သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပင္သစ္နဲ႔ ဂ်ာမနီမွာ ကိုဗစ္ထိန္းခ်ဳပ္ေရး ပိတ္ပင္မႈေတြ ခ်မွတ္


ႏွာေခါင္းစည္းတပ္ထားတဲ့ လမ္းသြားလမ္းလာတခ်ိဳ႕ကို ဂ်ာမနီႏိုင္ငံ Frankfurt ၿမိဳ႕မွာ ေတြ႕ရ။ (ေအာက္တိုဘာ ၂၈၊ ၂၀၂၀)

[Zawgyi/Unicode]

ျပင္သစ္နဲ႔ ဂ်ာမနီႏိုင္ငံေတြမွာ ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈႏႈန္း ျမင့္တက္ေနတာကို ထိန္းခ်ဳပ္ဖို႔ တစ္ႏိုင္ငံလုံး အသြားအလာ ပိတ္ပင္မႈ Lockdown ကို ဒုတိယအႀကိမ္ ခ်မွတ္လိုက္ပါတယ္။

ေသာၾကာေန႔က စၿပီး အက်ဳံးဝင္မယ့္ တစ္လၾကာ အသြားအလာ ပိတ္ပင္မႈေၾကာင့္ ျပင္သစ္ႏိုင္ငံမွာ စားေသာက္ဆိုင္၊ ဘားဆိုင္နဲ႔ ေကာ္ဖီဆိုင္ေတြ အပါအဝင္ မျဖစ္မေန ဖြင့္ဖို႔မလိုအပ္တဲ့ စီးပြားေရး လုပ္ငန္းေတြ အားလုံးကို ပိတ္ထားရမွာ ျဖစ္ပါတယ္။ အလုပ္လုပ္ဖို႔၊ ေဈးဝယ္ဖို႔နဲ႔ ေဆး႐ုံေဆးခန္းသြားတဲ့သူေတြကိုသာ အိမ္ျပင္ထြက္ခြင့္ျပဳမွာ ျဖစ္တယ္လို႔ ျပင္သစ္ သမၼတ Emmanuel Macron က ႐ုပ္သံကတဆင့္ ေျပာၾကားခဲ့ပါတယ္။

ဂ်ာမနီဝန္ႀကီးခ်ဳပ္ Angela Merkel ကလည္း ျပည္နယ္ ၁၆ ျပည္နယ္က ေခါင္းေဆာင္ေတြနဲ႔ေဆြးေႏြးအၿပီးမွာ တစ္လၾကာ lockdown ေၾကညာလိုက္ပါတယ္။ စားေသာက္ဆိုင္နဲ႔ ဘားဆိုင္ေတြ ပိတ္ပင္ထားတာ အျပင္အားကစား႐ုံ ေတြနဲ႔ ျပဇာတ္႐ုံေတြ ကို တနလၤာေန႔ကစၿပီး ပိတ္ရမွာ ျဖစ္ပါတယ္။ ဒါေပမဲ့ ေဈးဆိုင္နဲ႔ ဆံသဆိုင္ေတြ အပါအဝင္ လုပ္ငန္း ေတာ္ေတာ္မ်ားမ်ားကိုေတာ့ ဆက္ၿပီး ဖြင့္ခြင့္ျပဳထားပါတယ္။ ေက်ာင္းေတြကိုလည္း ဆက္ၿပီး ဖြင့္ထားမွာ ျဖစ္ပါတယ္။

ျပင္သစ္နဲ႔ ဂ်ာမနီႏိုင္ငံေတြမွာ ေန႔စဥ္ ကူးစက္မႈႏႈန္း ျမင့္တက္လာလို႔ ေဆး႐ုံေဆးခန္းေတြ မႏိုင္ဝန္ ထမ္းလာရေတာ့မယ့္ အေျခအေနမွာ အခုလို ကန္႔သတ္ခ်က္ေတြ ခ်မွတ္လိုက္တာပါ။ ဗုဒၶဟူးေန႔က ဂ်ာမနီ ႏိုင္ငံမွာ ေရာဂါ ကူးစက္မႈအသစ္ ၁၅,၀၀၀ ရွိခဲ့ပါတယ္။တကမာၻလုံး အတိုင္းအတာအရေတာ့ ၾကာသပေတးေန႔အထိ ေသဆုံးသူက ၁.၁ သန္း အပါအဝင္ COVID-19 ကူးစက္ခံရသူ ၄၄.၄ သန္းရွိၿပီပါတယ္။ အိႏၵိယႏိုင္ငံမွာ ကူးစက္သူ အေရအတြက္ ၈,၀၀၀,၀၀၀ ေက်ာ္နဲ႔ ကူးစက္မႈႏႈန္း ၈.၈ သန္းရွိတဲ့ အေမရိကန္ ျပည္ေထာင္စုရဲ႕ ေနာက္က ဒုတိယ လိုက္ေနပါတယ္။

အေမရိကန္ႏိုင္ငံမွာေတာ့ အစားအစာနဲ႔ ေဆးဝါးကြပ္ကဲေရးဌာနက COVID-19 ကာကြယ္ေဆးကို အတည္ျပဳ ခြင့္ျပဳတာနဲ႔ တၿပိဳင္နက္ လူတိုင္းကို ကာကြယ္ေဆး အခမဲ့ ထိုးႏွံေပးသြားမယ္လို႔ အစိုးရ က်န္းမာေရး ေစာင့္ေရွာက္မႈဌာန အႀကီးအကဲ Seema Verma က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ပြင်သစ်နဲ့ ဂျာမနီမှာ ကိုဗစ်ထိန်းချုပ်ရေး ပိတ်ပင်မှုတွေ ချမှတ်

ပြင်သစ်နဲ့ ဂျာမနီနိုင်ငံတွေမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနှုန်း မြင့်တက်နေတာကို ထိန်းချုပ်ဖို့ တစ်နိုင်ငံလုံး အသွားအလာ ပိတ်ပင်မှု Lockdown ကို ဒုတိယအကြိမ် ချမှတ်လိုက်ပါတယ်။

သောကြာနေ့က စပြီး အကျုံးဝင်မယ့် တစ်လကြာ အသွားအလာ ပိတ်ပင်မှုကြောင့် ပြင်သစ်နိုင်ငံမှာ စားသောက်ဆိုင်၊ ဘားဆိုင်နဲ့ ကော်ဖီဆိုင်တွေ အပါအဝင် မဖြစ်မနေ ဖွင့်ဖို့မလိုအပ်တဲ့ စီးပွားရေး လုပ်ငန်းတွေ အားလုံးကို ပိတ်ထားရမှာ ဖြစ်ပါတယ်။ အလုပ်လုပ်ဖို့၊ ဈေးဝယ်ဖို့နဲ့ ဆေးရုံဆေးခန်းသွားတဲ့သူတွေကိုသာ အိမ်ပြင်ထွက်ခွင့်ပြုမှာ ဖြစ်တယ်လို့ ပြင်သစ် သမ္မတ Emmanuel Macron က ရုပ်သံကတဆင့် ပြောကြားခဲ့ပါတယ်။

ဂျာမနီဝန်ကြီးချုပ် Angela Merkel ကလည်း ပြည်နယ် ၁၆ ပြည်နယ်က ခေါင်းဆောင်တွေနဲ့ဆွေးနွေးအပြီးမှာ တစ်လကြာ lockdown ကြေညာလိုက်ပါတယ်။ စားသောက်ဆိုင်နဲ့ ဘားဆိုင်တွေ ပိတ်ပင်ထားတာ အပြင်အားကစားရုံ တွေနဲ့ ပြဇာတ်ရုံတွေ ကို တနင်္လာနေ့ကစပြီး ပိတ်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဈေးဆိုင်နဲ့ ဆံသဆိုင်တွေ အပါအဝင် လုပ်ငန်း တော်တော်များများကိုတော့ ဆက်ပြီး ဖွင့်ခွင့်ပြုထားပါတယ်။ ကျောင်းတွေကိုလည်း ဆက်ပြီး ဖွင့်ထားမှာ ဖြစ်ပါတယ်။

ပြင်သစ်နဲ့ ဂျာမနီနိုင်ငံတွေမှာ နေ့စဉ် ကူးစက်မှုနှုန်း မြင့်တက်လာလို့ ဆေးရုံဆေးခန်းတွေ မနိုင်ဝန် ထမ်းလာရတော့မယ့် အခြေအနေမှာ အခုလို ကန့်သတ်ချက်တွေ ချမှတ်လိုက်တာပါ။ ဗုဒ္ဓဟူးနေ့က ဂျာမနီ နိုင်ငံမှာ ရောဂါ ကူးစက်မှုအသစ် ၁၅,၀၀၀ ရှိခဲ့ပါတယ်။တကမ္ဘာလုံး အတိုင်းအတာအရတော့ ကြာသပတေးနေ့အထိ သေဆုံးသူက ၁.၁ သန်း အပါအဝင် COVID-19 ကူးစက်ခံရသူ ၄၄.၄ သန်းရှိပြီပါတယ်။ အိန္ဒိယနိုင်ငံမှာ ကူးစက်သူ အရေအတွက် ၈,၀၀၀,၀၀၀ ကျော်နဲ့ ကူးစက်မှုနှုန်း ၈.၈ သန်းရှိတဲ့ အမေရိကန် ပြည်ထောင်စုရဲ့ နောက်က ဒုတိယ လိုက်နေပါတယ်။

အမေရိကန်နိုင်ငံမှာတော့ အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးဌာနက COVID-19 ကာကွယ်ဆေးကို အတည်ပြု ခွင့်ပြုတာနဲ့ တပြိုင်နက် လူတိုင်းကို ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးသွားမယ်လို့ အစိုးရ ကျန်းမာရေး စောင့်ရှောက်မှုဌာန အကြီးအကဲ Seema Verma က ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG