သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာနဲ႔ အာဆီယံအၾကား အခုႏွစ္ ပထမ (၉) လအတြင္း ကုန္သြယ္မႈပမာဏ ေဒၚလာ ၁၀ ဘီလီယံနီးပါးရွိ


ရန္ကုန္ၿမိဳ႕ရွိ Asia World ဆိပ္ကမ္းျမင္ကြင္းတခု။ ဒီဇင္ဘာ ၈၊ ၂၀၁၅။

(Zawgyi/Unicode)

ျမန္မာနဲ႔ ASEAN နိုင္ငံေတြၾကား ၂၀၁၉-၂၀၂၀ ဘ႑ာေရးႏွစ္ ပထမ ၉ လပတ္ကာလ အတြက္ ကုန္သြယ္မႈ ပမာဏ အေမရိကန္ ေဒၚလာ ၉.၉ ဘီလီယံရွိတယ္လို႔ ျမန္မာနိုင္ငံ စီးပြါးကူးသန္း ဝန္ႀကီးဌာန အခ်က္ အလက္ေတြကို ကိုးကားၿပီး Xinhua သတင္းဌာနက ေျပာပါတယ္။

ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၁ ရက္ေန႔ကေန ဇြန္လ ၃၁ ရက္ေန႔ၾကား ျမန္မာနိုင္ငံက အေမရိကန္ေဒၚလာ ၃.၆ ဘီလီယံတန္ဖိုးရွိတဲ့ ကုန္ ပစၥည္း ေတြကို ASEAN နိုင္ငံေတြကို တင္ပို႔ခဲ့ၿပီး သြင္းကုန္တန္ဖိုးက ေဒၚလာ ၆.၃ ဘီလီယံရွိတာပါ။

ASEAN နိုင္ငံေတြထဲ ထိုင္း၊ စကၤာပူနဲ႔ မေလးရွား နိုင္ငံေတြနဲ႔ အမ်ားဆုံးကုန္သြယ္ခဲ့ၿပီး ထိုင္းနဲ႔ကုန္သြယ္မႈ တန္ဖိုး ပမာဏေဒၚလာ ၃.၉ ဘီလီယံ၊ စကၤာပူနဲ႔ ၃.၃ ဘီလီယံနဲ႔ မေလးရွား ၁ ဘီလီယံ အသီးသီးရွိတယ္လို႔ စီးပြါးကူးသန္း ဝန္ႀကီးဌာနအခ်က္အလက္ေတြအရ သိရပါတယ္။

တျခား ASEAN နိုင္ငံေတြျဖစ္တဲ့ အင္ဒိုနီးရွားနဲ႔ ကုန္သြယ္မႈ ၁ ဘီလီယံနီးပါး၊ ဗီယက္နမ္နဲ႔ သန္း ၆၀၀ ေက်ာ္ ရွိခဲ့ပါတယ္။ ဖိလစ္ပိုင္နဲ႔ ေဒၚလာ သန္း ၁၀၀ ေက်ာ္ ကုန္သြယ္ခဲ့သလို က်န္ ကေမၻာဒီးယား၊ လာအိုနဲ႔ ဘ႐ူနိုင္းနိုင္ငံေတြေတာ့ ျမန္မာနိုင္ငံက ေဒၚလာ သန္းဆယ္နဲ႔ ခ်ီတဲ့ ကုန္သြယ္မႈေတြ ျပဳလုပ္ခဲ့တာပါ။

ျမန္မာနိုင္ငံက စိုက္ပ်ိဳးေရးနဲ႔ ေရထြက္ကုန္၊ သယံဇာတ၊ တျခားထုတ္ကုန္ေတြနဲ႔ ရင္းႏွီးကုန္စည္ပစၥည္း capital goods ၊ ၾကားခံ ကုန္စည္ပစၥည္း intermediate goods နဲ႔ စားသုံးကုန္ ပစၥည္း consumer goods ေတြကို ASEAN နိုင္ငံေတြကို တင္ပို႔ခဲ့တယ္လို႔ Xinhua သတင္းက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

မြန်မာနဲ့ အာဆီယံအကြား အခုနှစ် ပထမ (၉) လအတွင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၀ ဘီလီယံနီးပါးရှိ

(Unicode)

မြန်မာနဲ့ ASEAN နိုင်ငံတွေကြား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပထမ ၉ လပတ်ကာလ အတွက် ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ၉.၉ ဘီလီယံရှိတယ်လို့ မြန်မာနိုင်ငံ စီးပွါးကူးသန်း ဝန်ကြီးဌာန အချက် အလက်တွေကို ကိုးကားပြီး Xinhua သတင်းဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့ကနေ ဇွန်လ ၃၁ ရက်နေ့ကြား မြန်မာနိုင်ငံက အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံတန်ဖိုးရှိတဲ့ ကုန် ပစ္စည်း တွေကို ASEAN နိုင်ငံတွေကို တင်ပို့ခဲ့ပြီး သွင်းကုန်တန်ဖိုးက ဒေါ်လာ ၆.၃ ဘီလီယံရှိတာပါ။

ASEAN နိုင်ငံတွေထဲ ထိုင်း၊ စင်္ကာပူနဲ့ မလေးရှား နိုင်ငံတွေနဲ့ အများဆုံးကုန်သွယ်ခဲ့ပြီး ထိုင်းနဲ့ကုန်သွယ်မှု တန်ဖိုး ပမာဏဒေါ်လာ ၃.၉ ဘီလီယံ၊ စင်္ကာပူနဲ့ ၃.၃ ဘီလီယံနဲ့ မလေးရှား ၁ ဘီလီယံ အသီးသီးရှိတယ်လို့ စီးပွါးကူးသန်း ဝန်ကြီးဌာနအချက်အလက်တွေအရ သိရပါတယ်။

တခြားASEAN နိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှားနဲ့ ကုန်သွယ်မှု ၁ ဘီလီယံနီးပါး၊ ဗီယက်နမ်နဲ့ သန်း ၆၀၀ ကျော် ရှိခဲ့ပါတယ်။ ဖိလစ်ပိုင်နဲ့ ဒေါ်လာ သန်း ၁၀၀ ကျော် ကုန်သွယ်ခဲ့သလို ကျန် ကမ္ဘောဒီးယား၊ လာအိုနဲ့ ဘရူနိုင်းနိုင်ငံတွေတော့ မြန်မာနိုင်ငံက ဒေါ်လာ သန်းဆယ်နဲ့ ချီတဲ့ ကုန်သွယ်မှုတွေ ပြုလုပ်ခဲ့တာပါ။

မြန်မာနိုင်ငံက စိုက်ပျိုးရေးနဲ့ ရေထွက်ကုန်၊ သယံဇာတ၊ တခြားထုတ်ကုန်တွေနဲ့ ရင်းနှီးကုန်စည်ပစ္စည်း capital goods ၊ ကြားခံ ကုန်စည်ပစ္စည်း intermediate goods နဲ့ စားသုံးကုန် ပစ္စည်း consumer goods တွေကို ASEAN နိုင်ငံတွေကို တင်ပို့ခဲ့တယ်လို့ Xinhua သတင်းက ပြောပါတယ်။

XS
SM
MD
LG