သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ တိဘက္ေရးရာ ညႇိႏိႈင္းေရးမႉး ခန္႔အပ္မႈ တ႐ုတ္တံု႔ျပန္


Robert Destro

(Zawgyi/Unicode)

အေမရိကန္ အစိုးရက လူ႔အခြင့္အေရးဆိုင္ရာ တာဝန္ရွိသူတစ္ဦးကို တိဘက္ေရးရာ အထူးတာဝန္ခံ ညႇိႏွိုင္းေရးမႉးအျဖစ္ ခန္႔အပ္လိုက္တာဟာ တိဘက္ေဒသကို မတည္မၿငိမ္ျဖစ္ဖို႔ ရည္ရြယ္တာလို႔ တ႐ုတ္နိုင္ငံက ၾကာသပေတးေန႔က စြပ္စြဲလိုက္ပါတယ္။

ဗုဒၶဟူးေန႔က အေမရိကန္နိုင္ငံျခားေရးဝန္ႀကီး Mike Pompeo က ဒီမိုကေရစီ၊ လူ႔အခြင့္အေရးနဲ႔ အလုပ္သမားေရးရာ လက္ေထာက္ နိုင္ငံျခားေရး ဝန္ႀကီး Robert Destro ကို တိဘက္ဆိုင္ရာ အထူးကိုယ္စားလွယ္အျဖစ္ ခန္႔အပ္ေၾကာင္း ေၾကညာခဲ့တာပါ။ သမၼတ ေဒၚနယ္ထရမ့္ အစိုးရ တက္လာတဲ့ ၂၀၁၇ ခုႏွစ္က စလို႔ လစ္လပ္ေနတဲ့ ဒီ ရာထူးေနရာမွာ Destro ကို ပူးတြဲ တာဝန္ေပးလိုက္တာ လည္း ျဖစ္ပါတယ္။

ျပည္တြင္းေရးကို ဝင္ေရာက္ စြက္ဖက္တာလို႔ ဆိုၿပီး တိဘက္ဆိုင္ရာ အေမရိကန္ ညႇိႏွိုင္းေရးမႉးနဲ႔ ထိေတြ႕ ဆက္ဆံဖို႔ တ႐ုတ္နိုင္ငံက တစ္စိုက္မတ္မတ္ ျငင္းဆန္ေနခဲ့တာပါ။

တ႐ုတ္ နိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ Zhao Lijianက တိဘက္အေရးဟာ တ႐ုတ္ျပည္တြင္းေရးျဖစ္ၿပီး နိုင္ငံျခား စြက္ဖက္မႈကို ခြင့္ျပဳမွာ မဟုတ္ဘူးလို႔ ပုံမွန္ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာပါတယ္။

ကုန္သြယ္ေရးကိစၥ၊ ထိုင္ဝမ္၊ ေဟာင္ေကာင္၊ ေတာင္ တ႐ုတ္ပင္လယ္၊ လူ႔အခြင့္အေရးနဲ႔ ကိုရိုနာဗိုင္းရပ္ ကိစၥေတြေၾကာင့္ တ႐ုတ္နဲ႔ အေမရိကန္ ဆက္ဆံေရး ဆယ္စုႏွစ္ေတြထဲ အက်ဆင္းဆုံး အခ်ိန္မွာ အခုလို တိဘက္ အထူးတာဝန္ခံ ညႇိႏွိုင္းေရးမႉးကို အေမရိကန္အစိုးရက ခန္႔အပ္လိုက္ တာလည္း ျဖစ္ပါတယ္။

တ႐ုတ္နိုင္ငံနဲ႔ ဘုန္းေတာ္ႀကီး ဒလိုင္းလားမား ဒါမွမဟုတ္ သူ႔ရဲ့ ကိုယ္စားလွယ္တို႔အၾကား ႏွစ္ဖက္ ေဆြးေႏြးမႈေတြ ျဖစ္ေပၚလာဖို႔၊ တိဘက္ရဲ့ ထူးျခားတဲ့ ဘာသာေရး၊ ယဥ္ေက်းမႈနဲ႔ တိဘက္တန္ ဘာသာစကားကို အကာအကြယ္ေပးဖို႔၊ လူ႔အခြင့္အေရးေတြ ေလးစား လိုက္နာလာေစဖို႔ လက္ေထာက္ဝန္ႀကီး Destro က ဦးေဆာင္သြားမွာ ျဖစ္တယ္လို႔လည္း ဝန္ႀကီး Pompeo က ေျပာပါတယ္။

၁၉၅၀ ျပည့္ႏွစ္မွာ ၿငိမ္းခ်မ္းတဲ့ လြတ္ေျမာက္ေရးလို႔ ေခၚေဝၚၿပီး တ႐ုတ္နိုင္ငံက တိဘက္ေဒသကို စတင္ထိန္းခ်ဳပ္ထားခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

ကန် တိဘက်ရေးရာ ညှိနှိုင်းရေးမှူး ခန့်အပ်မှု တရုတ်တုံ့ပြန်

(Unicode)

အမေရိကန် အစိုးရက လူ့အခွင့်အရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးကို တိဘက်ရေးရာ အထူးတာဝန်ခံ ညှိနှိုင်းရေးမှူးအဖြစ် ခန့်အပ်လိုက်တာဟာ တိဘက်ဒေသကို မတည်မငြိမ်ဖြစ်ဖို့ ရည်ရွယ်တာလို့ တရုတ်နိုင်ငံက ကြာသပတေးနေ့က စွပ်စွဲလိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Robert Destro ကို တိဘက်ဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ကြောင်း ကြေညာခဲ့တာပါ။ သမ္မတ ဒေါ်နယ်ထရမ့် အစိုးရ တက်လာတဲ့ ၂၀၁၇ ခုနှစ်က စလို့ လစ်လပ်နေတဲ့ ဒီ ရာထူးနေရာမှာ Destro ကို ပူးတွဲ တာဝန်ပေးလိုက်တာ လည်း ဖြစ်ပါတယ်။

ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်တာလို့ ဆိုပြီး တိဘက်ဆိုင်ရာ အမေရိကန် ညှိနှိုင်းရေးမှူးနဲ့ ထိတွေ့ ဆက်ဆံဖို့ တရုတ်နိုင်ငံက တစ်စိုက်မတ်မတ် ငြင်းဆန်နေခဲ့တာပါ။

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရZhao Lijianက တိဘက်အရေးဟာ တရုတ်ပြည်တွင်းရေးဖြစ်ပြီး နိုင်ငံခြား စွက်ဖက်မှုကို ခွင့်ပြုမှာ မဟုတ်ဘူးလို့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ကုန်သွယ်ရေးကိစ္စ၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ တောင် တရုတ်ပင်လယ်၊ လူ့အခွင့်အရေးနဲ့ ကိုရိုနာဗိုင်းရပ် ကိစ္စတွေကြောင့် တရုတ်နဲ့ အမေရိကန် ဆက်ဆံရေး ဆယ်စုနှစ်တွေထဲ အကျဆင်းဆုံး အချိန်မှာ အခုလို တိဘက် အထူးတာဝန်ခံ ညှိနှိုင်းရေးမှူးကို အမေရိကန်အစိုးရက ခန့်အပ်လိုက် တာလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံနဲ့ ဘုန်းတော်ကြီး ဒလိုင်းလားမား ဒါမှမဟုတ် သူ့ရဲ့ ကိုယ်စားလှယ်တို့အကြား နှစ်ဖက် ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာဖို့၊ တိဘက်ရဲ့ ထူးခြားတဲ့ ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ တိဘက်တန် ဘာသာစကားကို အကာအကွယ်ပေးဖို့၊ လူ့အခွင့်အရေးတွေ လေးစား လိုက်နာလာစေဖို့ လက်ထောက်ဝန်ကြီး Destro က ဦးဆောင်သွားမှာ ဖြစ်တယ်လို့လည်း ဝန်ကြီး Pompeo က ပြောပါတယ်။

၁၉၅၀ ပြည့်နှစ်မှာ ငြိမ်းချမ်းတဲ့ လွတ်မြောက်ရေးလို့ ခေါ်ဝေါ်ပြီး တရုတ်နိုင်ငံက တိဘက်ဒေသကို စတင်ထိန်းချုပ်ထားခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG