သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေႂကြးေထာင္ေခ်ာက္ပိတ္မိေစတဲ့နည္းနဲ႔ မဟာမိတ္တည္ေဆာက္ဟု တ႐ုတ္ကို ေ၀ဖန္


အေမရိကန္ကာကြယ္ေရးဝန္ႀကီး Mark Esper

[Zawgyi/Unicode]

တ႐ုတ္ႏုိင္ငံဟာ ဖိအားေပး အက်ပ္ကိုင္တဲ့ အေႂကြးေထာင္ေခ်ာက္ထဲမွာ ပိတ္မိေစနုိင္တဲ့ နည္းေတြသံုးၿပီး ျမန္မာ၊ ကေမာၻဒီးယားနဲ႔ လာအိုလို အားနည္းတဲ့ႏုိင္ငံေတြနဲ႔ မဟာမိတ္ဆက္ဆံေရး တည္ေဆာက္ေနတယ္လုိ႔ အေမရိကန္ကာကြယ္ေရးဝန္ႀကီး Mark Esper က ေဝဖန္ ေျပာဆိုပါတယ္။

"ႏုိင္ငံ ေသးေလေလ၊ လိုအပ္ခ်က္က မ်ားေလေလ၊ တ႐ုတ္အစိုးရဖိအားက ႀကီးမားေလေလပါပဲ။" လို႔ ဝန္ႀကီး Esper က အဂၤါေန႔မွာေျပာပါတယ္။

႐ုရွားနဲ႔ တ႐ုတ္တုိ႔ကို တန္ျပန္ဖို႔အတြက္ သေဘာထားတူ ဒီမိုကေရစီႏုိင္ငံေတြနဲ႔ အေမရိကန္ၾကား မဟာမိတ္ဆက္ဆံေရးကို ခိုင္မာအားေကာင္းေစၿပီး တိုးခ်ဲ႕သြားေရး အစီအစဥ္သစ္တရပ္ကို ေၾကညာခ်ိန္အတြင္း ဝန္ႀကီး Esper က အဲဒီလိုေျပာသြားတာပါ။

စစ္ဘက္အခ်င္းခ်င္းၾကား ညွိႏိႈင္းလုပ္ေဆာင္ေရးဆိုင္ရာ နည္းလမ္းေတြရွာေဖြဖို႔၊ အေမရိကန္ စစ္လက္နက္ပစၥည္းေတြ ပိုၿပီးေရာင္းခ်ႏုိင္ဖို႔ ရည္ရြယ္ၿပီးေတာ့ ပန္တဂြန္စစ္ဌာနခ်ဳပ္အေနနဲ႔ မိတ္ဘက္ႏုိ္င္ငံေတြနဲ႔ ဆက္ဆံေရးကို စနစ္တက် ေစာင့္ၾကည့္ စီမံသြားမယ္လုိ႔ ဝန္ႀကီး Esper ကေျပာပါတယ္။

မဟာမိတ္မ်ားႏွင့္ လက္တြဲလုပ္ေဆာင္ဖက္မ်ား တိုးတက္ေရးဆိုင္ရာ လမ္းၫႊန္ခ်က္ (GDAP) လို႔ေခၚတဲ့ အစီအစဥ္ကို သမၼတေရြးေကာက္ပြဲမတုိင္ခင္ သီတင္းႏွစ္ပတ္အလိုမွာပဲ ထုတ္ျပန္လုိက္တာပါ။

"အေမရိကန္ရဲ႕ မဟာမိတ္ေတြနဲ႔ လက္တြဲလုပ္ေဆာင္ဖက္ေတြရဲ႕ ကြန္ယက္ေၾကာင့္ က်ေနာ္တို႔ၿပိဳင္ဘက္ေတြ မယွဥ္ႏုိင္တဲ့ ပိုလြန္တဲ့ အားသာခ်က္တခု ရထားပါတယ္။" လို႔ ဝန္ႀကီး Esper ကေျပာသလို ဒီကြန္ယက္ဟာ "စည္းမ်ဥ္းစည္းကမ္းေပၚ အေျခခံတဲ့ ႏုိင္ငံတကာအခင္းအက်င္းရဲ႕ ေက်ာ႐ိုး" ျဖစ္တယ္လုိ႔လည္း ဆိုပါတယ္။

"တရုတ္နဲ႔ ႐ုရွားတို႔ အားလံုးေပါင္းရင္ မဟာမိတ္ ၁၀ ႏုိင္ငံေတာင္ မျပည့္ပါဘူး။" လို႔ ဝန္ႀကီး Esper က ေျပာပါတယ္။

သေဘာထားတူ ဒီမိုကေရစီႏုိင္ငံေတြနဲ႔ ပိုၿပီးနီးကပ္တဲ့ ဆက္ဆံေရး တည္ေဆာက္သြားဖို႔ဆိုတာမွာ အိႏိၵယနဲ႔ အင္ဒိုနီးရွားတို႔ကို ဝန္ႀကီး Esper ကေထာက္ျပသြားၿပီး အင္ဒိုနီးရွား ကာကြယ္ေရးဝန္ႀကီး Prabowo Subianto နဲ႔ တနလၤာေန႔က သူေတြ႔ဆံုခဲ့တာ၊ အိႏိၵယႏုိင္ငံကို ေနာက္သီတင္းပတ္မွာ သြားေရာက္ဖို႔ စီစဥ္ထားတာေတြကိုပါ ထည့္ေျပာသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အကြွေးထောင်ချောက်ပိတ်မိစေတဲ့နည်းနဲ့ မဟာမိတ်တည်ဆောက်ဟု တရုတ်ကို ဝေဖန်

တရုတ်နိုင်ငံဟာ ဖိအားပေး အကျပ်ကိုင်တဲ့ အကြွေးထောင်ချောက်ထဲမှာ ပိတ်မိစေနိုင်တဲ့ နည်းတွေသုံးပြီး မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုလို အားနည်းတဲ့နိုင်ငံတွေနဲ့ မဟာမိတ်ဆက်ဆံရေး တည်ဆောက်နေတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Mark Esper က ဝေဖန် ပြောဆိုပါတယ်။

"နိုင်ငံ သေးလေလေ၊ လိုအပ်ချက်က များလေလေ၊ တရုတ်အစိုးရဖိအားက ကြီးမားလေလေပါပဲ။" လို့ ဝန်ကြီး Esper က အင်္ဂါနေ့မှာပြောပါတယ်။

ရုရှားနဲ့ တရုတ်တို့ကို တန်ပြန်ဖို့အတွက် သဘောထားတူ ဒီမိုကရေစီနိုင်ငံတွေနဲ့ အမေရိကန်ကြား မဟာမိတ်ဆက်ဆံရေးကို ခိုင်မာအားကောင်းစေပြီး တိုးချဲ့သွားရေး အစီအစဉ်သစ်တရပ်ကို ကြေညာချိန်အတွင်း ဝန်ကြီး Esper က အဲဒီလိုပြောသွားတာပါ။

စစ်ဘက်အချင်းချင်းကြား ညှိနှိုင်းလုပ်ဆောင်ရေးဆိုင်ရာ နည်းလမ်းတွေရှာဖွေဖို့၊ အမေရိကန် စစ်လက်နက်ပစ္စည်းတွေ ပိုပြီးရောင်းချနိုင်ဖို့ ရည်ရွယ်ပြီးတော့ ပန်တဂွန်စစ်ဌာနချုပ်အနေနဲ့ မိတ်ဘက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကို စနစ်တကျ စောင့်ကြည့် စီမံသွားမယ်လို့ ဝန်ကြီး Esper ကပြောပါတယ်။

မဟာမိတ်များနှင့် လက်တွဲလုပ်ဆောင်ဖက်များ တိုးတက်ရေးဆိုင်ရာ လမ်းညွှန်ချက် (GDAP) လို့ခေါ်တဲ့ အစီအစဉ်ကို သမ္မတရွေးကောက်ပွဲမတိုင်ခင် သီတင်းနှစ်ပတ်အလိုမှာပဲ ထုတ်ပြန်လိုက်တာပါ။

"အမေရိကန်ရဲ့ မဟာမိတ်တွေနဲ့ လက်တွဲလုပ်ဆောင်ဖက်တွေရဲ့ ကွန်ယက်ကြောင့် ကျနော်တို့ပြိုင်ဘက်တွေ မယှဉ်နိုင်တဲ့ ပိုလွန်တဲ့ အားသာချက်တခု ရထားပါတယ်။" လို့ ဝန်ကြီး Esper ကပြောသလို ဒီကွန်ယက်ဟာ "စည်းမျဉ်းစည်းကမ်းပေါ် အခြေခံတဲ့ နိုင်ငံတကာအခင်းအကျင်းရဲ့ ကျောရိုး" ဖြစ်တယ်လို့လည်း ဆိုပါတယ်။

"တရုတ်နဲ့ ရုရှားတို့ အားလုံးပေါင်းရင် မဟာမိတ် ၁၀ နိုင်ငံတောင် မပြည့်ပါဘူး။" လို့ ဝန်ကြီး Esper က ပြောပါတယ်။

သဘောထားတူ ဒီမိုကရေစီနိုင်ငံတွေနဲ့ ပိုပြီးနီးကပ်တဲ့ ဆက်ဆံရေး တည်ဆောက်သွားဖို့ဆိုတာမှာ အိန္ဒိယနဲ့ အင်ဒိုနီးရှားတို့ကို ဝန်ကြီး Esper ကထောက်ပြသွားပြီး အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး Prabowo Subianto နဲ့ တနင်္လာနေ့က သူတွေ့ဆုံခဲ့တာ၊ အိန္ဒိယနိုင်ငံကို နောက်သီတင်းပတ်မှာ သွားရောက်ဖို့ စီစဉ်ထားတာတွေကိုပါ ထည့်ပြောသွားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG