သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီး Pompeo အာရှ ၄ နိုင်ငံခရီး မကြာခင်စမည် 


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo

(Zawgyi/Unicode)

အင်ဒို-ပစိဖိတ်ဒေသအတွင်း တရုတ်ရဲ့ ပထဝီနိုင်ငံရေးနဲ့ စီးပွားရေးအရ စိန်ခေါ်မှုတွေကို တုံ့ပြန်နိုင်ဖို့အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ဟာ ဒီသီတင်းပတ်ကုန်ကစလို့ တောင်အာရှဒေသကို တပတ်ကြာခရီး သွားရောက်ဖို့ ရှိနေပါတယ်။

အိန္ဒိယ၊ သီရိလင်္ကာ၊ မော်လ်ဒိုက် နဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို အောက်တိုဘာလ ၂၅ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ဝန်ကြီး Pompeo သွားရောက်ဖို့ စီစဉ်ထားတာပါ။

ခရီးစဉ်တိုင်းမှာ နှစ်နိုင်ငံကြား ကိစ္စရပ်အများအပြားကို ဆွေးနွေးသွားမယ့်အပြင်၊ လွတ်လပ်ပြီး ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသ ထိန်းသိမ်းထားရှိနိုင်အောင် ပူးပေါင်းဆောင်ရွက်သွားနိုင်မယ့် အကောင်းဆုံး နည်းလမ်းတွေကိုလည်း အခုသွားရောက်မယ့် နိုင်ငံတွေ အားလုံးနဲ့ ဆွေးနွေး အဖြေရှာသွားမယ်လို့ ဝန်ကြီး Pompeo က နိုင်ငံခြားရေးဌာနမှာ ဗုဒ္ဓဟူးနေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုသွားပါတယ်။

လွတ်လပ်တဲ့နိုင်ငံတွေ အနေနဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ ခြိမ်းခြောက်မှုတွေကို ဘယ်လို အတူတကွ တွန်းလှန် တုံ့ပြန် သွားမလဲ ဆိုတာကိုလည်း ဒီနိုင်ငံတွေနဲ့ ဆွေးနွေးသွားမယ်လို့ ဝန်ကြီး Pompeo က ပြောပါတယ်။ အိန္ဒိယနိုင်ငံ ခရီးစဉ်အတွင်းမှာတော့ အမေရိကန်-အိန္ဒိယ 2+2 ဝန်ကြီးများ တွေ့ဆုံ ဆွေးနွေးပွဲကို ဝန်ကြီး Pompeo ၊ ကာကွယ်ရေးဝန်ကြီး Mark Esper နဲ့ အိန္ဒိယဘက်က နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဝန်ကြီးတွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာ နှစ်နိုင်ငံ ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး တိုးမြှင့်ဖို့ကိစ္စတွေကို အဓိကထား ဆွေးနွေးမယ့်အကြောင်း နိုင်ငံခြားရေးဌာနက ပြောဆိုထားပါတယ်။ နယ်စပ်ဒေသ နယ်မြေ အငြင်းပွားမှုတွေနဲ့ပတ်သက်ပြီး အိန္ဒိယနဲ့ တရုတ်နိုင်ငံအကြား တင်းမာမှုတွေ ပြင်းထန်နေချိန်မှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ အိန္ဒိယအစိုးရ အရာရှိတွေ တွေ့ဆုံကြမှာဖြစ်ပါတယ်။

...............


(Unicode)






XS
SM
MD
LG