သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

AstraZeneca ကိုဗစ္ကာကြယ္ေဆးစမ္းသပ္မႈ အလားအလာေကာင္းမ်ားေတြ႕


AstraZeneca တံဆိပ္စာတန္းအေရွ႕က ကာကြယ္ေဆးပုလင္း တခ်ိဳ႕။ (စက္တင္ဘာ ၀၉၊ ၂၀၂၀)

[Zawgyi/Unicode]

Oxford တကၠသိုလ္က စမ္းသပ္ေနတဲ့ COVID-19 ကာကြယ္ေဆးက အသက္ႀကီးေတြေရာ၊ အသက္ငယ္သူေတြမွာပါ ခႏၶာကိုယ္တြင္း ခုခံကာကြယ္တုံ႔ျပန္မႈရွိတာကို ေတြ႕ရတယ္လို႔ ၿဗိတိန္ေဆးကုမၸဏီ AstraZeneca က ဒီကေန႔ေျပာပါတယ္။ ဒီေဆးက အသက္ႀကီးသူေတြမွာ တုံ႔ျပန္ခံစားရတဲ့ ျပႆနာနည္းတယ္လို႔လည္း ေျပာပါတယ္။

ၿဗိတိန္ Oxford တကၠသိုလ္နဲ႔ AstraZeneca ေဆးကုမၸဏီတို႔ ပူးေပါင္းစမ္းသပ္ေနတဲ့ ဒီကာကြယ္ေဆးက အသက္ႀကီးပိုင္း အုပ္စုဝင္ေတြမွာ ခႏၵာကိုယ္တြင္း ေရာဂါပိုးကို ခုခံႏိုင္တဲ့ ပဋိပစၥည္းထြက္ေပၚေစတာကို ေတြ႕ရတယ္လို႔ ဒီစမ္းသပ္မႈနဲ႔ နီးစပ္တဲ့ သတင္းရင္းျမစ္ ၂ ဦးကို ကိုးကားၿပီး Financial Times သတင္းစာက ေဖာ္ျပတာပါ။

ဇူလိုင္လအတြင္းက ျပဳလုပ္ခဲ့တဲ့ စမ္းသပ္မႈေတြအရ အသက္ ၁၈ ႏွစ္ကေန ၅၅ ႏွစ္အတြင္း က်န္းမာေရးေကာင္းသူ အုပ္စုဝင္ေတြမွာ ေရာဂါပိုးကို ခုခံႏိုင္တဲ့ ပဋိပစၥည္း အမ်ားအျပားထြက္ေပၚတာကို ေတြ႕ရတယ္လို႔ Financial Times မွာေဖာ္ျပပါတယ္။ ဒီစမ္းသပ္ကာကြဘ္ေဆးက လူငယ္ေတြမွာလိုပဲ အသက္ႀကီးတဲ့သူေတြမွာလည္း ခႏၶာကိုယ္တြင္း ေရာဂါပိုးကို ခုခံႏိုင္တဲ့ ပဋိပစၥည္းထြက္ေပၚတယ္ဆိုေတြ႕ျမင္ရတဲ့အတြက္ အားတက္မိတယ္လို႔ AstraZeneca ေဆးကုမၸဏီေျပာခြင့္ရက Reuters သတင္းကို ေျပာပါတယ္။ ရွာေဖြေတြ႕ရွိခ်က္အေသးစိတ္ကိုေတာ့ မၾကာခင္ထုတ္ေဝမဲ့ ေဆးပညာဂ်ာနယ္မွာ ေဖာ္ျပလိမ့္မယ္လို႔ ေမွ်ာ္လင့္ရတယ္လို႔လည္း Financial Times ကေျပာပါတယ္။

COVID-19 ကာကြယ္ေဆးကို အခုထုတ္လုပ္ အသုံးျပဳႏိုင္ဖို႔အထိ အဆင္သင့္မျဖစ္ေသးေပမဲ့ ၂၀၂၁ ခုႏွစ္ ပထမႏွစ္ဝက္ေလာက္မွာ ထုတ္လုပ္သြားႏိုင္ဖို႔ ေမွ်ာ္လင့္တယ္လို႔ ၿဗိတိန္က်န္းမာေရးဝန္ႀကီး Matt Hancock ကေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

AstraZeneca ကိုဗစ်ကာကွယ်ဆေးစမ်းသပ်မှု အလားအလာကောင်းများတွေ့

Oxford တက္ကသိုလ်က စမ်းသပ်နေတဲ့ COVID-19 ကာကွယ်ဆေးက အသက်ကြီးတွေရော၊ အသက်ငယ်သူတွေမှာပါ ခန္ဓာကိုယ်တွင်း ခုခံကာကွယ်တုံ့ပြန်မှုရှိတာကို တွေ့ရတယ်လို့ ဗြိတိန်ဆေးကုမ္ပဏီ AstraZeneca က ဒီကနေ့ပြောပါတယ်။ ဒီဆေးက အသက်ကြီးသူတွေမှာ တုံ့ပြန်ခံစားရတဲ့ ပြဿနာနည်းတယ်လို့လည်း ပြောပါတယ်။

ဗြိတိန် Oxford တက္ကသိုလ်နဲ့ AstraZeneca ဆေးကုမ္ပဏီတို့ ပူးပေါင်းစမ်းသပ်နေတဲ့ ဒီကာကွယ်ဆေးက အသက်ကြီးပိုင်း အုပ်စုဝင်တွေမှာ ခန္ဒာကိုယ်တွင်း ရောဂါပိုးကို ခုခံနိုင်တဲ့ ပဋိပစ္စည်းထွက်ပေါ်စေတာကို တွေ့ရတယ်လို့ ဒီစမ်းသပ်မှုနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် ၂ ဦးကို ကိုးကားပြီး Financial Times သတင်းစာက ဖော်ပြတာပါ။

ဇူလိုင်လအတွင်းက ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုတွေအရ အသက် ၁၈ နှစ်ကနေ ၅၅ နှစ်အတွင်း ကျန်းမာရေးကောင်းသူ အုပ်စုဝင်တွေမှာ ရောဂါပိုးကို ခုခံနိုင်တဲ့ ပဋိပစ္စည်း အများအပြားထွက်ပေါ်တာကို တွေ့ရတယ်လို့ Financial Times မှာဖော်ပြပါတယ်။ ဒီစမ်းသပ်ကာကွဘ်ဆေးက လူငယ်တွေမှာလိုပဲ အသက်ကြီးတဲ့သူတွေမှာလည်း ခန္ဓာကိုယ်တွင်း ရောဂါပိုးကို ခုခံနိုင်တဲ့ ပဋိပစ္စည်းထွက်ပေါ်တယ်ဆိုတွေ့မြင်ရတဲ့အတွက် အားတက်မိတယ်လို့ AstraZeneca ဆေးကုမ္ပဏီပြောခွင့်ရက Reuters သတင်းကို ပြောပါတယ်။ ရှာဖွေတွေ့ရှိချက်အသေးစိတ်ကိုတော့ မကြာခင်ထုတ်ဝေမဲ့ ဆေးပညာဂျာနယ်မှာ ဖော်ပြလိမ့်မယ်လို့ မျှော်လင့်ရတယ်လို့လည်း Financial Times ကပြောပါတယ်။

COVID-19 ကာကွယ်ဆေးကို အခုထုတ်လုပ် အသုံးပြုနိုင်ဖို့အထိ အဆင်သင့်မဖြစ်သေးပေမဲ့ ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်လောက်မှာ ထုတ်လုပ်သွားနိုင်ဖို့ မျှော်လင့်တယ်လို့ ဗြိတိန်ကျန်းမာရေးဝန်ကြီး Matt Hancock ကပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG