သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ကူးစက္မႈ ကာကြယ္ေရး ၿဗိတိန္တႏိုင္ငံလံုး တလတာ တားဆီးပိတ္ပင္လိုက္ၿပီ


လန္ဒန္ၿမိဳ႕မွာ COVID-19 က်န္းမာေရးသတိေပးခ်က္ ဆုိင္းဘုတ္အနီး ျဖတ္သန္းသြားလာေနအခ်ဳိ႕။ (စက္တင္ဘာ ၁၁၊ ၂၀၂၀)

(Zawgyi / Unicode)

COVID-19 ကပ္ေရာဂါကူးစက္မႈ ဒုတိယအခ်ီ ထပ္တိုးလာေနတဲ့ ဥေရာပတလႊားမွာ ျပင္သစ္၊ ဂ်ာမနီ၊ ဘယ္လ္ဂ်ီယံႏုိင္ငံေတြလိုပဲ ၿဗိတိန္ႏုိင္ငံကလည္း တႏိုင္ငံလံုး အတိုင္းအတာနဲ႔ အသြားအလာ ပိတ္ပင္မိန္႔ကို စေနေန႔မွာ ထုတ္ျပန္လိုက္ပါတယ္။

ဒီႏွစ္အတြက္ ဒုတိယအႀကိမ္အျဖစ္ တႏိုင္ငံလံုး အတိုင္းအတာနဲ႔ ပိတ္ပင္မႈဟာ အေျခေန သိပ္ဆိုးေစမွာျဖစ္ေၾကာင္း ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Boris Johnson က ေျပာၾကားခဲ့တာျဖစ္ၿပီး ဒီလို ပိတ္ပင္တားျမစ္ဖုိ႔ ေတာင္းဆိုခ်က္ေတြကို သီတင္းပတ္ အေတာ္ၾကာ လက္မခံဘဲ ထားခဲ့တာ ျဖစ္ပါတယ္။

အခုေတာ့ တႏိုင္ငံလံုး အတိုင္းအတာနဲ႔ ပိတ္ပင္မႈကို ၾကာသပေတးေန႔မွာ စတင္မွာျဖစ္ၿပီး တလၾကာ ထားရွိမွာျဖစ္ပါတယ္။ Wales ဘက္မွာေတာ့ ၿပီးခဲ့တဲ့ သီတင္းပတ္ထဲမွာပဲ Lockdown ခ်မွွတ္လိုက္ေၾကာင္း ေၾကညာခဲ့တာပါ။

ၿဗိတိန္ႏို္င္ငံမွာ ဒီေရာဂါပိုး ကူးစက္မႈႏႈန္း တိုးလာေနၿပီး ေဆး႐ုံေတြမွာ လူနာေတြ မ်ားလာေနတာနဲ႔ ပတ္သက္ၿပီး ဝန္ႀကီးခ်ဳပ္ဟာ ေသာၾကာေန႔မွာ ကက္ဘိနက္အစည္းအေဝး ေခၚယူ ေဆြးေႏြးခဲ့တာပါ။ တႏိုင္ငံလံုး အတိုင္းအတာနဲ႔ ပိတ္ပင္မႈလုပ္တာထက္ ေဒသအလိုက္ တင္းက်ပ္တဲ့ စည္းကမ္းေတြခ် လုပ္ေဆာင္ဖို႔ ကက္ဘိနက္ဝန္ႀကီးေတြက သီတင္းတပတ္လံုး ေျပာၾကားေနၾကတာ ျဖစ္ပါတယ္။

ၿဗိတိန္က ကူးစက္ေရာဂါဆိုင္ရာ ကၽြမ္းက်င္ပညာရွင္ျဖစ္တဲ့ ေဆးဘက္ဆိုင္ရာ ဒုတိယအႀကီးအကဲ Jonathan Van-Tam ကေတာ့ ဒီေရာဂါဟာ ထိန္းမရတဲ့ အေနထားကို ေရာက္ေနၿပီျဖစ္ၿပီး ေဆး႐ုံေတြမွာ မႏိုင္မနင္း ျဖစ္လာႏုိင္ေခ် ရွိေနတယ္လုိ႔ ၾကာသပေတးေန႔က သတိေပးခဲ့သလို ၿဗိတိန္အစိုးရရဲ့ သိပၸံဆိုင္ရာ အႀကံေပးအဖြဲ႔တဖြဲ႔ျဖစ္တဲ့ Scientific Advisory Group for Emergencies - SAGE အဖြဲ႔ကလည္း အရင္ကခ်ျပထားတဲ့ အဆိုးဆံုးအေနအထားကို အခု ေရာက္လာေနၿပီျဖစ္ေၾကာင္း သတိေပးခဲ့တာပါ။

ဥေရာပတလႊားမွာ ဒီေရာဂါ ကူးစက္ခံရသူဟာ ၁၀ သန္းေက်ာ္ေနၿပီလို႔ WHO က ခန္႔မွန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

ကိုဗစ်ကူးစက်မှု ကာကွယ်ရေး ဗြိတိန်တနိုင်ငံလုံး တလတာ တားဆီးပိတ်ပင်လိုက်ပြီ

COVID-19 ကပ်ရောဂါကူးစက်မှု ဒုတိယအချီ ထပ်တိုးလာနေတဲ့ ဥရောပတလွှားမှာ ပြင်သစ်၊ ဂျာမနီ၊ ဘယ်လ်ဂျီယံနိုင်ငံတွေလိုပဲ ဗြိတိန်နိုင်ငံကလည်း တနိုင်ငံလုံး အတိုင်းအတာနဲ့ အသွားအလာ ပိတ်ပင်မိန့်ကို စနေနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒီနှစ်အတွက် ဒုတိယအကြိမ်အဖြစ် တနိုင်ငံလုံး အတိုင်းအတာနဲ့ ပိတ်ပင်မှုဟာ အခြေနေ သိပ်ဆိုးစေမှာဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် Boris Johnson က ပြောကြားခဲ့တာဖြစ်ပြီး ဒီလို ပိတ်ပင်တားမြစ်ဖို့ တောင်းဆိုချက်တွေကို သီတင်းပတ် အတော်ကြာ လက်မခံဘဲ ထားခဲ့တာ ဖြစ်ပါတယ်။

အခုတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပိတ်ပင်မှုကို ကြာသပတေးနေ့မှာ စတင်မှာဖြစ်ပြီး တလကြာ ထားရှိမှာဖြစ်ပါတယ်။ Wales ဘက်မှာတော့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ Lockdown ချမှတ်လိုက်ကြောင်း ကြေညာခဲ့တာပါ။

ဗြိတိန်နိုင်ငံမှာ ဒီရောဂါပိုး ကူးစက်မှုနှုန်း တိုးလာနေပြီး ဆေးရုံတွေမှာ လူနာတွေ များလာနေတာနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်ဟာ သောကြာနေ့မှာ ကက်ဘိနက်အစည်းအဝေး ခေါ်ယူ ဆွေးနွေးခဲ့တာပါ။ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပိတ်ပင်မှုလုပ်တာထက် ဒေသအလိုက် တင်းကျပ်တဲ့ စည်းကမ်းတွေချ လုပ်ဆောင်ဖို့ ကက်ဘိနက်ဝန်ကြီးတွေက သီတင်းတပတ်လုံး ပြောကြားနေကြတာ ဖြစ်ပါတယ်။

ဗြိတိန်က ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်ပညာရှင်ဖြစ်တဲ့ ဆေးဘက်ဆိုင်ရာ ဒုတိယအကြီးအကဲ Jonathan Van-Tam ကတော့ ဒီရောဂါဟာ ထိန်းမရတဲ့ အနေထားကို ရောက်နေပြီဖြစ်ပြီး ဆေးရုံတွေမှာ မနိုင်မနင်း ဖြစ်လာနိုင်ချေ ရှိနေတယ်လို့ ကြာသပတေးနေ့က သတိပေးခဲ့သလို ဗြိတိန်အစိုးရရဲ့ သိပ္ပံဆိုင်ရာ အကြံပေးအဖွဲ့တဖွဲ့ဖြစ်တဲ့ Scientific Advisory Group for Emergencies - SAGE အဖွဲ့ကလည်း အရင်ကချပြထားတဲ့ အဆိုးဆုံးအနေအထားကို အခု ရောက်လာနေပြီဖြစ်ကြောင်း သတိပေးခဲ့တာပါ။

ဥရောပတလွှားမှာ ဒီရောဂါ ကူးစက်ခံရသူဟာ ၁၀ သန်းကျော်နေပြီလို့ WHO က ခန့်မှန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG