်နပ္မူေတြ မ်ားလာတဲ့အထဲ ဒီ အျငင္းပြားစရာ ေရငုပ္သေဘၤာဝယ္ဖို႔အမွာလည္း ပါပါတယ္။
၂၀၁၅ တုုန္းကေတာ့ ထိုင္းႏိုင္ငံအေနနဲ႔ တရုတ္ေရငုပ္သေဘၤာကို ပထမဆံုးဝယ္ယူသူေတြထဲပါခဲ့ၿပီး၊ ၂၀၁၇ မွာ (၃) စီးဝယ္ယူဖို႔ အဆံုးသတ္စာခ်ဳပ္ကာ၊ ၂၀၂၃ မွာ ပထမတစ္စီး ေရာက္လာဖို႔ရွိခ်ိန္မွာ အခုေနာက္ (၂) စီးအမွာကေတာ့ ဒီလဆန္္းထဲ လႊတ္ေတာ္ဆပ္ေကာ္မတီက အတည္ျပဳေပးခဲ့ေပမဲ့ လူေတြက စိတ္ဆိုးေဒါသထြတ္ခဲ႔ၾကတာပါ။
ဒီအေပၚ ေဒါသထြက္ေနတဲ့ ထိုင္းလူမ်ိဳးေတြအေနနဲ႔ အင္တာနက္လူမူမီဒီယာစာမ်က္ႏွာေပၚမွာ အႀကီးအက်ယ္ ဆန္႔က်င္ေဝဖန္ေနရာမွာ ျပည္သူေတြ ေရငုပ္သေဘၤာအလိုမရွိ လို႔ Twitter ေပၚမွာ ေရးသားေနၾကပါတယ္။
ခုလိုအခ်ိန္မွာ ထိုင္းဝန္ႀကီးခ်ဳပ္ Prayut Chan-o-cha က ထိုင္းေရတပ္အေနနဲ႔ ဒီေနာက္ထပ္ ေရငုပ္သေဘၤာ (၂) စီးမွာယူမူကို ေရြ.ဆိုင္းေပးဖို႔ ေတာင္းဆိုထားတာမို႔၊ ေနာက္တစ္ႏွစ္ေရႊ.ဆိုင္းဖို႔ တရုတ္နဲ႔ ညိွလိမ့္မယ္လို႔၊ ထိုင္းအစိုးရ ေျပာခြင့္ရ Anucha Burapachaisri က မေန႔က ေၾကညာလိုက္ပါတယ္။
........
တရုတ်က ရေငုပ်သင်္ဘောဝယ်မယ့်အစီအစဉ် ထိုင်း ရွေ့ဆိုင်း
(Unicode)
ထိုင်းနိုင်ငံအနေနဲ့ တရုတ်နိုင်ငံက ရေငုပ်သင်္ဘော (၂) စီး ထပ်ဝယ်ယူဖို့ မှာထားတာကို အခု ရွှေ့ဆိုင်းလိုက်ပါတယ်။
ထိုင်းနိုင်ငံထဲ ကိုဗစ်ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်နေချိန်မှာ အမေရိကန်ဒေါ်လာ (၇၂၄) သန်း ကုန်ကျမဲ့ ဒီဝယ်ယူဖို့အပေါ် မကျေနပ်ဖြစ်လာချိန်မှာ မနေ့က ခုလိုရွှေ့ဆိုင်းလိုက်တာပါ။
ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မူကြောင့် စီးပွားရေးတန့်နေတဲ့အပေါ် လူထုမကျေနပ်မူတွေ များလာတဲ့အထဲ ဒီ အငြင်းပွားစရာ ရေငုပ်သင်္ဘောဝယ်ဖို့အမှာလည်း ပါပါတယ်။
၂၀၁၅ တုန်းကတော့ ထိုင်းနိုင်ငံအနေနဲ့ တရုတ်ရေငုပ်သင်္ဘောကို ပထမဆုံးဝယ်ယူသူတွေထဲပါခဲ့ပြီး၊ ၂၀၁၇ မှာ (၃) စီးဝယ်ယူဖို့ အဆုံးသတ်စာချုပ်ကာ၊ ၂၀၂၃ မှာ ပထမတစ်စီး ရောက်လာဖို့ရှိချိန်မှာ အခုနောက် (၂) စီးအမှာကတော့ ဒီလဆန်းထဲ လွှတ်တော်ဆပ်ကော်မတီက အတည်ပြုပေးခဲ့ပေမဲ့ လူတွေက စိတ်ဆိုးဒေါသထွတ်ခဲ့ကြတာပါ။
ဒီအပေါ် ဒေါသထွက်နေတဲ့ ထိုင်းလူမျိုးတွေအနေနဲ့ အင်တာနက်လူမူမီဒီယာစာမျက်နှာပေါ်မှာ အကြီးအကျယ် ဆန့်ကျင်ဝေဖန်နေရာမှာ ပြည်သူတွေ ရေငုပ်သင်္ဘောအလိုမရှိ လို့ Twitter ပေါ်မှာ ရေးသားနေကြပါတယ်။
ခုလိုအချိန်မှာ ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha က ထိုင်းရေတပ်အနေနဲ့ ဒီနောက်ထပ် ရေငုပ်သင်္ဘော (၂) စီးမှာယူမူကို ရွေ.ဆိုင်းပေးဖို့ တောင်းဆိုထားတာမို့၊ နောက်တစ်နှစ်ရွှေ.ဆိုင်းဖို့ တရုတ်နဲ့ ညှိလိမ့်မယ်လို့၊ ထိုင်းအစိုးရ ပြောခွင့်ရ Anucha Burapachaisri က မနေ့က ကြေညာလိုက်ပါတယ်။