သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ေၾကာင့္ ကမၻာတလႊား ေသဆံုးရသူေပါင္း ၁.၂ သန္းေက်ာ္ရွိသြားၿပီ


နီေပါႏိုင္ငံတြင္ COVID-19 ေၾကာင့္ ေသဆံုးရသူတဦး ကို က်န္းမာေရး၀န္ထမ္းမ်ားက သယ္ေနစဥ္

(Zawgyi/Unicode)

ကမာၻတလႊား COVID-19 ေၾကာင့္ ေသဆံုးရသူ ၁.၂ သန္းေက်ာ္ေနၿပီျဖစ္ၿပီး အကူးစက္ခံရသူက ၄၆ သန္းခြဲေက်ာ္ (၄၆,၈၀၅,၇၁၀) ရွိေနၿပီလို႔ Johns Hopkins တကၠသိုလ္က ေကာက္ယူတဲ့ စစ္တမ္းမွာေဖၚျပပါတယ္။

ဥေရာပတိုက္မွာေတာ့ အကူးစက္ခံရသူ ဆယ္သန္းေက်ာ္ ရွိေနၿပီး COVID-19 ဒုတိယ အေက်ာ့ျဖစ္ပြားမႈ ဒဏ္ခံေနရတာေၾကာင့္ ဘယ္လ္ဂ်ီယံ၊ ၿဗိတိန္၊ ျပင္သစ္နဲ႔ ဂ်ာမဏီႏိုင္ငံေတြမွာ တႏိုင္ငံလံုး အတိုင္းအတာနဲ႔ အသြားအလာ ကန္႔သတ္မႈေတြ ခ်မွတ္ထားပါတယ္။

WHO ကမာၻ႔က်န္းမာေရးအဖြဲ႔ အႀကီးအကဲ Dr. Tedros Adhanom Ghebreyesus ကလည္း သူဟာ ဒီေရာဂါပိုးအကူးစက္ခံရသူ တဦးနဲ႔ ထိေတြ႔မႈ ရွိခဲ့တဲ့ အတြက္ သူ႔ဟာသူ quarantine လုပ္ သီးျခားခြဲေနေနေၾကာင္း တနဂၤေႏြေန႔မွာ ေၾကညာခဲ့ပါတယ္။ ဒီေရာဂါဆိုင္ရာ လကၡဏာျပတာေတာ့ မရွိေၾကာင္းနဲ႔ သူဟာ ေနအိမ္ကေနပဲ အလုပ္ဆက္လုပ္မွာ ျဖစ္ေၾကာင္း တြစ္တာကေန ေျပာပါတယ္။

တနလၤာေန႔ ဂ်နီဗာ သတင္းစာရွင္းလင္းပြဲမွာေတာ့ ႏိုင္ငံတခ်ိဳ႕မွာ ဒီေရာဂါျဖစ္ပြါးမႈတုိးလာေနတာ ေတြ႔ရၿပီး ဒီအခ်ိန္ဟာ အေရးယူေဆာင္ရြက္ဖို႔ ေသေရးရွင္ေရးတမ ွ် အေရးပါတဲ့ အခ်ိန္ျဖစ္တဲ့ အတြက္ အခ်ိန္မေႏွာင္းခင္ အေရးယူေဆာင္ရြက္ၾကဖို႔ ႏိုင္ငံ့ေခါင္းေဆာင္ေတြကို WHO အႀကီးအကဲက သတိေပးလိုက္ပါတယ္။

COVID-19 ျဖစ္ပြားမႈကို ႏိုင္ငံအမ်ားအျပားမွာ ထိန္းခ်ဳပ္လာႏိုင္တာကို ဒီသီတင္းပတ္ကုန္မွာ ေတြ႕ခဲ့ရေပမဲ့ ဥေရာပနဲ႔ ေျမာက္အေမရိက ကႏိုင္ငံတခ်ိဳ႕မွာ ကူးစက္မႈထိုးတက္ တာလာေၾကာင့္ ဒီအခ်ိန္မ်ိဳးဟာ ေသေရးရွင္ေရးတမ ွ် အေရးႀကီးတဲ့အတြက္ အခ်ိန္မေႏွာင္းခင္ အေရးယူလုပ္ေဆာင္ၾကဖို႔ ႏိုင္ငံ့ေခါင္းေဆာင္ေတြ ကို တိုက္တြန္းခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

COVID-19 ကြောင့် ကမ္ဘာတလွှား သေဆုံးရသူပေါင်း ၁.၂ သန်းကျော်ရှိသွားပြီ
(Unicode)

ကမ္ဘာတလွှား COVID-19 ကြောင့် သေဆုံးရသူ ၁.၂ သန်းကျော်နေပြီဖြစ်ပြီး အကူးစက်ခံရသူက ၄၆ သန်းခွဲကျော် (၄၆,၈၀၅,၇၁၀) ရှိနေပြီလို့ Johns Hopkins တက္ကသိုလ်က ကောက်ယူတဲ့ စစ်တမ်းမှာဖေါ်ပြပါတယ်။

ဥရောပတိုက်မှာတော့ အကူးစက်ခံရသူ ဆယ်သန်းကျော် ရှိနေပြီး COVID-19 ဒုတိယ အကျော့ဖြစ်ပွါးမှု ဒဏ်ခံနေရတာကြောင့် ဘယ်လ်ဂျီယံ၊ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမဏီနိုင်ငံတွေမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ အသွားအလာ ကန့်သတ်မှုတွေ ချမှတ်ထားပါတယ်။

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ Dr. Tedros Adhanom Ghebreyesus ကလည်း သူဟာ ဒီရောဂါပိုးအကူးစက်ခံရသူ တဦးနဲ့ ထိတွေ့မှု ရှိခဲ့တဲ့ အတွက် သူ့ဟာသူ quarantine လုပ် သီးခြားခွဲနေနေကြောင်း တနင်္ဂနွေနေ့မှာ ကြေညာခဲ့ပါတယ်။ ဒီရောဂါဆိုင်ရာ လက္ခဏာပြတာတော့ မရှိကြောင်းနဲ့ သူဟာ နေအိမ်ကနေပဲ အလုပ်ဆက်လုပ်မှာ ဖြစ်ကြောင်း တွစ်တာကနေ ပြောပါတယ်။

တနင်္လာနေ့ ဂျနီဗာ သတင်းစာရှင်းလင်းပွဲမှာတော့ နိုင်ငံတချို့မှာ ဒီရောဂါဖြစ်ပွါးမှုတိုးလာနေတာ တွေ့ရပြီး ဒီအချိန်ဟာ အရေးယူဆောင်ရွက်ဖို့ သေရေးရှင်ရေးတမ ျှ အရေးပါတဲ့ အချိန်ဖြစ်တဲ့ အတွက် အချိန်မနှောင်းခင် အရေးယူဆောင်ရွက်ကြဖို့ နိုင်ငံ့ခေါင်းဆောင်တွေကို WHO အကြီးအကဲက သတိပေးလိုက်ပါတယ်။

COVID-19 ဖြစ်ပွါးမှုကို နိုင်ငံအများအပြားမှာ ထိန်းချုပ်လာနိုင်တာကို ဒီသီတင်းပတ်ကုန်မှာ တွေ့ခဲ့ရပေမဲ့ ဥရောပနဲ့ မြောက်အမေရိက ကနိုင်ငံတချို့မှာ ကူးစက်မှုထိုးတက် တာလာကြောင့် ဒီအချိန်မျိုးဟာ သေရေးရှင်ရေးတမ ျှ အရေးကြီးတဲ့အတွက် အချိန်မနှောင်းခင် အရေးယူလုပ်ဆောင်ကြဖို့ နိုင်ငံ့ခေါင်းဆောင်တွေ ကို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG