သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့ရာဇဝင္ကို ေျပာျပမယ့္ ဧရာဝတီျမစ္ဝ အနည္မ်ား ေလ့လာေရး အပိုင္း ၁


Irrawaddy Sediments (Photo credit- ScienceDirect.com)

ဧရာဝတီျမစ္စီးဝင္ရာ ကမ္းလြန္ပင္လယ္က အနည္က်ေက်ာက္ေတြကို ေလ့လာရင္ ျမန္မာႏုိင္ငံရဲ့ ျဖစ္တည္မႈ သမိုင္းကို သိႏိုင္တယ္လို႔ ဂ်ပန္အဏၰဝါ ဘူမိသိပၸံနဲ႔ နည္းပညာဌာနက ေဒါက္တာမိုးေက်ာ္သူက ေျပာပါတယ္။ ဒီလိုသိႏုိင္ဖုိ႔ ေလ့လာမႈေတြ လုပ္ေနတဲ့ အေၾကာင္း ပာျပေပးမွာပါ။

ျမန္မာႏို္င္ငံရဲ့ မိခင္ျမစ္ႀကီးျဖစ္တဲ့ ဧရာဝတီက ျမန္မာ့ရာဇဝင္ကို ေျပာႏိုင္ပါသလား။ ဧရာဝတီျမစ္စီးဝင္ရာ ကမ္းလြန္ပင္လယ္က အနည္က်ေက်ာက္ေတြကို ေလ့လာရင္ ျမန္မာႏုိင္ငံရဲ့ ျဖစ္တည္မႈ သမိုင္းကို သိႏိုင္တယ္လို႔ ဂ်ပန္အဏၰဝါ ဘူမိသိပၸံနဲ႔ နည္းပညာဌာနက ေဒါက္တာမိုးေက်ာ္သူက ေျပာပါတယ္။ ဒီလိုသိႏုိင္ဖုိ႔ ေလ့လာမႈေတြ လုပ္ေနတဲ့ အေၾကာင္း ဒီတပတ္မွာ ေျပာျပေပးမွာပါ။

တိုက္႐ိုက္ လင့္ခ္


ျမန္မာႏိုင္ငံ့ ေျမာက္ဖ်ားမွာ ဟိမဝႏၱာကေန သြယ္တန္းလာတဲ့ ေတာင္တန္းေတြၾကားကေန အလယ္ပိုင္းက ေျမျပန္႔ေတြကိုျဖတ္ၿပီး ေတာင္ဘက္ ပင္လယ္သမုဒၵရာထဲကို စီးဝင္တဲ့ ပင္မျမစ္ႀကီးက ဧရာဝတီ ျဖစ္သလို အေရွ႕ဘက္ကုန္းျပင္ျမင့္မွာ ေတာေတာင္ေတြျဖတ္ၿပီး ေတာင္ဘက္က ပင္လယ္သမုဒၵရာထဲကို စီးဝင္တာက သံလြင္ျမစ္ပါ။ သူတို႔ စီးဝင္ရာ ဧရာဝတီကမ္းလြန္၊ မုတၱမပင္လယ္ေကြ႔ထဲ ပို႔ခ်တဲ့ ဒီအနည္ေတြကေန ျမန္မာ့ရာဇဝင္ကို ေျပာျပႏိုင္ပါတယ္တဲ့။

ကမာၻ႔ျမစ္ႀကီးေတြဟာ ေရစီးနဲ႔အတူ သူတုိ႔သယ္ယူလာတဲ့ အနည္ေတြကို ပင္လယ္သမုဒၵရာေတြထဲ ပို႔ခ်ၾကပါတယ္။ ဒီအထဲမွာ ဧရာဝတီတို႔ သံလြင္တို႔လို ျမစ္ႀကီးေတြကေန ပို႔ခ်တဲ့အနည္ေတြက သိပ္ကိုအေရးပါတယ္လို႔ ေဒါက္တာမိုးေက်ာ္သူက ေျပာပါတယ္။

ေဒါက္တာမိုးေက်ာ္သူ။ ။“ဧရာဝတီျမစ္ႀကီး ဘယ္ေလာက္ အေရးပါတယ္ ဆိုတာကို က်ေနာ္ နဲနဲေလး ေျပာျပခ်င္ပါတယ္။ ဟိမဝႏၱာနဲ႔ တိဘက္ ေတာင္ကုန္းေတြကေန သယ္လာတဲ့ အနည္ေတြက ပင္လယ္ထဲကို ပို႔ခ်တဲ့ ဥစၥာက တႏွစ္ကို တန္ခ်ိန္ သန္းေပါင္း ၃၀၀ ရွိပါတယ္ ခင္ဗ်။ အနည္ေတြ ခ်ည္းပဲ။ ဆိုေတာ့ သူက ဘယ္ေလာက္ အဆင့္ရွိေနလဲ ဆိုရင္ ဟိမဝႏၱာ ေတာင္တန္းႀကီးကေန ၿပီးေတာ့ သူက ကမာၻတခုလံုးမွာ ပို႔ခ်တဲ့ အနည္ေတြ ၂၀ % ေလာက္ကို ဒီ ဧရာဝတီျမစ္၊ သံလြင္ျမစ္က ပို႔ခ်တဲ့ အဆင့္ရွိသလိုမ်ိဳး ဒီ အနည္ကလည္း အနည္အားလံုးရဲ့ စုစုေပါင္း ပမာဏက ကမာၻမွာ နံပတ္ ၄ အဆင့္ေလာက္ အထိကို မ်ားပါတယ္။”

ဒီလို အနည္က်မႈ မ်ားျပားႀကီးမားတဲ့ ဧရာဝတီနဲ႔ ခ်င္းတြင္း ျမစ္ေၾကာင္းေတြမွာက်တဲ့ အနည္ေတြကို သုေတသန ပညာရွင္ေတြ ေလ့လာေနၾကတာပါ။

ေဒါက္တာမိုးေက်ာ္သူ။ ။“ျမစ္ဝကၽြန္းေပၚေဒသ သုေတသနေတြအတြက္ တကယ္ကို အရွိန္ဟုန္ ျမင့္ျမင့္ ရလာတာကေတာ့ ၂၀၁၂ ခုႏွစ္ေနာက္ပိုင္းမွာ ျဖစ္ပါတယ္။ ပထမပိုင္းတုန္းကေတာ့ မိုးေလဝႆနဲ႔ ျမစ္ေခ်ာင္းေတြကေန တိုင္းတာလုိ႔ ရတဲ့ အခ်က္လက္ေတြေပၚ ၾကည့္ၿပီးေတာ့ ေရးၾကတဲ့ သုေတသနစာတမ္းေတြ မ်ားပါတယ္။ အထူးသျဖင့္ကေတာ့ ပထဝီ၊ ေနာက္ခံနဲ႔ background ကေနသြားၾကတယ္။ ပထဝီ background ကို ဘာေၾကာင့္ သံုးၾကသလဲ ဆိုေတာ့ ၿဂိဳဟ္တုကေန ရတဲ ့အခ်က္လက္ ေဒတာေတြ GIS ေတြ ဘာေတြက အရမ္းကို အသံုးဝင္လို႔ပါ။ အဲဒါကိုမွာ ဒီ ၂၀၁၂ ေနာက္ပို္င္းက်ေတာ့ တကယ္ကို ဘယ္လို ေျပာင္းလဲ လာသလဲ ဆုိေတာ့ marine geology အပိုင္း ျဖစ္လာၿပီ။ အဏၰဝါ သုေတသန။ ဘာလို႔လည္း ဆိုေတာ့ သေဘၤာနဲ႔ ေရထဲအထိ ဆင္းလာၿပီး တိုင္းထြာတဲ့ အဆင့္ေတြ ျဖစ္လာပါတယ္။ အဲဒီမွာ က်ေနာ္တို႔ ေတြ႔လာရတဲ့ အခ်က္ေတြက ပိုၿပီးမ်ားလာပါတယ္။ အဲဒါက သေဘၤာေပၚကေန က်ေနာ္တို႔ေတြ အသံလႈိင္းနဲ႔ ဖမ္းၿပီးေတာ့ ပင္လယ္ၾကမ္းျပင္က ေျမလႊာ အေနထားကို တိုင္းတာတာရယ္၊ core လို႔ေခၚတဲ့ ၃ မီတာေလာက္ ရွိတဲ့ တြင္းနမူနာ ေလးေတြကို ပင္လယ္ ေက်ာက္ၾကမ္းျပင္ကေန ယူၿပီးေတာ့ ေနရာ အမ်ားႀကီးကေန တိုင္းပါတယ္။”

ဧရာဝတီျမစ္ဝကၽြန္းေပၚေဒသ အနည္က်မႈကို ေလ့လာဆဲျဖစ္ေပမယ့္ လက္ရွိမွာပဲ အေရးပါတဲ့အခ်က္ေတြ ေတြ႔ေနရပါၿပီ။

ေဒါက္တာမိုးေက်ာ္သူ။ ။“ဘာေတြ ရွာေဖြေတြ႔ရွိလဲ ဆိုေတာ့ ပထမတခ်က္က ဧရာဝတီျမစ္ဝကၽြန္းေပၚ ႀကီး ျဖစ္လာတဲ့ ဥစၥာက ဒီ ဟသၤာတ ကေနၿပီးေတာ့မွ အခု လက္ရွိပင္လယ္ကမ္းရိုးတန္း ရွိတဲ့ ေနရာအထိ စုစုေပါင္း ကီလိုမီတာ ၂၇၀ (၁၆ရ မိုင္) ရွိပါတယ္။ တိုက္ရိုက္တိုင္းလိုက္မယ္ ဆိုရင္။ ဒီ ကီလုိမီတာ ၂၇၀ ေလာက္ ျဖစ္တည္လာတဲ့ သမို္င္းေၾကာင္းက အႏွစ္ ၇၀၀၀ ေလာက္ပဲ ရွိပါေသးတယ္ ခင္ဗ်။ ဒီအႏွစ္ ၇၀၀၀ ဆိုတဲ့ သေဘာက ၁၀ ႏွစ္ ေနလိုက္ရင္ ၁ ကီလိုမီတာ 1 km ေရြ ႔ဖို႔အတြက္ ဆို ပ်မ္းမွ် တြက္ရင္ ၂၆ ႏွစ္ဆို တကီလိုမီတာ ေလာက္အထိ က်ယ္လာမယ့္ သေဘာပါ။ ဒါေပမယ့္ အဲဒီလို ပ်မ္းမွ်ေတာ့ ယူလို႔ မရပါဘူးခင္ဗ်။ ဘာျဖစ္လို႔လည္း ဆိုေတာ့ က်ေနာ္တုိ႔ သက္တမ္းအလိုက္ လိုက္ၿပီးတြက္တဲ့ အခ်ိန္မွာ ပထမဆံုးႏွစ္ တေထာင္ေပါ့ေနာ္။ လြန္ခဲ့တဲ့ အႏွစ္ ၆၀၀၀ ကေန အႏွစ္ ၇၀၀၀ အတြင္းမွာ သြားတဲ့ ပမာဏက ဟသၤာတကေန ၿပီးေတာ့ ပုသိမ္ၿမိဳ႕ အနားေလာက္အထိကို ျမစ္ဝကၽြန္းေပၚ အက်ယ္ႀကီးသြားတာ။ သူကေတာ့ အျမန္ဆံုးေပါ့။ အဲဒီေနာက္ပိုင္းမွာ ေျဖးေျဖးခ်င္း ေႏွးလာပါတယ္။ အခုေနာက္ဆံုး လြန္ခဲ့တဲ့ အႏွစ္ တရာမွာ အနည္က်တဲ့ဟာက အရမ္းကို သိသိသာသာႀကီး ေႏွးလာပါတယ္။

လြန္ခဲ့တဲ့ ႏွစ္တရာမွာ အနည္က်မႈ ဘာေၾကာင့္ သိသိသာသာ ေႏွးလာရတာပါလဲ။

ေဒါက္တာမိုးေက်ာ္သူ။ ။“လြန္ခဲ့တဲ့ ႏွစ္တရာေလာက္မွာ ဘာေၾကာင့္အနည္က်တာက အရမ္းကို နဲသြားရသလဲ ဆိုတာနဲ႔ ပတ္သက္ၿပီးေတာ့ ေၾကာင့္ ပထမေကာက္ခ်က္ခ်လို႔ ရတာက ရာသီဥတု ပံုစံေတြ ေျပာင္းလဲသြားတာရယ္၊ မိုးရြာတာေတြ ေျပာင္းလို႔ပါ။ ဟိမဝႏၱာဘက္ကေန လာတဲ့ ေရစီးလာတဲ့ ပမာဏ ခုလို ဘာေၾကာင့္ျဖစ္သြားလဲ ဆိုတာကိုေတာ့ ေလ့လာတဲ့ အဆင့္မွာပဲ ရွိပါေသးတယ္။ တိတိက်က် သံုးသပ္တဲ့ အဆင့္ မေရာက္ေသးပါဘူး။”

ျမစ္ဝကၽြန္းေပၚကေန ပင္လယ္ထဲကို ဆက္ၿပီးက်တဲ့ အနည္ေတြကိုေတာ့ သေဘၤာနဲ႔သြားေရာက္ တိုင္းတာၿပီး ေလ့လာရပါတယ္။ ဒီအခါမွာ အနည္ေတြအေပၚ သက္ေရာက္တဲ့ ေျပာင္းလဲႏိုင္တဲ့ အေျခေန ၄ မ်ိဳးကို ေတြ႔ရတယ္လို႔ ေျပာပါတယ္။

ေဒါက္တာမိုးေက်ာ္သူ။ ။“ပထမဆံုး အဆင့္ကေတာ့ ျမစ္ကေနတဆင့္ စီးဆင္းလာတဲ့ အတြက္ေၾကာင့္မို႔လို႔၊ ပါလာတဲ့ အနည္ေတြ ေပါ့ေနာ္။ ၿပီးေတာ့မွတခါ ပင္လယ္ကေနၿပီးေတာ့ ဒီေရ အတက္အက် ကေနၿပီးေတာ့ အေျပာင္းအလဲ ျဖစ္တဲ့ဟာေပါ့။ ပင္လယ္ဝ ကေန ေစာင့္ၿပီးေတာ့ေရြ႕တာ မို႔လို႔ ဒီဟာေပၚမူတည္ၿပီး အတက္အက် အေျပာင္းအလဲ ျဖစ္တာပါ။ တတိယ တမ်ိဳးကေတာ့ ေလထဲကေနၿပီးေတာ့ ရာသီဥတုေၾကာင့္ ျဖစ္တဲ့ဥစၥာေတြ အပိုင္းေတြ။ စတုတၳအခ်က္ကေတာ့ ေနာက္ဆံုးအခ်က္ကေတာ့ ဘူမိေဗဒပါ။ ဘာလို႔လည္း ဆိုေတာ့ က်ေနာ္တို႔ ဒီျမစ္ဝကၽြန္းေပၚႀကီးရဲ့ အေရွ႕ဘက္မွာ ကပ္ရက္က စစ္ကိုင္း ျပတ္ေရြ႕ႀကီး ရွိေနၿပီး၊ အဲဒီ စစ္ကိုင္းျပတ္ေရြ႕ႀကီးက ပင္လယ္ထဲ အထိ ဆင္းသြားၿပီးေတာ့ ဒီ spreading center ဆိုၿပီးေတာ့ ဒီ Andaman မုတၱမပင္လယ္ေကြ႔ ေဒသမွာ ေရြ႕ၿပီးေတာ့ ခ်ဲ႕ေနတဲ့ အပိုင္းေလးေတြ ရွိေနပါတယ္။ အဲဒီ ျပတ္ေရြ႕ႀကီးကေန ၿပီးေတာ့ ျဖစ္တဲ့အခ်က္အလက္က အဓိကကေတာ့ မုတၱမပင္လယ္ေကြ႔နဲ႔ စစ္ေတာင္းနဲ႔ သံလြင္ျမစ္ရဲ့ ၾကားေနရာေတြမွာ အရမ္းေရြ႕တယ္။ တခုနဲ႔တခုက ခ်ိတ္ဆက္ကလည္း အရမ္းရွိေနတဲ့ အတြက္ေၾကာင့္ ဘူမိေဗဒ အခ်က္လက္ အေနနဲ႔ ဒီစစ္ကိုင္း ျပတ္ေရြ႕ႀကီးေၾကာင့္ ေရြ႕လိုက္ခ်ိန္မွာ ရွိေနတဲ့ ဒီအနည္ေတြရဲ့ အေျပာင္းအလဲကလည္း၊ ဒီေရေၾကာင့္ ျဖစ္တဲ့ဥစၥာနဲ႔ မုန္တိုင္းေၾကာင့္ ဝင္လာတဲ့ ေလအား၊ ေရအားေတြေၾကာင့္ ေျပာင္းတဲ့ဥစၥာေတြကို တခါ ထပ္ၿပီးေတာ့ လွည့္လိုက္တာမ်ိဳး ျဖစ္တဲ့အတြက္ေၾကာင့္ ေနာက္ဆံုးေတြ႔ရွိခ်က္ အရဆိုရင္ အေျပာင္းအလဲ factors ေတြ ေတြ႔ရတဲ့ဥစၥာက ဒီ ၄ မ်ိဳးေပၚမူတည္ေနတာကို ေတြ႔ရပါတယ္။”

ဒီလိုအေျပာင္းအလဲေတြကို ေလ့လာမႈအတြက္ ရည္ရြယ္ခ်က္က ၂ ခု ရွိပါတယ္တဲ့။

ေဒါက္တာမိုးေက်ာ္သူ။ ။“က်ေနာ္ရဲ့ ပထမဆံုး လြန္ခဲ့တဲ့ ႏွစ္ ၂၀ ေက်ာ္က စခဲ့တဲ့ စိတ္ဝင္စားခဲ့တဲ့ အခ်က္ကေတာ့ ဧရာဝတီျမစ္ဝ ပင္လယ္ထဲကေန ေစာင့္ၿပီးေတာ့ ဒီ မီတာ ၅၀ - မီတာ တရာေလာက္ ရွိတဲ့ အနည္ေတြကို တူးယူလိုက္ၿပီးေတာ့မွ အဲဒီ core sample နမူနာေတြကို အေသးစိတ္ၿပီး ေနာက္ဆံုးေပၚ ဘူမိဓါတုေဗဒ ေပါ့ေနာ္။ geochemistry analysis ေတြ လုပ္လိုက္မယ္၊ chemical analysis ေတြ လုပ္လိုက္မယ္ ဆိုရင္ အခု လက္ရွိ မႏွစ္ကအထိ လုပ္ႏုိင္ခဲ့တာက 3 meter ပဲ ရွိေသးတယ္ sediment core - အနက္ ေပ ၁၀ ေပ ေလာက္အထိပဲ အနည္နမူနာ ေကာက္ႏုိင္ေသးတယ္။ ၃ မီတာေလာက္ပဲ ျဖစ္တဲ့အတြက္ သူတို႔ကေန ျပန္ၾကည့္ႏိုင္တဲ့ႏွစ္က ေထာင္ဂဏန္း ေသာင္းဂဏန္းပဲ ရွိေသးတယ္။ က်ေနာ္တို႔က အဲဒီထက္ ပို ေက်ာ္ၿပီး ၾကည့္ခ်င္တာပါ။

ဟိမဝႏၱာ ေတာင္တန္းႀကီး ျဖစ္လာတာက လြန္ခဲ့တဲ့ႏွစ္ သန္း ၂၂၀ - ၂၅ သန္းကေန စၿပီး ေတာင္တန္းႀကီး ျမင့္တက္လာ၊ ျမင့္တက္လာၿပီးေတာ့မွ ျမစ္ႀကီးေတြ စီး၊ ျမစ္ႀကီးေတြစီးၿပီးမွ မုတ္သုန္ရာသီ ဥတုေတြ ျဖစ္လာတယ္။ ဒါေတြ အားလံုးဟာ ဒီ အာရွတိုက္ရဲ့ ရာသီဥတု ေျပာင္းလဲမႈေတြ ေျမလႊာေျပာင္းလဲမႈေတြ၊ စိုက္ပ်ိဳးေရးေတြ ေပၚမွာ သက္ေရာက္ေနတဲ့အတြက္ေၾကာင့္ မို႔လို႔ အဲဒီရာဇဝင္ကို က်ေနာ္တို႔က သိႏိုင္ေအာင္ ဆိုၿပီးေတာ့ မီတာ ၅၀- မီတာ ၁၀၀ ေလာက္အထိကို နက္တဲ့တြင္း တူးၿပီး sample အနည္ နမူနာယူဖို႔ ဆိုတာက အဓိက ရည္ရြယ္ခ်က္ပါ။ ဒါေပမယ့္ အဲဒီ ရာဇဝင္ကို သိရံု တခုေလးနဲ႔ ဘာေတြ သိႏိုင္မလဲ ဆိုေတာ့ ေျပာင္းလဲလာတာေတြ၊ လူ႔အဖြဲ႔အစည္း ေျပာင္းလဲလာတာေတြကို ပါ။ သေဘာက ရာသီဥတုက အရမ္းသိသိသာသာႀကီး ေျပာင္းလဲသြားတယ္ ဆိုရင္ ဟိုးေရွးေရွးတုန္းက လြန္ခဲ့တဲ့ အႏွစ္ ၅၀၀ - ႏွစ္ တေထာင္၊ ႏွစ္ ၂၀၀၀ ဆိုတဲ့ ၿမိဳ႕ျပ ႏိုင္ငံေတြ ဆိုတာက အပူခ်ိန္ ၁ ဒီဂရီ - ၂ ဒီဂရီ ေျပာင္းလဲတာ နဲ႔တင္ ပ်က္တယ္။ ပ်က္စီးသြားႏုိင္တဲ့ အေျခေန၊ ပ်က္လည္း ပ်က္ခဲ့ဘူးတယ္။ ဆိုေတာ့ အဲဒါေတြကို က်ေနာ္တို႔က ေလ့လာတာ။ အဲဒါက ပထမ တခု။

ဒုတိယတခုကေတာ့ ငလ်င္ႀကီးေတြ၊ ဘယ္ေလာက္အထိ လႈပ္ခဲ့သလဲ။ က်န္ခဲ့တဲ့ အႏွစ္ ၂၀၀၀ - ၃၀၀၀ အတြင္းမွာ အဲဒီငလ်င္ႀကီးေတြက ဘယ္ေလာက္အထိ သက္ေရာက္တဲ့ ဟာလည္း၊ ဆိုတာေတြကို က်ေနာ္တို႔ သိခ်င္တာ ဒီ ၂ ခ်က္ပါ။ အဲေတာ့ အဲဒီ ၂ ခုကို အဓိကထားၿပီး ေလ့လာဖုိ႔ ရည္မွန္း ေနေပမယ့္ အခု က်ေနာ္တို႔ရဲ့ လက္ရွိအေျခေန ဘ႑ာေရး အေျခေနေတြ၊ ပညာရွင္ေတြရဲ့ လုပ္ႏိုင္တဲ့ အေျခေနေတြအရ ` ၃ မီတာေလာက္ရွိတဲ့ core sample ေတြ၊ ဒီျမစ္ဝ ကၽြန္းေပၚေဒသမွာ ဆိုရင္ ဒီ ရန္ကုန္တကၠသိုလ္ ပထဝီဌာနေတြကေန လုပ္ေနတဲ့ သုေတသန ေလးေတြ ကေနၿပီးေတာ့ ရတဲ့ ရလဒ္ေလးေတြကေတာ့ သူက ႏွစ္ ရာဂဏန္း- ေထာင္ဂဏန္းေလာက္ပဲ သိေသးတဲ့ အဆင့္ပဲ ရွိပါေသးတယ္။”

ေဒါက္တာ မိုးေက်ာ္သူပါ။ ဒီလို ေတြ႔ရွိခ်က္ေတြကေန ျမစ္ဝကၽြန္းေပၚေဒသမွာ ဘာအႏၱရာယ္ေတြ က်လာႏိုင္တယ္ ဆိုတာနဲ႔ ေရွ႕ဆက္ ဘယ္လိုေလ့လာမႈေတြ လုပ္မယ္ ဆိုတာကို ေနာက္တပတ္မွာ တင္ျပေပးမွာပါ။

unicode

သိပ္ပံနဲ့နည်းပညာ (ဒေါ်ခင်မျိုးသက်)

မြန်မာ့ရာဇဝင်ကို ပြောပြမယ့် ဧရာဝတီမြစ်ဝ အနည်များ လေ့လာရေး အပိုင်း ၁

မြန်မာနိုင်ငံရဲ့ မိခင်မြစ်ကြီးဖြစ်တဲ့ ဧရာဝတီက မြန်မာ့ရာဇဝင်ကို ပြောနိုင်ပါသလား။ ဧရာဝတီမြစ်စီးဝင်ရာ ကမ်းလွန်ပင်လယ်က အနည်ကျကျောက်တွေကို လေ့လာရင် မြန်မာနိုင်ငံရဲ့ ဖြစ်တည်မှု သမိုင်းကို သိနိုင်တယ်လို့ ဂျပန်အဏ္ဏဝါ ဘူမိသိပ္ပံနဲ့ နည်းပညာဌာနက ဒေါက်တာမိုးကျော်သူက ပြောပါတယ်။ ဒီလိုသိနိုင်ဖို့ လေ့လာမှုတွေ လုပ်နေတဲ့ အကြောင်း ဒီတပတ်မှာ ပြောပြပေးမှာပါ။

မြန်မာနိုင်ငံ့ မြောက်ဖျားမှာ ဟိမဝန္တာကနေ သွယ်တန်းလာတဲ့ တောင်တန်းတွေကြားကနေ အလယ်ပိုင်းက မြေပြန့်တွေကိုဖြတ်ပြီး တောင်ဘက် ပင်လယ်သမုဒ္ဒရာထဲကို စီးဝင်တဲ့ ပင်မမြစ်ကြီးက ဧရာဝတီ ဖြစ်သလို အရှေ့ဘက်ကုန်းပြင်မြင့်မှာ တောတောင်တွေဖြတ်ပြီး တောင်ဘက်က ပင်လယ်သမုဒ္ဒရာထဲကို စီးဝင်တာက သံလွင်မြစ်ပါ။ သူတို့ စီးဝင်ရာ ဧရာဝတီကမ်းလွန်၊ မုတ္တမပင်လယ်ကွေ့ထဲ ပို့ချတဲ့ ဒီအနည်တွေကနေ မြန်မာ့ရာဇဝင်ကို ပြောပြနိုင်ပါတယ်တဲ့။

ကမ္ဘာ့မြစ်ကြီးတွေဟာ ရေစီးနဲ့အတူ သူတို့သယ်ယူလာတဲ့ အနည်တွေကို ပင်လယ်သမုဒ္ဒရာတွေထဲ ပို့ချကြပါတယ်။ ဒီအထဲမှာ ဧရာဝတီတို့ သံလွင်တို့လို မြစ်ကြီးတွေကနေ ပို့ချတဲ့အနည်တွေက သိပ်ကိုအရေးပါတယ်လို့ ဒေါက်တာမိုးကျော်သူက ပြောပါတယ်။

ဒေါက်တာမိုးကျော်သူ။ ။“ဧရာဝတီမြစ်ကြီး ဘယ်လောက် အရေးပါတယ် ဆိုတာကို ကျနော် နဲနဲလေး ပြောပြချင်ပါတယ်။ ဟိမဝန္တာနဲ့ တိဘက် တောင်ကုန်းတွေကနေ သယ်လာတဲ့ အနည်တွေက ပင်လယ်ထဲကို ပို့ချတဲ့ ဥစ္စာက တနှစ်ကို တန်ချိန် သန်းပေါင်း ၃၀၀ ရှိပါတယ် ခင်ဗျ။ အနည်တွေ ချည်းပဲ။ ဆိုတော့ သူက ဘယ်လောက် အဆင့်ရှိနေလဲ ဆိုရင် ဟိမဝန္တာ တောင်တန်းကြီးကနေ ပြီးတော့ သူက ကမ္ဘာတခုလုံးမှာ ပို့ချတဲ့ အနည်တွေ ၂၀ % လောက်ကို ဒီ ဧရာဝတီမြစ်၊ သံလွင်မြစ်က ပို့ချတဲ့ အဆင့်ရှိသလိုမျိုး ဒီ အနည်ကလည်း အနည်အားလုံးရဲ့ စုစုပေါင်း ပမာဏက ကမ္ဘာမှာ နံပတ် ၄ အဆင့်လောက် အထိကို များပါတယ်။”

ဒီလို အနည်ကျမှု များပြားကြီးမားတဲ့ ဧရာဝတီနဲ့ ချင်းတွင်း မြစ်ကြောင်းတွေမှာကျတဲ့ အနည်တွေကို သုတေသန ပညာရှင်တွေ လေ့လာနေကြတာပါ။

ဒေါက်တာမိုးကျော်သူ။ ။“မြစ်ဝကျွန်းပေါ်ဒေသ သုတေသနတွေအတွက် တကယ်ကို အရှိန်ဟုန် မြင့်မြင့် ရလာတာကတော့ ၂၀၁၂ ခုနှစ်နောက်ပိုင်းမှာ ဖြစ်ပါတယ်။ ပထမပိုင်းတုန်းကတော့ မိုးလေဝဿနဲ့ မြစ်ချောင်းတွေကနေ တိုင်းတာလို့ ရတဲ့ အချက်လက်တွေပေါ် ကြည့်ပြီးတော့ ရေးကြတဲ့ သုတေသနစာတမ်းတွေ များပါတယ်။ အထူးသဖြင့်ကတော့ ပထဝီ၊ နောက်ခံနဲ့ background ကနေသွားကြတယ်။ ပထဝီ background ကို ဘာကြောင့် သုံးကြသလဲ ဆိုတော့ ဂြိုဟ်တုကနေ ရတဲ့အချက်လက် ဒေတာတွေ GIS တွေ ဘာတွေက အရမ်းကို အသုံးဝင်လို့ပါ။ အဲဒါကိုမှာ ဒီ ၂၀၁၂ နောက်ပိုင်းကျတော့ တကယ်ကို ဘယ်လို ပြောင်းလဲ လာသလဲ ဆိုတော့ marine geology အပိုင်း ဖြစ်လာပြီ။ အဏ္ဏဝါ သုတေသန။ ဘာလို့လည်း ဆိုတော့ သင်္ဘောနဲ့ ရေထဲအထိ ဆင်းလာပြီး တိုင်းထွာတဲ့ အဆင့်တွေ ဖြစ်လာပါတယ်။ အဲဒီမှာ ကျနော်တို့ တွေ့လာရတဲ့ အချက်တွေက ပိုပြီးများလာပါတယ်။ အဲဒါက သင်္ဘောပေါ်ကနေ ကျနော်တို့တွေ အသံလှိုင်းနဲ့ ဖမ်းပြီးတော့ ပင်လယ်ကြမ်းပြင်က မြေလွှာ အနေထားကို တိုင်းတာတာရယ်၊ core လို့ခေါ်တဲ့ ၃ မီတာလောက် ရှိတဲ့ တွင်းနမူနာ လေးတွေကို ပင်လယ် ကျောက်ကြမ်းပြင်ကနေ ယူပြီးတော့ နေရာ အများကြီးကနေ တိုင်းပါတယ်။”

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ အနည်ကျမှုကို လေ့လာဆဲဖြစ်ပေမယ့် လက်ရှိမှာပဲ အရေးပါတဲ့အချက်တွေ တွေ့နေရပါပြီ။

ဒေါက်တာမိုးကျော်သူ။ ။“ဘာတွေ ရှာဖွေတွေ့ရှိလဲ ဆိုတော့ ပထမတချက်က ဧရာဝတီမြစ်ဝကျွန်းပေါ် ကြီး ဖြစ်လာတဲ့ ဥစ္စာက ဒီ ဟင်္သာတ ကနေပြီးတော့မှ အခု လက်ရှိပင်လယ်ကမ်းရိုးတန်း ရှိတဲ့ နေရာအထိ စုစုပေါင်း ကီလိုမီတာ ၂၇၀ (၁၆ရ မိုင်) ရှိပါတယ်။ တိုက်ရိုက်တိုင်းလိုက်မယ် ဆိုရင်။ ဒီ ကီလိုမီတာ ၂၇၀ လောက် ဖြစ်တည်လာတဲ့ သမိုင်းကြောင်းက အနှစ် ၇၀၀၀ လောက်ပဲ ရှိပါသေးတယ် ခင်ဗျ။ ဒီအနှစ် ၇၀၀၀ ဆိုတဲ့ သဘောက ၁၀ နှစ် နေလိုက်ရင် ၁ ကီလိုမီတာ 1 km ရွေ့ဖို့အတွက် ဆို ပျမ်းမျှ တွက်ရင် ၂၆ နှစ်ဆို တကီလိုမီတာ လောက်အထိ ကျယ်လာမယ့် သဘောပါ။ ဒါပေမယ့် အဲဒီလို ပျမ်းမျှတော့ ယူလို့ မရပါဘူးခင်ဗျ။ ဘာဖြစ်လို့လည်း ဆိုတော့ ကျနော်တို့ သက်တမ်းအလိုက် လိုက်ပြီးတွက်တဲ့ အချိန်မှာ ပထမဆုံးနှစ် တထောင်ပေါ့နော်။ လွန်ခဲ့တဲ့ အနှစ် ၆၀၀၀ ကနေ အနှစ် ၇၀၀၀ အတွင်းမှာ သွားတဲ့ ပမာဏက ဟင်္သာတကနေ ပြီးတော့ ပုသိမ်မြို့ အနားလောက်အထိကို မြစ်ဝကျွန်းပေါ် အကျယ်ကြီးသွားတာ။ သူကတော့ အမြန်ဆုံးပေါ့။ အဲဒီနောက်ပိုင်းမှာ ဖြေးဖြေးချင်း နှေးလာပါတယ်။ အခုနောက်ဆုံး လွန်ခဲ့တဲ့ အနှစ် တရာမှာ အနည်ကျတဲ့ဟာက အရမ်းကို သိသိသာသာကြီး နှေးလာပါတယ်။

လွန်ခဲ့တဲ့ နှစ်တရာမှာ အနည်ကျမှု ဘာကြောင့် သိသိသာသာ နှေးလာရတာပါလဲ။

ဒေါက်တာမိုးကျော်သူ။ ။“လွန်ခဲ့တဲ့ နှစ်တရာလောက်မှာ ဘာကြောင့်အနည်ကျတာက အရမ်းကို နဲသွားရသလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့ ကြောင့် ပထမကောက်ချက်ချလို့ ရတာက ရာသီဥတု ပုံစံတွေ ပြောင်းလဲသွားတာရယ်၊ မိုးရွာတာတွေ ပြောင်းလို့ပါ။ ဟိမဝန္တာဘက်ကနေ လာတဲ့ ရေစီးလာတဲ့ ပမာဏ ခုလို ဘာကြောင့်ဖြစ်သွားလဲ ဆိုတာကိုတော့ လေ့လာတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်။ တိတိကျကျ သုံးသပ်တဲ့ အဆင့် မရောက်သေးပါဘူး။”

မြစ်ဝကျွန်းပေါ်ကနေ ပင်လယ်ထဲကို ဆက်ပြီးကျတဲ့ အနည်တွေကိုတော့ သင်္ဘောနဲ့သွားရောက် တိုင်းတာပြီး လေ့လာရပါတယ်။ ဒီအခါမှာ အနည်တွေအပေါ် သက်ရောက်တဲ့ ပြောင်းလဲနိုင်တဲ့ အခြေနေ ၄ မျိုးကို တွေ့ရတယ်လို့ ပြောပါတယ်။

ဒေါက်တာမိုးကျော်သူ။ ။“ပထမဆုံး အဆင့်ကတော့ မြစ်ကနေတဆင့် စီးဆင်းလာတဲ့ အတွက်ကြောင့်မို့လို့၊ ပါလာတဲ့ အနည်တွေ ပေါ့နော်။ ပြီးတော့မှတခါ ပင်လယ်ကနေပြီးတော့ ဒီရေ အတက်အကျ ကနေပြီးတော့ အပြောင်းအလဲ ဖြစ်တဲ့ဟာပေါ့။ ပင်လယ်ဝ ကနေ စောင့်ပြီးတော့ရွေ့တာ မို့လို့ ဒီဟာပေါ်မူတည်ပြီး အတက်အကျ အပြောင်းအလဲ ဖြစ်တာပါ။ တတိယ တမျိုးကတော့ လေထဲကနေပြီးတော့ ရာသီဥတုကြောင့် ဖြစ်တဲ့ဥစ္စာတွေ အပိုင်းတွေ။ စတုတ္ထအချက်ကတော့ နောက်ဆုံးအချက်ကတော့ ဘူမိဗေဒပါ။ ဘာလို့လည်း ဆိုတော့ ကျနော်တို့ ဒီမြစ်ဝကျွန်းပေါ်ကြီးရဲ့ အရှေ့ဘက်မှာ ကပ်ရက်က စစ်ကိုင်း ပြတ်ရွေ့ကြီး ရှိနေပြီး၊ အဲဒီ စစ်ကိုင်းပြတ်ရွေ့ကြီးက ပင်လယ်ထဲ အထိ ဆင်းသွားပြီးတော့ ဒီ spreading center ဆိုပြီးတော့ ဒီ Andaman မုတ္တမပင်လယ်ကွေ့ ဒေသမှာ ရွေ့ပြီးတော့ ချဲ့နေတဲ့ အပိုင်းလေးတွေ ရှိနေပါတယ်။ အဲဒီ ပြတ်ရွေ့ကြီးကနေ ပြီးတော့ ဖြစ်တဲ့အချက်အလက်က အဓိကကတော့ မုတ္တမပင်လယ်ကွေ့နဲ့ စစ်တောင်းနဲ့ သံလွင်မြစ်ရဲ့ ကြားနေရာတွေမှာ အရမ်းရွေ့တယ်။ တခုနဲ့တခုက ချိတ်ဆက်ကလည်း အရမ်းရှိနေတဲ့ အတွက်ကြောင့် ဘူမိဗေဒ အချက်လက် အနေနဲ့ ဒီစစ်ကိုင်း ပြတ်ရွေ့ကြီးကြောင့် ရွေ့လိုက်ချိန်မှာ ရှိနေတဲ့ ဒီအနည်တွေရဲ့ အပြောင်းအလဲကလည်း၊ ဒီရေကြောင့် ဖြစ်တဲ့ဥစ္စာနဲ့ မုန်တိုင်းကြောင့် ဝင်လာတဲ့ လေအား၊ ရေအားတွေကြောင့် ပြောင်းတဲ့ဥစ္စာတွေကို တခါ ထပ်ပြီးတော့ လှည့်လိုက်တာမျိုး ဖြစ်တဲ့အတွက်ကြောင့် နောက်ဆုံးတွေ့ရှိချက် အရဆိုရင် အပြောင်းအလဲ factors တွေ တွေ့ရတဲ့ဥစ္စာက ဒီ ၄ မျိုးပေါ်မူတည်နေတာကို တွေ့ရပါတယ်။”

ဒီလိုအပြောင်းအလဲတွေကို လေ့လာမှုအတွက် ရည်ရွယ်ချက်က ၂ ခု ရှိပါတယ်တဲ့။

ဒေါက်တာမိုးကျော်သူ။ ။“ကျနော်ရဲ့ ပထမဆုံး လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က စခဲ့တဲ့ စိတ်ဝင်စားခဲ့တဲ့ အချက်ကတော့ ဧရာဝတီမြစ်ဝ ပင်လယ်ထဲကနေ စောင့်ပြီးတော့ ဒီ မီတာ ၅၀ - မီတာ တရာလောက် ရှိတဲ့ အနည်တွေကို တူးယူလိုက်ပြီးတော့မှ အဲဒီ core sample နမူနာတွေကို အသေးစိတ်ပြီး နောက်ဆုံးပေါ် ဘူမိဓါတုဗေဒ ပေါ့နော်။ geochemistry analysis တွေ လုပ်လိုက်မယ်၊ chemical analysis တွေ လုပ်လိုက်မယ် ဆိုရင် အခု လက်ရှိ မနှစ်ကအထိ လုပ်နိုင်ခဲ့တာက 3 meter ပဲ ရှိသေးတယ် sediment core - အနက် ပေ ၁၀ ပေ လောက်အထိပဲ အနည်နမူနာ ကောက်နိုင်သေးတယ်။ ၃ မီတာလောက်ပဲ ဖြစ်တဲ့အတွက် သူတို့ကနေ ပြန်ကြည့်နိုင်တဲ့နှစ်က ထောင်ဂဏန်း သောင်းဂဏန်းပဲ ရှိသေးတယ်။ ကျနော်တို့က အဲဒီထက် ပို ကျော်ပြီး ကြည့်ချင်တာပါ။

ဟိမဝန္တာ တောင်တန်းကြီး ဖြစ်လာတာက လွန်ခဲ့တဲ့နှစ် သန်း ၂၂၀ - ၂၅ သန်းကနေ စပြီး တောင်တန်းကြီး မြင့်တက်လာ၊ မြင့်တက်လာပြီးတော့မှ မြစ်ကြီးတွေ စီး၊ မြစ်ကြီးတွေစီးပြီးမှ မုတ်သုန်ရာသီ ဥတုတွေ ဖြစ်လာတယ်။ ဒါတွေ အားလုံးဟာ ဒီ အာရှတိုက်ရဲ့ ရာသီဥတု ပြောင်းလဲမှုတွေ မြေလွှာပြောင်းလဲမှုတွေ၊ စိုက်ပျိုးရေးတွေ ပေါ်မှာ သက်ရောက်နေတဲ့အတွက်ကြောင့် မို့လို့ အဲဒီရာဇဝင်ကို ကျနော်တို့က သိနိုင်အောင် ဆိုပြီးတော့ မီတာ ၅၀- မီတာ ၁၀၀ လောက်အထိကို နက်တဲ့တွင်း တူးပြီး sample အနည် နမူနာယူဖို့ ဆိုတာက အဓိက ရည်ရွယ်ချက်ပါ။ ဒါပေမယ့် အဲဒီ ရာဇဝင်ကို သိရုံ တခုလေးနဲ့ ဘာတွေ သိနိုင်မလဲ ဆိုတော့ ပြောင်းလဲလာတာတွေ၊ လူ့အဖွဲ့အစည်း ပြောင်းလဲလာတာတွေကို ပါ။ သဘောက ရာသီဥတုက အရမ်းသိသိသာသာကြီး ပြောင်းလဲသွားတယ် ဆိုရင် ဟိုးရှေးရှေးတုန်းက လွန်ခဲ့တဲ့ အနှစ် ၅၀၀ - နှစ် တထောင်၊ နှစ် ၂၀၀၀ ဆိုတဲ့ မြို့ပြ နိုင်ငံတွေ ဆိုတာက အပူချိန် ၁ ဒီဂရီ - ၂ ဒီဂရီ ပြောင်းလဲတာ နဲ့တင် ပျက်တယ်။ ပျက်စီးသွားနိုင်တဲ့ အခြေနေ၊ ပျက်လည်း ပျက်ခဲ့ဘူးတယ်။ ဆိုတော့ အဲဒါတွေကို ကျနော်တို့က လေ့လာတာ။ အဲဒါက ပထမ တခု။

ဒုတိယတခုကတော့ ငလျင်ကြီးတွေ၊ ဘယ်လောက်အထိ လှုပ်ခဲ့သလဲ။ ကျန်ခဲ့တဲ့ အနှစ် ၂၀၀၀ - ၃၀၀၀ အတွင်းမှာ အဲဒီငလျင်ကြီးတွေက ဘယ်လောက်အထိ သက်ရောက်တဲ့ ဟာလည်း၊ ဆိုတာတွေကို ကျနော်တို့ သိချင်တာ ဒီ ၂ ချက်ပါ။ အဲတော့ အဲဒီ ၂ ခုကို အဓိကထားပြီး လေ့လာဖို့ ရည်မှန်း နေပေမယ့် အခု ကျနော်တို့ရဲ့ လက်ရှိအခြေနေ ဘဏ္ဍာရေး အခြေနေတွေ၊ ပညာရှင်တွေရဲ့ လုပ်နိုင်တဲ့ အခြေနေတွေအရ ` ၃ မီတာလောက်ရှိတဲ့ core sample တွေ၊ ဒီမြစ်ဝ ကျွန်းပေါ်ဒေသမှာ ဆိုရင် ဒီ ရန်ကုန်တက္ကသိုလ် ပထဝီဌာနတွေကနေ လုပ်နေတဲ့ သုတေသန လေးတွေ ကနေပြီးတော့ ရတဲ့ ရလဒ်လေးတွေကတော့ သူက နှစ် ရာဂဏန်း- ထောင်ဂဏန်းလောက်ပဲ သိသေးတဲ့ အဆင့်ပဲ ရှိပါသေးတယ်။”

ဒေါက်တာ မိုးကျော်သူပါ။ ဒီလို တွေ့ရှိချက်တွေကနေ မြစ်ဝကျွန်းပေါ်ဒေသမှာ ဘာအန္တရာယ်တွေ ကျလာနိုင်တယ် ဆိုတာနဲ့ ရှေ့ဆက် ဘယ်လိုလေ့လာမှုတွေ လုပ်မယ် ဆိုတာကို နောက်တပတ်မှာ တင်ပြပေးမှာပါ။

XS
SM
MD
LG