သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္-အာဆီယံ အြန္လုိင္း ထိပ္သီးစည္းေ၀းပြဲေတြ ၀န္ႀကီး Pompeo တက္ေရာက္မည္


ဝန္ႀကီး Mike Pompeo

(Zawgyi/Unicode)

စက္တင္ဘာလ ၉ ရက္ကေန ၁၁ ရက္ေန႔အထိ ဗီဒီယိုကတဆင့္ ျပဳလုပ္မယ့္ အေမရိကန္-အာဆီယံ ေဆြးေႏြးပြဲ၊ အေရွ႕အာရွ ထိပ္သီး ညီလာခံ၊ အာဆီယံ ေဒသဆိုင္ရာ ဖိုရမ္နဲ႔ မဲေခါင္-အေမရိကန္ မိတ္ဖက္နိုင္ငံမ်ား နိုင္ငံျခားေရး ဝန္ႀကီးမ်ား အစည္းအေဝးကို အေမရိကန္ နိုင္ငံျခားေရး ဝန္ႀကီး Mike Pompeo ပါဝင္ တက္ေရာက္မယ္လို႔ အေမရိကန္နိုင္ငံျခားေရး ဝန္ႀကီးဌာနက ေျပာပါတယ္။

ပထမဆုံး​ ဝန္ႀကီး Mike Pompeo က စက္တင္ဘာလ ၉ ရက္ေန႔မွာ က်င္းပမယ့္ အေရွ႕အာရွ ထိပ္သီး ညီလာခံ နိုင္ငံျခားေရး ဝန္ႀကီး အစည္းအေဝးကို တက္ေရာက္ၿပီး အေရွ႕ အာရွေဒသတြင္း နိုင္ငံေရးနဲ႔ လုံျခဳံေရး ကိစၥေတြကို ပါဝင္ ေဆြးေႏြးမွာ ျဖစ္ပါတယ္။​ နိုင္ငံေတြရဲ့ အခ်ဳပ္အျခာ အာဏာပိုင္ဆိုင္မႈဆိုင္ရာ မူေတြမွာ အေျခခံၿပီး Indo-Pacific ေဒသအတြင္း လြတ္လပ္ပြင့္လင္းတဲ့ ေဒသ ျဖစ္ေရး ႀကိဳးပမ္းခ်က္ေတြအေပၚမွာ ဦးစားေပး ေဆြးေႏြးသြားမွာ ျဖစ္ပါတယ္။ အဲဒီေန႔မွာပဲ အေမရိကန္နဲ႔ အေရွ႕ေတာင္ အာရွ နိုင္ငံမ်ားအဖြဲ႕ (အာဆီယံ) ဝန္ႀကီးအဆင့္ အစည္းအေဝးကို ပါဝင္ ေဆြးေႏြးမွာ ျဖစ္ၿပီး အေမရိကန္နဲ႔ အာဆီယံ မဟာဗ်ဴဟာ မိတ္ဖက္ လက္တြဲမႈ အစီအစဥ္ရဲ့ တိုးတက္ျဖစ္ေပၚမႈေတြကို ေဆြးေႏြးမွာ ျဖစ္ပါတယ္။

စက္တင္ဘာလ ၁၁ ရက္ေန႔မွာေတာ့ မဲေခါင္-အေမရိကန္ မိတ္ဖက္လက္တြဲမႈ အစီအစဥ္ တရားဝင္ စတင္မယ့္ အစည္းအေဝးမွာ ပူးတြဲ သဘာပတိအျဖစ္ ေဆာင္ရြက္ၿပီး ျမန္မာ၊ ကေမၻာဒီးယား၊ လာအို၊ ထိုင္းနဲ႔ ဗီယက္နမ္ နိုင္ငံေတြက နိုင္ငံျခားေရးဝန္ႀကီးေတြနဲ႔ အတူ ေဆြးေႏြးမွာ ျဖစ္ပါတယ္။​

အဲဒီ တစ္ေန႔တည္းမွာပဲ ဝန္ႀကီး Pompeo က ၂၇ ႀကိမ္ေျမာက္ အာဆီယံ ေဒသဆိုင္ရာ ဖိုရမ္ ဝန္ႀကီးအဆင့္ ေဆြးေႏြးပြဲကို ပါဝင္ တက္ေရာက္မွာ ျဖစ္ပါတယ္။ အဲဒီ ေဆြးေႏြးပြဲမွာ​ ဝန္ႀကီး Pompeo အေနနဲ႔ ကိုရီးယား ကၽြန္းဆြယ္မွာ လုံျခဳံေရးနဲံ ၿငိမ္းခ်မ္းေရး အဓြန္႔ရွည္ေရး အေရးပါ မႈနဲ႔ အင္ဒို-ပစိဖိတ္ ေဒသက လုံျခဳံေရး၊​ ၿငိမ္းခ်မ္းေရးနဲ႔ အမ်ိဳးသမီးေရးရာ ကိစၥေတြမွာ အေမရိကန္နိုင္ငံရဲ့ အားထုတ္ ႀကိဳးပမ္းမႈ ေတြ အေၾကာင္းကို ေဆြးေႏြးသြားမွာ ျဖစ္တယ္လို႔ အေမရိကန္ နိုင္ငံျခားေရး ဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

ကန်-အာဆီယံ အွန်လိုင်း ထိပ်သီးစည်းဝေးပွဲတွေ ဝန်ကြီး Pompeo တက်ရောက်မည်


(Unicode)

စက်တင်ဘာလ ၉ ရက်ကနေ ၁၁ ရက်နေ့အထိ ဗီဒီယိုကတဆင့် ပြုလုပ်မယ့် အမေရိကန်-အာဆီယံ ဆွေးနွေးပွဲ၊ အရှေ့အာရှ ထိပ်သီး ညီလာခံ၊ အာဆီယံ ဒေသဆိုင်ရာ ဖိုရမ်နဲ့ မဲခေါင်-အမေရိကန် မိတ်ဖက်နိုင်ငံများ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo ပါဝင် တက်ရောက်မယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

ပထမဆုံး ဝန်ကြီး Mike Pompeo က စက်တင်ဘာလ ၉ ရက်နေ့မှာ ကျင်းပမယ့် အရှေ့အာရှ ထိပ်သီး ညီလာခံ နိုင်ငံခြားရေး ဝန်ကြီး အစည်းအဝေးကို တက်ရောက်ပြီး အရှေ့ အာရှဒေသတွင်း နိုင်ငံရေးနဲ့ လုံခြုံရေး ကိစ္စတွေကို ပါဝင် ဆွေးနွေးမှာ ဖြစ်ပါတယ်။ နိုင်ငံတွေရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုဆိုင်ရာ မူတွေမှာ အခြေခံပြီး Indo-Pacific ဒေသအတွင်း လွတ်လပ်ပွင့်လင်းတဲ့ ဒေသ ဖြစ်ရေး ကြိုးပမ်းချက်တွေအပေါ်မှာ ဦးစားပေး ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ အဲဒီနေ့မှာပဲ အမေရိကန်နဲ့ အရှေ့တောင် အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ) ဝန်ကြီးအဆင့် အစည်းအဝေးကို ပါဝင် ဆွေးနွေးမှာ ဖြစ်ပြီး အမေရိကန်နဲ့ အာဆီယံ မဟာဗျူဟာ မိတ်ဖက် လက်တွဲမှု အစီအစဉ်ရဲ့ တိုးတက်ဖြစ်ပေါ်မှုတွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်။

စက်တင်ဘာလ ၁၁ ရက်နေ့မှာတော့ မဲခေါင်-အမေရိကန် မိတ်ဖက်လက်တွဲမှု အစီအစဉ် တရားဝင် စတင်မယ့် အစည်းအဝေးမှာ ပူးတွဲ သဘာပတိအဖြစ် ဆောင်ရွက်ပြီး မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနဲ့ ဗီယက်နမ် နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အတူ ဆွေးနွေးမှာ ဖြစ်ပါတယ်။

အဲဒီ တစ်နေ့တည်းမှာပဲ ဝန်ကြီး Pompeo က ၂၇ ကြိမ်မြောက် အာဆီယံ ဒေသဆိုင်ရာ ဖိုရမ် ဝန်ကြီးအဆင့် ဆွေးနွေးပွဲကို ပါဝင် တက်ရောက်မှာ ဖြစ်ပါတယ်။ အဲဒီ ဆွေးနွေးပွဲမှာ ဝန်ကြီး Pompeo အနေနဲ့ ကိုရီးယား ကျွန်းဆွယ်မှာ လုံခြုံရေးနဲံ ငြိမ်းချမ်းရေး အဓွန့်ရှည်ရေး အရေးပါ မှုနဲ့ အင်ဒို-ပစိဖိတ် ဒေသက လုံခြုံရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသမီးရေးရာ ကိစ္စတွေမှာ အမေရိကန်နိုင်ငံရဲ့ အားထုတ် ကြိုးပမ်းမှု တွေ အကြောင်းကို ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG