သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယမွာ ၂၄ နာရီအတြင္း ကိုဗစ္ဓါတ္ခဲြအတည္ျပဳ ေလးေသာင္းေက်ာ္ ရွိ


အိႏၵိယႏိုင္ငံ Hyderabad ၿမိဳ႕မွာ COVID ေရာဂါရွိ၊ မရွိ စစ္ေဆးေပးေနတဲ့ က်န္းမာေရး၀န္ထမ္းတဦး။ (ေအာက္တိုဘာ ၂၇၊ ၂၀၂၀)

[Zawgyi/Unicode]

အိႏၵိယႏိုင္ငံမွာ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း COVID-19 ကူးစက္သူ ၄၃,၈၀၀ ေက်ာ္နဲ႔ ကူးစက္သူေပါင္း ၈,၀၀၀,၀၀၀ နီးပါးရွိေနၿပီျဖစ္ပါတယ္။ ၿမိဳ႕ေတာ္ New Delhi မွာလည္း ဒီကေန႔ တရက္ထဲ ကူးစက္တဲ့သူ ၄,၈၅၀ ေက်ာ္နဲ႔ တရက္တာကူးစက္မႈႏႈန္း အမ်ားဆုံးျဖစ္ေနတာပါ။ အခုထိ COVID-19 ေၾကာင့္ေသဆုံးသူ စုစုေပါင္း ၁၂၀,၀၀၀ ေက်ာ္ရွိပါတယ္။ တကမာၻလုံးအတိုင္းအတာနဲ႔ အေမရိကန္ၿပီးရင္ အိႏၵိယက ကူးစက္မႈဒုတိယအမ်ားဆုံးျဖစ္ပါတယ္။

ထိုင္းႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ထိန္းခ်ဳပ္ေရး မတ္လေႏွာင္းပိုင္းက အေရးေပၚအေျခအေနေၾကညာထားတာကို ႏိုဝင္ဘာလကုန္ထိ ထပ္ၿပီးတိုးျမႇင့္ဖို႔ ဒီကေန႔ ကက္ဘိနက္မွာ သေဘာတူ လိုက္တယ္လို႔ အစိုးရေျပာခြင့္ရက ေျပာပါတယ္။ ထိုင္းမွာ အခုထိ ေရာဂါကူးစက္သူ ၃,၇၅၉ ေယာက္နဲ႔ ေသဆုံးသူ ၅၉ ေယာက္ရွိပါတယ္။ ဧၿပီလကတည္းက ေလယာဥ္ခရီးစဥ္ေတြပိတ္ထားၿပီး မၾကာေသးခင္ကမွ ျပည္ပခရီးသြားေတြကို ပထမအႀကိမ္ စၿပီးလာေရာက္ခြင့္ျပဳထားပါတယ္။

အင္ဒိုနီးရွားမွာ ဒီကေန႔ ကူးစက္သူ ၄,၀၀၀ ေက်ာ္ထပ္ၿပီးေတြ႕တာေၾကာင့္ ကူးစက္သူေပါင္း ၄၀၀,၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူေပါင္း ၁၃,၆၀၀ ေက်ာ္ရွိပါတယ္။

ဖိလစ္ပိုင္မွာ COVID-19 ကူးစက္သူ စုစုေပါင္း ၃၇၅,၁၀၀ ေက်ာ္နဲ႔ အခုထိေသဆုံးသူေပါင္း ၇,၁၀၀ ေက်ာ္ရွိပါတယ္။

အေရွ႕ေတာင္အာရွမွာ အင္ဒိုနီးရွားၿပီးရင္ ဖိလစ္ပိုင္က COVID-19 ကူးစက္မႈႏႈန္း ဒုတိယအမ်ားဆုံးျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အိန္ဒိယမှာ ၂၄ နာရီအတွင်း ကိုဗစ်ဓါတ်ခွဲအတည်ပြု လေးသောင်းကျော် ရှိ

အိန္ဒိယနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ကူးစက်သူ ၄၃,၈၀၀ ကျော်နဲ့ ကူးစက်သူပေါင်း ၈,၀၀၀,၀၀၀ နီးပါးရှိနေပြီဖြစ်ပါတယ်။ မြို့တော် New Delhi မှာလည်း ဒီကနေ့ တရက်ထဲ ကူးစက်တဲ့သူ ၄,၈၅၀ ကျော်နဲ့ တရက်တာကူးစက်မှုနှုန်း အများဆုံးဖြစ်နေတာပါ။ အခုထိ COVID-19 ကြောင့်သေဆုံးသူ စုစုပေါင်း ၁၂၀,၀၀၀ ကျော်ရှိပါတယ်။ တကမ္ဘာလုံးအတိုင်းအတာနဲ့ အမေရိကန်ပြီးရင် အိန္ဒိယက ကူးစက်မှုဒုတိယအများဆုံးဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေး မတ်လနှောင်းပိုင်းက အရေးပေါ်အခြေအနေကြေညာထားတာကို နိုဝင်ဘာလကုန်ထိ ထပ်ပြီးတိုးမြှင့်ဖို့ ဒီကနေ့ ကက်ဘိနက်မှာ သဘောတူ လိုက်တယ်လို့ အစိုးရပြောခွင့်ရက ပြောပါတယ်။ ထိုင်းမှာ အခုထိ ရောဂါကူးစက်သူ ၃,၇၅၉ ယောက်နဲ့ သေဆုံးသူ ၅၉ ယောက်ရှိပါတယ်။ ဧပြီလကတည်းက လေယာဉ်ခရီးစဉ်တွေပိတ်ထားပြီး မကြာသေးခင်ကမှ ပြည်ပခရီးသွားတွေကို ပထမအကြိမ် စပြီးလာရောက်ခွင့်ပြုထားပါတယ်။

အင်ဒိုနီးရှားမှာ ဒီကနေ့ ကူးစက်သူ ၄,၀၀၀ ကျော်ထပ်ပြီးတွေ့တာကြောင့် ကူးစက်သူပေါင်း ၄၀၀,၀၀၀ ကျော်နဲ့ သေဆုံးသူပေါင်း ၁၃,၆၀၀ ကျော်ရှိပါတယ်။

ဖိလစ်ပိုင်မှာ COVID-19 ကူးစက်သူ စုစုပေါင်း ၃၇၅,၁၀၀ ကျော်နဲ့ အခုထိသေဆုံးသူပေါင်း ၇,၁၀၀ ကျော်ရှိပါတယ်။

အရှေ့တောင်အာရှမှာ အင်ဒိုနီးရှားပြီးရင် ဖိလစ်ပိုင်က COVID-19 ကူးစက်မှုနှုန်း ဒုတိယအများဆုံးဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG