သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID ကူးစက္မႈ ဟန္႔တားဖို႔ တကၠဆက္ျပည္နယ္ေဒသတခ်ိဳ႕ ညမထြက္ရ အမိန္႔ထုတ္ျပန္


မွတ္တမ္းဓါတ္ပံု - ေမလ ၂၂ ရက္တုန္းက တကၠဆက္ျပည္နယ္ Austin ၿမိဳ႕က ဘားဆိုင္တခု

(Zawgyi/Unicode)

Johns Hopkins တကၠသိုလ္ ထုတ္ျပန္တဲ့ ကိုရိုနာဗိုင္းရပ္စ္ အခ်က္အလက္စာရင္းေတြအရ အေမရိကန္ျပည္ေထာင္စုထဲ COVID-19 ကူးစက္မႈေတြ ျပန္လည္ ျမင့္တက္ေနၿပီး တနလၤာေန႔ တရက္တည္း ကူးစက္တဲ့သူ ၆၀,၇၀၀ ေက်ာ္ရွိပါတယ္။ အထူးသျဖင့္ Illinois ၊ Texas၊Wisconsin၊ Tennessee နဲ႔ California ျပည္နယ္ေတြမွာ ကူးစက္မႈႏႈန္း ဆက္တိုက္ျမင့္တက္လာေနတာပါ။

အခုလို ျပည္နယ္ေတြနဲ႔ၿမိဳ႕ႀကီးေတြမွာ ဆက္တိုက္ကူးစက္ေနတဲ့အထဲ Texas ျပည္နယ္ နယ္စပ္ၿမိဳ႕ El Paso မွာ ၿပီးခဲ့တဲ့ သီတင္း ၃ ပတ္တြင္း ကူးစက္မႈႏႈန္း သုံးဆျမင့္လာခဲ့တဲ့အတြက္ ည ၁၀ နာရီကေန မနက္ ၅ နာရီထိညမထြက္ရ အမိန္႔ နဲ႔ ၂ ပတ္ၾကာအိမ္ထဲမွာ ေနၾကဖို႔ stay-at-home အမိန္႔ထုတ္ျပန္ ထားပါတယ္။ ညမထြက္ရ အမိန္႔ ကို ထုတ္ျပန္ခဲ့တဲ့ တရားသူႀကီးက ေဆး႐ုံ အထူးၾကပ္မတ္ ကုသခန္းေတြမွာ လူနာေတြနဲ႔ ျပည့္ေနတယ္လို႔ ေျပာပါတယ္။

လူနာေတြ မ်ားျပားလာတာေၾကာင့္ လူနာ၅၀ ကေန ၁၀၀ ေလာက္အထိကို El Paso ၿမိဳ႕ ကြန္ဗင္းရွင္းစင္တာ မွာ ထားၿပီး ကုသေပးဖို႔ အစီအစဥ္ရွိတဲအေၾကာင္း Texas ျပည္နယ္ အုပ္ခ်ဳပ္ေရးမႈး Greg Abbott က ေျပာပါတယ္။ COVID-19 ေရာဂါမဟုတ္တဲ့ လူနာေတြကို ေဒသခံ စစ္တပ္ေဆး႐ုံမွာ လက္ခံကုသေပးနိုင္ဖို႔ကိုလည္း သူက စုံစမ္းထားၿပီျဖစ္ပါတယ္။

Utah ျပည္နယ္မွာလည္း ေဆး႐ုံေတြမွာ လူနာေတြကို လက္ခံနိုင္တဲ့ အေရအတြက္ျပည့္ေတာ့မွာ ျဖစ္ေၾကာင္း ျပည္နယ္တြင္းက ေဆး႐ုံေတြကို ကိုယ္စားျပဳတဲ့အဖြဲ႕ကအုပ္ခ်ဳပ္ေရးမႈး Gary Herbert ကို သတိေပးထားပါတယ္။ ဒီထက္ပိုဆိုးလာရင္ ဆရာဝန္ေတြအေနနဲ႔ အသက္အရြယ္နဲ႔ က်န္းမာေရး အေျခအေနကို လိုက္ၿပီး ဘယ္သူ႔ကို ေဆး႐ုံမွာ ဆက္ထားမလဲဆုံးျဖတ္ရေတာ့မယ့္ အေၿခ အေန ေရာက္ရွိမွာ ျဖစ္ပါတယ္။

အေမရိကန္နိုင္ငံတြင္း အခုထိ COVID-19 ကူးစက္သူေပါင္း ၈.၇ သန္းေက်ာ္ရွိၿပီး ေသဆုံးသူက ၂၂၅,၇၀၀ ေက်ာ္တာေၾကာင့္ တကမၻာလုံးမွာ COVID-19 ျဖစ္ပြားႏႈန္းနဲ႔ ေသဆုံးအေရအတြက္ အမ်ားဆုံးျဖစ္ပါတယ္။

တကမၻာလုံးအတိုင္းအတာအေနနဲ႔ကေတာ့ ကူးစက္သူေပါင္း ၄၃.၆ သန္းနဲ႔ ေသဆုံးသူ ၁.၁ သန္းေက်ာ္ရွိပါတယ္။

႐ုရွား၊ ျပင္သစ္၊ ဆြီဒင္နဲ႔ ပိုလန္နိုင္ငံေတြမွာလည္း လတ္တေလာ ကူးစက္မႈႏႈန္း ျမင့္တက္ေနပါတယ္။ ႐ုရွားမွာ အဂၤါေန႔ကစလို႔ အမ်ားျပည္သူသြားလာတဲ့ ေနရာေတြမွာ ႏွာေခါင္းစည္း မျဖစ္မေန ဝတ္ဆင္ၾကဖို႔ အမိန္႔ထုတ္ထားပါတယ္။ အီတလီနိုင္ငံ Milan ၿမိဳ႕ မွာ ေရာဂါကူးစက္မႈေတြျမင့္တက္လာတာေၾကာင့္ အသြားအလာ ကန္႔သတ္မႈ အသစ္ေတြခ်မွတ္တာကို မေက်နပ္တဲ့ လူငယ္ေတြနဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြၾကား တနလၤာေန႔က ႐ုန္းရင္းဆန္ခတ္မႈေတြျဖစ္ပြါးခဲ့ပါတယ္။

စပိန္မွာေတာ့ ကပ္ေရာဂါ ကာလ ညံ့ဖ်င္းတဲ့လုပ္ငန္းခြင္အေျခအေနနဲ႔ အားနည္းတဲ့ က်န္းမာေရးစနစ္ေအာက္ အလုပ္လုပ္ကိုင္ေနရတယ္ဆိုၿပီး ဆရာဝန္ေတြ အဂၤါေန႔က တစ္နိုင္ငံလုံး အတိုင္းအတာနဲ႔ ၂၄ နာရီ ဆက္တိုက္ ဆႏၵျပခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

COVID ကူးစက်မှု ဟန့်တားဖို့ တက္ကဆက်ပြည်နယ်ဒေသတချို့ ညမထွက်ရ အမိန့်ထုတ်ပြန်

(Unicode)

Johns Hopkins တက္ကသိုလ် ထုတ်ပြန်တဲ့ ကိုရိုနာဗိုင်းရပ်စ် အချက်အလက်စာရင်းတွေအရ အမေရိကန်ပြည်ထောင်စုထဲ COVID-19 ကူးစက်မှုတွေ ပြန်လည် မြင့်တက်နေပြီး တနင်္လာနေ့ တရက်တည်း ကူးစက်တဲ့သူ ၆၀,၇၀၀ ကျော်ရှိပါတယ်။ အထူးသဖြင့် Illinois ၊ Texas၊Wisconsin၊ Tennessee နဲ့ California ပြည်နယ်တွေမှာ ကူးစက်မှုနှုန်း ဆက်တိုက်မြင့်တက်လာနေတာပါ။

အခုလို ပြည်နယ်တွေနဲ့မြို့ကြီးတွေမှာ ဆက်တိုက်ကူးစက်နေတဲ့အထဲ Texas ပြည်နယ် နယ်စပ်မြို့ El Paso မှာ ပြီးခဲ့တဲ့ သီတင်း ၃ ပတ်တွင်း ကူးစက်မှုနှုန်း သုံးဆမြင့်လာခဲ့တဲ့အတွက် ည ၁၀ နာရီကနေ မနက် ၅ နာရီထိညမထွက်ရ အမိန့် နဲ့ ၂ ပတ်ကြာအိမ်ထဲမှာ နေကြဖို့ stay-at-home အမိန့်ထုတ်ပြန် ထားပါတယ်။ ညမထွက်ရ အမိန့် ကို ထုတ်ပြန်ခဲ့တဲ့ တရားသူကြီးက ဆေးရုံ အထူးကြပ်မတ် ကုသခန်းတွေမှာ လူနာတွေနဲ့ ပြည့်နေတယ်လို့ ပြောပါတယ်။

လူနာတွေ များပြားလာတာကြောင့် လူနာ၅၀ ကနေ ၁၀၀ လောက်အထိကို El Paso မြို့ ကွန်ဗင်းရှင်းစင်တာ မှာ ထားပြီး ကုသပေးဖို့ အစီအစဉ်ရှိတဲအကြောင်း Texas ပြည်နယ် အုပ်ချုပ်ရေးမှုး Greg Abbott က ပြောပါတယ်။ COVID-19 ရောဂါမဟုတ်တဲ့ လူနာတွေကို ဒေသခံ စစ်တပ်ဆေးရုံမှာ လက်ခံကုသပေးနိုင်ဖို့ကိုလည်း သူက စုံစမ်းထားပြီဖြစ်ပါတယ်။

Utah ပြည်နယ်မှာလည်း ဆေးရုံတွေမှာ လူနာတွေကို လက်ခံနိုင်တဲ့ အရေအတွက်ပြည့်တော့မှာ ဖြစ်ကြောင်း ပြည်နယ်တွင်းက ဆေးရုံတွေကို ကိုယ်စားပြုတဲ့အဖွဲ့ကအုပ်ချုပ်ရေးမှုး Gary Herbert ကို သတိပေးထားပါတယ်။ ဒီထက်ပိုဆိုးလာရင် ဆရာဝန်တွေအနေနဲ့ အသက်အရွယ်နဲ့ ကျန်းမာရေး အခြေအနေကို လိုက်ပြီး ဘယ်သူ့ကို ဆေးရုံမှာ ဆက်ထားမလဲဆုံးဖြတ်ရတော့မယ့် အခြေ အနေ ရောက်ရှိမှာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံတွင်း အခုထိ COVID-19 ကူးစက်သူပေါင်း ၈.၇ သန်းကျော်ရှိပြီး သေဆုံးသူက ၂၂၅,၇၀၀ ကျော်တာကြောင့် တကမ္ဘာလုံးမှာ COVID-19 ဖြစ်ပွားနှုန်းနဲ့ သေဆုံးအရေအတွက် အများဆုံးဖြစ်ပါတယ်။

တကမ္ဘာလုံးအတိုင်းအတာအနေနဲ့ကတော့ ကူးစက်သူပေါင်း ၄၃.၆ သန်းနဲ့ သေဆုံးသူ ၁.၁ သန်းကျော်ရှိပါတယ်။

ရုရှား၊ ပြင်သစ်၊ ဆွီဒင်နဲ့ ပိုလန်နိုင်ငံတွေမှာလည်း လတ်တလော ကူးစက်မှုနှုန်း မြင့်တက်နေပါတယ်။ ရုရှားမှာ အင်္ဂါနေ့ကစလို့ အများပြည်သူသွားလာတဲ့ နေရာတွေမှာ နှာခေါင်းစည်း မဖြစ်မနေ ဝတ်ဆင်ကြဖို့ အမိန့်ထုတ်ထားပါတယ်။ အီတလီနိုင်ငံ Milan မြို့ မှာ ရောဂါကူးစက်မှုတွေမြင့်တက်လာတာကြောင့် အသွားအလာ ကန့်သတ်မှု အသစ်တွေချမှတ်တာကို မကျေနပ်တဲ့ လူငယ်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား တနင်္လာနေ့က ရုန်းရင်းဆန်ခတ်မှုတွေဖြစ်ပွါးခဲ့ပါတယ်။

စပိန်မှာတော့ ကပ်ရောဂါ ကာလ ညံ့ဖျင်းတဲ့လုပ်ငန်းခွင်အခြေအနေနဲ့ အားနည်းတဲ့ ကျန်းမာရေးစနစ်အောက် အလုပ်လုပ်ကိုင်နေရတယ်ဆိုပြီး ဆရာဝန်တွေ အင်္ဂါနေ့က တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ၂၄ နာရီ ဆက်တိုက် ဆန္ဒပြခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG