သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Dalai Lama အိန္ဒိယရောက် နှစ် ၆၀ ပြည့်အခမ်းအနားကျင်းပ


ဘုန်းတော်ကြီး Dalai Lama နယူးဒေလီမှာ လူထုပရိတ်သတ်နဲ့ အပြန်အလှန်ပြောဆိုဆွေးနွေး။ နိုဝင်ဘာ ၂၃၊ ၂၀၁၇။
ဘုန်းတော်ကြီး Dalai Lama နယူးဒေလီမှာ လူထုပရိတ်သတ်နဲ့ အပြန်အလှန်ပြောဆိုဆွေးနွေး။ နိုဝင်ဘာ ၂၃၊ ၂၀၁၇။

တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး ပြန်လည် တိုးတက်ကောင်းမွန်ဖို့ အိန္ဒိယနိုင်ငံက ကြိုးပမ်းနေချိန်မှာပဲ တိဘက်ဘာသာရေး ခေါင်းဆောင် ဘုန်းတော်ကြီး Dalai Lama ရဲ့ အိန္ဒိယရောက် နှစ် ၆၀ ပြည့်အခမ်းအနားကို ပျော်ပွဲရွင်ပွဲတွေနဲ့ တနှစ်ပတ်လုံးကျင်းပဖို့ တောင်ပေါ်မြို့ဖြစ်တဲ့ Dharamsala မှာစနေနေ့စတင်ကျင်းပပါတယ်။ ဒီပွဲကို ပြည်ပရောက် တိဘက်အစိုးရအဖွဲ့က ဦးဆောင်ကျင်းပတာပါ။

တိဘက် တို့ရဲ့ ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ လူမှုအဖွဲ့အစည်းကို ဖျက်ဆီးနေတယ်ဆိုပြီး တရုတ်တို့ကို စွပ်စွဲထားတဲ့ ပြည်ပရောက်တိဘက်အစိုးရအဖွဲ့ ဝန်ကြီးချုပ် Lobsang Sangay က Dalai Lama အနေနဲ့ သူ့ရဲ့ မွေးရပ်မြေကို ပြန်ပြီး ခြေချနိုင်ဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းလုပ်ကိုင်ဖို့ တိဘက်တို့ကို တိုက်တွန်းသွားပါတယ်။

ထာင်ပေါင်းများစွာသော တိဘက်လူမျိုးတို့ အသတ်ခံခဲ့ရသလို တိဘက်အရေးကြောင့်လည်း သေဆုံးခဲ့ရတဲ့အပြင် အတော်များများလည်း ကိုယ့်ကိုကိုယ်အရှင်လတ်လတ် မီးရှို့ ခဲ့ကြတယ်လို့သူကပြောပါတယ်။

ဘုန်းတော်ကြီး Dalai Lama ကလည်း ခက်ခဲတဲ့အခြေအနေအောက်မှာ ပြည်ပကို ထွက်ခွါလာရတယ်ဆိုပြီး ဝမ်းသာဝမ်းနည်း ခံစားမှုမျိုးဖြစ်ခဲ့ရတယ်လို့ပြောပါတယ်။ နောင် အနှစ် ၄၀-၅၀ ကြာရင်ဘာဖြစ်လာမလဲဆိုတာ မသိတဲ့အချိန်ရှိခဲ့ပေမယ့် ပြည်ပရောက်အနှစ် ၆၀ ပြည့်ကို ကျင်းပနေရတဲ့အတွက် မကြာခင်ဘာဖြစ်လာမလဲဆိုတာ အတိုင်းအတာတခုထိတော့ မြင်နိုင်ပါပြီလို့ ဘုန်းတော်ကြီး Dalai Lama ကပြောပါတယ်။

အိန္ဒိယ-တရုတ်ဆက်ဆံရေးမှာ သိပ်ကို ထိလွယ်ရှလွယ်ဖြစ်တဲ့ ကာလနဲ့ တိုက်ဆိုင်နေတဲ့အတွက် ဒီအခမ်းအနားနဲ့ ကင်းကင်းနေဖို့ အိန္ဒိယထိပ်တန်း ဗျူရိုကရက်တဦးက အဆင့်မြင့်ဝန်ကြီးတွေနဲ့ အရာရှိတွေကို ပြီးခဲ့တဲ့လက သတိပေးစာပေးပို့ခဲ့ပြီးတဲ့နောက် Thank You India လို့ခေါ်တဲ့ဒီအခမ်းအနားကို အိန္ဒိယမြို့တော်ကနေ Dharamsala တောင်ပေါ်မြို့ဆီပြောင်းရွှေ့ကျင်းပတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG