သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်မဲ့ငြိမ်းချမ်းတဲ့ကမ္ဘာ တည်ဆောက်ဖို့ ဒလိုင်းလားမား တိုက်တွန်း


(Zawgyi/Unicode)

နိုင်ငံ့အစိုးရတွေ၊ အဖွဲ့အစည်းတွေနဲ့ လူတစ်ဦးချင်းစီ အနေနဲ့ လက်နက်မဲ့ ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးကို တည်ဆောက်ကြပါလို့ တိဘက် ဘုန်းတော်ကြီး Dalai Lama က ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားနဲ့ နာဂါစကီမြို့တွေအပေါ် အဏုမြူဗုံးကြဲချတဲ့ ၇၅နှစ် ပြည့်မြောက်တဲ့ မနေ့ ကြာပတေးနေ့က တိုက်တွန်းလိုက်ပါတယ်။

၂၀ရာစုနှစ်မှာ တိုးတက်မှုတွေ အများကြီးရရှိခဲ့ပေမဲ့ အဲဒီရာစုနှစ်ကအကြမ်းဖက်မှုတွေရှိခဲ့တဲ့ ခေတ်ကာလတစ်ခုဖြစ်ခဲ့ပြီး လူသန်း ပေါင်း ၂၀၀ ဝန်းကျင် သေဆုံးခဲ့ရကြောင်းနဲ့ရွံရှာဖွယ် နျူကလီးယား လက်နက်ကိုလည်း အသုံးပြုခဲ့ကြောင်း ဘုန်းတော်ကြီး ဒလိုင်းလားမားက ပြောပါတယ်။ အခုခေတ်မှာတော့ တဦးနဲ့တဦး အပြန်အလှန် မှီခိုနေရမှု Interdependent ပိုများလာတာကြောင့် ပိုပြီး ငြိမ်းချမ်းတဲ့ ရာစုနှစ်ကို တည်ဆောက်ဖို့ အခွင့်အရေး ပိုရတယ်လို့လည်း ဘုန်းတော်ကြီးက ထောက်ပြပါတယ်။

အစိုးရတွေ၊ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ် တစ်ဦးချင်စီတို့အနေနဲ့ ငြိမ်းချမ်းရေးရည်မှန်းချက်ကို ဘဝရဲ့ ပင်မအရာအဖြစ် သဘောထား ပြီး တစိုက်မတ်မတ် လုပ်ဆောင်ကြဖို့ဟီရိုရှီးမားနဲ့ နာဂါစကီမြို့တွေ အဏုမြူ ဗုံးကြဲခံရတဲ့ ၇၅ နှစ်ပြည့်မြောက်နေ့မှာ သူ့အနေနဲ့ တိုက်တွန်းလိုတယ်လို့လည်း ပြောပါတယ်။

ပဋိပက္ခတွေ ရှိလာရင် အင်အားမသုံးဘဲ ဆွေးနွေးပွဲတွေကနေ ဖြေရှင်းဖို့၊ နျူးကလီးယား လက်နက်ရဲ့ ခြိမ်းခြောက်မှုရန်ကို တိုက်ဖျက်ပစ်ဖို့နဲ့ အန္တိမ ရည်မှန်းချက်အဖြစ် လက်နက်မဲ့ ကမ္ဘာကြီးကို တည်ဆောက်ဖို့ လိုတယ်လို့လည်း တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


...............


(Unicode)





XS
SM
MD
LG