Zawgyi/ Unicode
(ZAWGYI)
ကိုဗစ္ ၁၉ အကူးစက္ခံရသူဟာကမာၻမွာ ၃၆ သန္းေက်ာ္ေနၿပီမို႔ ကာကြယ္ေဆးကို လူတိုင္း ေမ ွ်ာ္လင့္ေနၾကေပမယ့္ ခုထိ မထုတ္ႏိုင္ေသးပါဘူး။ ဒီလိုၾကာေနရတာဟာ စိတ္ခ်ရတဲ့ ကာကြယ္ေဆးရဖို႔ အဆင့္ဆင့္ လုပ္ေဆာင္ေနရတာေၾကာင့္လို႔ အဏုဇီဝေဗဒ ပညာရွင္ မခင္ဇာဝင္းျပည့္က ေျပာပါတယ္။
မခင္ဇာဝင္းျပည့္။. ။“ကာကြယ္ေဆးထုတ္တာက အဆင့္ဆင့္နဲ႔ သြားရတယ္။ အခုအခ်ိန္ ကိုဗစ္အတြက္ ကာကြယ္ေဆးထုတ္တာက အျမန္ဆံုးနည္းနဲ႔ သူတုိ႔ လုပ္ေနၾကတာပါ။ စတာက ဘယ္ကစသလဲ ဆိုရင္ laboratory discovery stage ဆိုတာရွိတယ္။ ေရာဂါတခု ရွိၿပီဆိုရင္ အဲဒီေရာဂါကို ကုသမယ့္ေဆး၊ ကာကြယ္မယ့္ေဆး ဆိုတာကို ဘယ္လုိပံုစံမ်ိဳး ကာကြယ္မွာလဲ၊ ဘယ္လို ပစ္မွတ္ထား target လုပ္မွာလဲ ဆိုတာ ရွိတယ္။ အဲဒီဟာကို lab ထဲမွာ စမ္းတဲ့အခါ က်ရင္ အဏုဇီဝေဗဒ ပညာရွင္ေတြပါမယ္၊ ဒါက ကာကြယ္ေဆး ဆိုတဲ့အခါ က်ေတာ့ ခႏၶာကိုယ္ရဲ့ ခုခံအား ကိုလည္း တိုင္းတာရတဲ့ အတြက္ေၾကာင့္ ခုခံအားဆိုင္ရာ ပညာရွင္ Immunologist ေတြပါမယ္၊ ေနာက္ microbiologist ဆိုတာပါမယယ္။ ဆဲလ္ တခုအတြင္းမွာ ေဆးတခုက ဝင္သြားၿပီဆိုရင္ ဆဲလ္ေတြ အေပၚမွာ ဘယ္လိုမ်ိဳး သက္ေရာက္မႈရွိတယ္ဆိုတာ Cellbiologist ေတြ Molecular biologist ဆိုတဲ့ သိပၸြံပညာရွင္ အမ်ိဳးမ်ိဳးက ဓါတ္ခြဲခန္းေတြမွာ ပူးေပါင္း ပါဝင္ၿပီးေတာ့ ဒါကို သူတုိ႔ ေဖၚထုတ္တယ္ေပါ့ေနာ္။ ”
ဒီ laboratory discovery stage မွာ စံနစ္ ၂ မ်ိဳးနဲ႔ စမ္းသပ္ပါတယ္။
မခင္ဇာဝင္းျပည့္။. ။“အဲဒီမွာ သတၱဝါမဲ့ စံနစ္ ဆိုတာရွိတယ္။ အဲဒီသတၱဝါမဲ့ စံနစ္ဆိုတာက ဓါတ္ခြဲခန္းထဲမွာ ဆဲလ္ ေတြကိုေမြးမယ္၊ ေမြးၿပီးရင္ အဲဒီ ဆဲလ္ေတြ ေပၚမွာ ေဆးေတြ ေပးခ်တာ ေပါ့ေနာ္။ ဘယ္လိုမ်ိဳး ဒီဆဲလ္ေတြေပၚမွာ အက်ိဳး သက္ေရာက္မႈ ရွိတယ္၊ ေနာက္ dose က ေဆးပမာဏက ဘယ္ေလာက္ရွိသလဲ၊ ေဆးအခ်င္းခ်င္း ႏႈိင္းယွဥ္တဲ့ဟာမ်ိဳးေတြ၊ ေနာက္ အခ်ိန္ တရက္တန္သည္ ၂ ရက္တန္သည္ အတြင္းမွာ ဘယ္ေလာက္ ေျပာင္းလဲမႈရွိလဲဆိုတာ၊ ဒါေတြကို သူတို႔က ဆဲလ္ထဲမွာ သတၱဝါမဲ့ စံနစ္နဲ႔စမ္းသပ္တယ္။ ၿပီးသြားရင္ သတၱဝါနဲ႔ စမ္းတယ္။ မ်ားေသာအားျဖင့္ ၾကြက္ကို အသံုးျပဳတယ္။ အခု ကိုဗစ္အတြက္ ဆို ေမ်ာက္ေတြကို သံုးခဲ့တယ္ဆိုတာကိုလည္း ေတြ႔ခဲ့ရတယ္။ ဒီမွာ discovery ေတြ႔ရွိမႈက ေသခ်ာၿပီ ဆိုလို႔ရွိရင္ အဲဒီေဆးကို ဘယ္ယူသြားရလဲ ဆိုေတာ့၊ clinical trial ဆိုတာ လူေတြကို အသံုးျပဳၿပီးေတာ့ စမ္းတဲ့ဟာေပါ့။”
ေမး။. ။“ဆိုေတာ့ အဆင့္ဆင့္ လုပ္ေနရတာ အတြက္ ၾကတာ ေပါ့ေနာ္။”
မခင္ဇာဝင္းျပည့္။. ။“ဟုတ္ပါတယ္။ လူေတြနဲ႔ စမ္းတဲ့ အဆင့္ေရာက္သြားၿပီ ဆိုရင္လည္း အဆင့္က clinical trial 1- 2- 3 သံုးခုရွိတယ္။ အဆင့္ဆင့္မွာ. ဘယ္ေလာက္ အဆိပ္ရွိသလဲ၊ ဘယ္ေလာက္ စိတ္ခ်ရသလဲ ဆိုတာေတြကို မ်ိဳးစံုစမ္းၿပီးေတာ့မွ FDA က အတည္ျပဳဖုိ႔ လုပ္ပါတယ္။”
ေမး။. ။“ေဆးထုတ္တဲ့ေနရာမွာ ဒီကာကြယ္ေဆး ဘယ္လုိ အလုပ္လုပ္သလဲ ဆိုတာ ေျပာျပေပးပါ။”
မခင္ဇာဝင္းျပည့္။. ။“အမ်ားျပည္သူ နားလည္ေအာင္ ေျပာရရင္ေတာ့ ေရာဂါ ျဖစ္ေစတဲ့ ဓါတ္ေပါ့ေနာ္။ ဘက္တီးရီးယား ျဖစ္မယ္၊ ဗုိင္းရပ္စ္ျဖစ္မယ္။ ဘယ္လိုဟာမ်ိဳးပဲ ျဖစ္ပေစ ဒီေရာဂါျဖစ္ေစတဲ့ဓါတ္ ခႏၶာကိုယ္ထဲ ေရာက္သြားၿပီ ဆိုရင္ ဒါက pathogen လို႔ ေခၚတယ္။ အျပင္ကေကာင္ေတြ foreign ေကာင္ေတြကို pathogen ေပါ့ေနာ္။အဲဒီ pathogen က အေပၚမွာ antigen ဆိုတာရွိတယ္။ ေသြးထဲမွာေတာ့ စီးဆင္းေနတဲ့ antibody လို႔ေခၚတဲ့ဟာ ရွိတယ္။ သူက ခႏၶာကိုယ္ထဲမွာ အၿမဲတမ္း သြားေနတဲ့ဟာ ေပါ့ေနာ္။ အဲဒီ antibody က ပက္သိုဂ်င္ေပၚမွာ ျပေနတဲ့ antigen ကိုသြားၿပီးေတာ့ ကပ္တယ္။ အဲဒီလို ကပ္သြားၿပီးရင္ သူက က်န္တဲ့ immune system ကိုယ္ခံအားစံနစ္ကို သူက သြားၿပီးေတာ့ alert လုပ္တယ္။ သတိေပးတယ္။ အဲဒါက အျပင္ေကာင္ ဝင္ေနၿပီ ငါတို႔ တိုက္ရေတာ့မယ္ ဆိုၿပီးေတာ့။ alert လုပ္တယ္။ ဆိုတာက သတိေပးတာ ေပါ့ေနာ္။ အဲဒီလို သတိေပးတဲ့ အခါ က်ေတာ့ က်န္တဲ့ ခႏၶာကိုယ္မွာ ရွိတဲ့ immune system ကိုယ္ခံအားစံနစ္က အဲဒီအခါက်ေတာ့မွ activate ျဖစ္တယ္။ အဲဒါက ဘာလဲဆိုေတာ့ ခႏၶာကိုယ္မွာ ပထမဆံုးသြားေနတဲ့ antibody ေတြကေန ၿပီးေတာ့၊ ငါတို႔.အျပင္မွာအေကာင္ ေရာက္ေနၿပီ။ အေကာင္ အျပင္မွာ ဝင္ေနၿပီ ဆိုၿပီးေတာ့ သူက ေျပာလုိက္တဲ့ အခ်ိန္မွာ အေနာက္ကေနၿပီးေတာ့ စစ္ကူပို႔တယ္။
ဆိုေတာ့ ကာကြယ္ေဆး ထုတ္တဲ့ ေနရာမွာ ၾကည့္ရင္. - သူက ဒီ antibody တုန္႔ျပန္မႈ respond ထြက္လာဖို႔ သူက အရင္ induce လုပ္ေပးတယ္။ အရင္ သခၤန္းစာေပးတဲ့ သေဘာမ်ိဳး ေပါ့ေနာ္။ ေရာဂါ မျဖစ္ေစတဲ့ ပက္သိုဂ်င္ တခုကို ခႏၶာကိုယ္ထဲကို ထည့္တယ္။ ထည့္တဲ့ အခါက်ရင္ antibodyပထမဆံုး သြားေနတဲ့ေကာင္ေတြ၊ ကင္းလွည့္ေနတဲ့အေကာင္ေတြကေန ေတြ႔လိုက္တယ္။ ေတြ႔လိုက္ ၿပီးရင္ သူက က်န္တဲ့ စစ္သည္ေတြကို ဒီအေကာင္ေတြကို တိုက္ဖုိ႔ သတင္းပို႔ေပးတာေပါ့။ ဒီစစ္သည္မွာက မွတ္တမ္းေလးေတြ ရွိတယ္။ ဒီအေကာင္ ဝင္ဘူးသြားၿပီ ဆိုရင္ ေနာက္တႀကိမ္ ဝင္တဲ့ အခါ ခလယ္က ၾကား period ေစာင့္စရာ မလိုေတာ့ဘူး ေပါ့ေနာ္။
အခု ေတာ္ေတာ္မ်ားမ်ား ျဖစ္ေနတဲ့ ဟာက ခလယ္၊ ဒီေနာက္စစ္သည္ ထြက္မလာခင္ ၾကား period မွာ လူေတြက မခံႏိုင္တာလည္း ျဖစ္ႏိုင္တယ္။ တကယ္လည္း စစ္ကူလည္း ေရာက္လာေရာ လူက တကယ္ တိက်တဲ့ pathogen လိုပဲ သူက တိုက္ရိုက္ တားဂက္လုပ္ ေပးတာမ်ိဳး မဟုတ္ေတာ့ ပဲနဲ႔ တကိုယ္လံုး ျပာသြားတာမ်ိဳး ျဖစ္တာေပါ့ေနာ္။ အခု ကာကြယ္ေဆး ထုတ္တယ္ ဆိုတာ သူတို႔က ကိုဗစ္ ကိုပဲတဲ့တဲ့ သြားၿပီး တားဂက္ လုပ္မယ္။ ၿပီးေတာ့ ေျခဖ်က္ ေပးမယ္။ အဲဒီဟာကို သူတို႔က လုပ္တာပါ။”
ေမး။ ဒီလိုပံုစံနဲ႔ ေဆးထုတ္ဖို႔ လုပ္မယ္ ဆိုရင္ အဆင့္ ဘယ္ႏွစ္ဆင့္ ရွိပါလဲ။
မခင္ဇာဝင္းျပည့္။။ “စုစုေပါင္းဆိုရင္ေတာ့ အဆင့္က ၅ ဆင့္ ေပါ့။ ပထမဆံုး ဆိုရင္ သူက pre clinical ဆိုတဲ့ဟာ ရွိတယ္။ ဒါကေတာ့ ဓါတ္ခြဲခန္းထဲမွာ lab ထဲမွာ လုပ္တဲ့ဟာ။ ဒီဗုိင္းရပ္ ဒါမွမဟုတ္ ဒီ ဘက္တီးရီးယား ကို ေျခဖ်က္မယ္ ဆိုရင္ ဒီဟာကို ဘယ္လိုမ်ိဳး ေျခဖ်က္မလဲ။ ဘယ္လို mechanism လဲ ဆိုတာရွိတယ္။ field တခုရဲ့ အလုပ္လုပ္ပံု။ အခု ဒီထြက္လာတဲ့ ကာကြယ္ေဆး vaccine ဆိုရင္လည္း ဒီေကာင္ကို target လုပ္မယ္ ပစ္မွတ္ထားၾကည့္မယ္ဆိုရင္ ေတြ႕သြားတဲ့. Antigen ကို သူတို႔က ဒီခႏၶာကိုယ္ထဲ ကိုဘယ္လို introduce လုပ္မလဲ။ DNA အေနနဲ႔ introduce လုပ္တာရွိတယ္။ RNA အေနနဲ႔ introduce လုပ္တာရွိတယ္။ အခု ဒီ ထုတ္မယ့္ Moderna တို႔ Pfizer တို႔ဆိုရင္ M- RNA ကို သံုးျပဳၿပီးေတာ့ ထုတ္မယ့္ ကာကြယ္ေဆးေပါ့ေနာ္။. ဒါ ကို ဘယ္လိုမ်ိဳး နည္းပညာနဲ႔ ထုတ္မွာလဲ ဆိုတာ အလုပ္လုပ္တဲ့ ပံုစံကို သူတို႔ ရွာရတယ္။
ဒီအလုပ္လုပ္ပံု လုပ္နည္း ပံုစံက ျဖစ္ႏိုင္တယ္။ ေသ ခ်ာတယ္။ အႏၱရာယ္လည္း ကင္းတယ္ဆိုလိုရွိရင္ ေနာက္ အဆင့္တခု အဲဒါက်ရင္ သူက phase 1 . အဲဒီ phase 1 မွာ က်ရင္ လူမွာ ဆိုလုိရွင္ေကာ တကယ္တမ္း ေတြ႔တဲ့ အခါ က်ရင္ အဆင္ေျပမလား ဆိုတဲ့ဟာကို သူတို႔က စမ္းရတယ္။ ဒါက လူ႔ရဲ့ ခႏၶာကိုယ္ အေလးခ်ိန္ေပၚမွာ မူတည္ၿပီးေတာ့လည္း dose ဘယ္ေလာက္ ေပးမလဲလိုမ်ိဳး အဲဒါေတြ က်ရင္ သူက phase 1 – phase 2 မွာ ဆံုးျဖတ္ရတယ္။ အဲဒါ ဆံုးျဖတ္ၿပီးရင္ phase 3 ကို ေရာက္သြားတယ္။အခုဒီ ေတာ္ေတာ္မ်ားမ်ား လုပ္ေနတဲ့ ဟာေတြ ဆိုလို႔ရွိရင္ phase 2 နဲ႔ 3 ကို ေပါင္းၿပီး လုပ္တာပဲ ျဖစ္ေစ။ phase 1 နဲ႔ phase 2 ကို ေပါင္းၿပီး လုပ္တာပဲ ျဖစ္ေစ။ အခ်ိန္ျမန္ေအာင္ သူတို႔ ေပါင္းၿပီး လုပ္ေနတာေတြ ရွိတယ္။
phase 1 မွာ ၁၅ ေယာက္ကေန အေယာက္ ၃၀ ဆိုရင္ phase 2 မွာ သူက ရာဂဏန္း။ phase 3 မွာ ေတာ့ ေထာင္ဂဏန္း အနဲဆံုး လုပ္ၾကတယ္။
phase 3 မွာက်ရင္ ဒီကာကြယ္ေဆးက ဘယ္ေလာက္အထိ အက်ိဳး သက္ေရာက္မႈ ရွိသလဲ။ ဥပမာ - အက်ိဳးသက္ေရာက္မႈက ၂ လပဲ ရွိမလား။ ဒါဆို ၂ လၿပီးရင္ ေနာက္တႀကိမ္ ထပ္ထုိးရမလား။ ဒီ ၂ လ ေနာက္တႀကိမ္ ထပ္ထုိးၿပီး သြားရင္ေကာ ေနာက္ဘယ္ ဘယ္ေလာက္ ၾကာၾကာ အထိ ဒီအက်ိဳး သက္ေရာက္မႈ ရွိသလဲ။ ေနာက္ ေရာဂါ အခံ ရွိတဲ့ လူေတြဆိုရင္ေကာ၊ ဒီတျခား ေဆးေတြနဲ႔ cross reaction ရွိသလား ။ ဒါေတြကို phase 3 မွာ ေသေသခ်ာခ်ာ စမ္းသပ္ရတယ္ ေပါ့ေနာ္။
ေမး။. ။“ phase 3 စမ္းသပ္ၿပီးရင္ေတာ့ ေတာ္ေတာ္ေလးကို အဆင္ေျပတဲ့ အဆင့္ ေရာက္ေနၿပီေပါ့။
မခင္ဇာဝင္းျပည့္။. ။“ဟုတ္ကဲ့။ Phase 3 ကို စမ္းသပ္ၿပီး ေတာ့ ေအာင္ျမင္တယ္ ဆိုရင္ ဒီေဆးသည္ အက်ိဳးသက္ေရာက္မႈလည္း ရွိတယ္။ အႏၱရာယ္လည္း ကင္းတယ္ဆိုတာကို ေျပာပါတယ္။ phase 4 ဆိုတဲ့ဟာက ေၾကညာထားျခင္း မဟုတ္ပဲနဲ႔ လုပ္တဲ့ study ေလ့လာမႈေပါ့။ FDA က phase 3 ၿပီးရင္ Approval ေပးလိုက္ၿပီ။ phase 4 မွာက်ေတာ့ တကမာၻလံုးကို ျဖန္႔လိုက္ၿပီးသား ျဖစ္တဲ့ အတြက္ သူ႔ရဲ့ long term effect ေရရွည္ အက်ိဳး သက္ေရာက္မႈေပါ့။ ဒီေဆးကို ထိုးလိုက္ၿပီးလို႔ တႏွစ္ၾကာရင္ ဘာျဖစ္မလဲ။ ၂ ႏွစ္ၾကာရင္ ဘာျဖစ္မလဲ။ သူ႔ဟာသူ ဆက္ၿပီးေတာ့ ေရရွည္ လုပ္သြားတဲ့ ဟာကို ေျပာတာပါရွင့္။”
မခင္ဇာဝင္းျပည့္ရဲ့ ေျပာၾကားခ်က္နဲ႔ပ ဒီသီတင္ပတ္အတြက္ သိပၸံနဲ႔နည္းပညာ. က႑ကို ဒီမွာပဲ ရပ္နားလိုက္ပါရေစ။
(UNICODE)
ကိုဗစ် ၁၉ အကူးစက်ခံရသူဟာ ကမ္ဘာမှာ ၃၆ သန်းကျော်နေပြီမို့ ကာကွယ်ဆေးကို လူတိုင်း မေ ျှာ်လင့်နေကြပေမယ့် ခုထိ မထုတ်နိုင်သေးပါဘူး။ ဒီလိုကြာနေရတာဟာ စိတ်ချရတဲ့ ကာကွယ်ဆေးရဖို့ အဆင့်ဆင့် လုပ်ဆောင်နေရတာကြောင့်လို့ အဏုဇီဝဗေဒ ပညာရှင် မခင်ဇာဝင်းပြည့်က ပြောပါတယ်။
မခင်ဇာဝင်းပြည့်။. ။“ကာကွယ်ဆေးထုတ်တာက အဆင့်ဆင့်နဲ့ သွားရတယ်။ အခုအချိန် ကိုဗစ်အတွက် ကာကွယ်ဆေးထုတ်တာက အမြန်ဆုံးနည်းနဲ့ သူတို့ လုပ်နေကြတာပါ။ စတာက ဘယ်ကစသလဲ ဆိုရင် laboratory discovery stage ဆိုတာရှိတယ်။ ရောဂါတခု ရှိပြီဆိုရင် အဲဒီရောဂါကို ကုသမယ့်ဆေး၊ ကာကွယ်မယ့်ဆေး ဆိုတာကို ဘယ်လိုပုံစံမျိုး ကာကွယ်မှာလဲ၊ ဘယ်လို ပစ်မှတ်ထား target လုပ်မှာလဲ ဆိုတာ ရှိတယ်။ အဲဒီဟာကို lab ထဲမှာ စမ်းတဲ့အခါ ကျရင် အဏုဇီဝဗေဒ ပညာရှင်တွေပါမယ်၊ ဒါက ကာကွယ်ဆေး ဆိုတဲ့အခါ ကျတော့ ခန္ဓာကိုယ်ရဲ့ ခုခံအား ကိုလည်း တိုင်းတာရတဲ့ အတွက်ကြောင့် ခုခံအားဆိုင်ရာ ပညာရှင် Immunologist တွေပါမယ်၊ နောက် microbiologist ဆိုတာပါမယယ်။ ဆဲလ် တခုအတွင်းမှာ ဆေးတခုက ဝင်သွားပြီဆိုရင် ဆဲလ်တွေ အပေါ်မှာ ဘယ်လိုမျိုး သက်ရောက်မှုရှိတယ်ဆိုတာ Cellbiologist တွေ Molecular biologist ဆိုတဲ့ သိပ္ပွံပညာရှင် အမျိုးမျိုးက ဓါတ်ခွဲခန်းတွေမှာ ပူးပေါင်း ပါဝင်ပြီးတော့ ဒါကို သူတို့ ဖေါ်ထုတ်တယ်ပေါ့နော်။ ”
ဒီ laboratory discovery stage မှာ စံနစ် ၂ မျိုးနဲ့ စမ်းသပ်ပါတယ်။
မခင်ဇာဝင်းပြည့်။. ။“အဲဒီမှာ သတ္တဝါမဲ့ စံနစ် ဆိုတာရှိတယ်။ အဲဒီသတ္တဝါမဲ့ စံနစ်ဆိုတာက ဓါတ်ခွဲခန်းထဲမှာ ဆဲလ် တွေကိုမွေးမယ်၊ မွေးပြီးရင် အဲဒီ ဆဲလ်တွေ ပေါ်မှာ ဆေးတွေ ပေးချတာ ပေါ့နော်။ ဘယ်လိုမျိုး ဒီဆဲလ်တွေပေါ်မှာ အကျိုး သက်ရောက်မှု ရှိတယ်၊ နောက် dose က ဆေးပမာဏက ဘယ်လောက်ရှိသလဲ၊ ဆေးအချင်းချင်း နှိုင်းယှဉ်တဲ့ဟာမျိုးတွေ၊ နောက် အချိန် တရက်တန်သည် ၂ ရက်တန်သည် အတွင်းမှာ ဘယ်လောက် ပြောင်းလဲမှုရှိလဲဆိုတာ၊ ဒါတွေကို သူတို့က ဆဲလ်ထဲမှာ သတ္တဝါမဲ့ စံနစ်နဲ့စမ်းသပ်တယ်။ ပြီးသွားရင် သတ္တဝါနဲ့ စမ်းတယ်။ များသောအားဖြင့် ကြွက်ကို အသုံးပြုတယ်။ အခု ကိုဗစ်အတွက် ဆို မျောက်တွေကို သုံးခဲ့တယ်ဆိုတာကိုလည်း တွေ့ခဲ့ရတယ်။ ဒီမှာ discovery တွေ့ရှိမှုက သေချာပြီ ဆိုလို့ရှိရင် အဲဒီဆေးကို ဘယ်ယူသွားရလဲ ဆိုတော့၊ clinical trial ဆိုတာ လူတွေကို အသုံးပြုပြီးတော့ စမ်းတဲ့ဟာပေါ့။”
မေး။. ။“ဆိုတော့ အဆင့်ဆင့် လုပ်နေရတာ အတွက် ကြတာ ပေါ့နော်။”
မခင်ဇာဝင်းပြည့်။. ။“ဟုတ်ပါတယ်။ လူတွေနဲ့ စမ်းတဲ့ အဆင့်ရောက်သွားပြီ ဆိုရင်လည်း အဆင့်က clinical trial 1- 2- 3 သုံးခုရှိတယ်။ အဆင့်ဆင့်မှာ. ဘယ်လောက် အဆိပ်ရှိသလဲ၊ ဘယ်လောက် စိတ်ချရသလဲ ဆိုတာတွေကို မျိုးစုံစမ်းပြီးတော့မှ FDA က အတည်ပြုဖို့ လုပ်ပါတယ်။”
မေး။. ။“ဆေးထုတ်တဲ့နေရာမှာ ဒီကာကွယ်ဆေး ဘယ်လို အလုပ်လုပ်သလဲ ဆိုတာ ပြောပြပေးပါ။”
မခင်ဇာဝင်းပြည့်။. ။“အများပြည်သူ နားလည်အောင် ပြောရရင်တော့ ရောဂါ ဖြစ်စေတဲ့ ဓါတ်ပေါ့နော်။ ဘက်တီးရီးယား ဖြစ်မယ်၊ ဗိုင်းရပ်စ်ဖြစ်မယ်။ ဘယ်လိုဟာမျိုးပဲ ဖြစ်ပစေ ဒီရောဂါဖြစ်စေတဲ့ဓါတ် ခန္ဓာကိုယ်ထဲ ရောက်သွားပြီ ဆိုရင် ဒါက pathogen လို့ ခေါ်တယ်။ အပြင်ကကောင်တွေ foreign ကောင်တွေကို pathogen ပေါ့နော်။ အဲဒီ pathogen က အပေါ်မှာ antigen ဆိုတာရှိတယ်။ သွေးထဲမှာ စီးဆင်းနေတဲ့ antibody လို့ခေါ်တဲ့ဟာ ရှိတယ်။ သူက ခန္ဓာကိုယ်ထဲမှာ အမြဲတမ်း သွားနေတဲ့ဟာ ပေါ့နော်။ အဲဒီ antibody က ပက်သိုဂျင်ပေါ်မှာ ပြနေတဲ့ antigen ကိုသွားပြီးတော့ ကပ်တယ်။ အဲဒီလို ကပ်သွားပြီးရင် သူက ကျန်တဲ့ immune system ကိုယ်ခံအားစံနစ်ကို သူက သွားပြီးတော့ alert လုပ်တယ်။ သတိပေးတယ်။ အဲဒါက အပြင်ကောင် ဝင်နေပြီ ငါတို့ တိုက်ရတော့မယ် ဆိုပြီးတော့။ alert လုပ်တယ်။ ဆိုတာက သတိပေးတာ ပေါ့နော်။ အဲဒီလို သတိပေးတဲ့ အခါ ကျတော့ ကျန်တဲ့ ခန္ဓာကိုယ်မှာ ရှိတဲ့ immune system ကိုယ်ခံအားစံနစ်က အဲဒီအခါကျတော့မှ activate ဖြစ်တယ်။ အဲဒါက ဘာလဲဆိုတော့ ခန္ဓာကိုယ်မှာ ပထမဆုံးသွားနေတဲ့ antibody တွေကနေ ပြီးတော့၊ ငါတို့.အပြင်မှာ ရောက်နေပြီ။ အကောင် အပြင်မှာ ဝင်နေပြီ ဆိုပြီးတော့ သူက ပြောလိုက်တဲ့ အချိန်မှာ အနောက်ကနေပြီးတော့ စစ်ကူပို့တယ်။
ဆိုတော့ ကာကွယ်ဆေး ထုတ်တဲ့ နေရာမှာ သူက ဒီ antibody တုန့်ပြန်မှု respond ထွက်လာဖို့ သူက အရင် induce လုပ်ပေးတယ်။ အရင် သင်္ခန်းစာပေးတဲ့ သဘောမျိုး ပေါ့နော်။ ရောဂါ မဖြစ်စေတဲ့ ပက်သိုဂျင် တခုကို ခန္ဓာကိုယ်ထဲကို ထည့်တယ်။ ထည့်တဲ့ အခါကျရင် antibody ပထမဆုံး သွားနေတဲ့ကောင်တွေ၊ ကင်းလှည့်နေတဲ့အကောင်တွေကနေ တွေ့လိုက်တယ်။ တွေ့လိုက် ပြီးရင် သူက ကျန်တဲ့ စစ်သည်တွေကို ဒီအကောင်တွေကို တိုက်ဖို့ သတင်းပို့ပေးတာပေါ့။ ဒီစစ်သည်မှာက မှတ်တမ်းလေးတွေ ရှိတယ်။ ဒီအကောင် ဝင်ဘူးသွားပြီ ဆိုရင် နောက်တကြိမ် ဝင်တဲ့ အခါ ခလယ်က ကြား period စောင့်စရာ မလိုတော့ဘူး ပေါ့နော်။
အခု တော်တော်များများ ဖြစ်နေတဲ့ ဟာက ခလယ်၊ ဒီနောက်စစ်သည် ထွက်မလာခင် ကြား period မှာ လူတွေက မခံနိုင်တာလည်း ဖြစ်နိုင်တယ်။ တကယ်လည်း စစ်ကူလည်း ရောက်လာရော လူက တကယ် တိကျတဲ့ pathogen လိုပဲ သူက တိုက်ရိုက် တားဂက်လုပ် ပေးတာမျိုး မဟုတ်တော့ ပဲနဲ့ တကိုယ်လုံး ပြာသွားတာမျိုး ဖြစ်တာပေါ့နော်။ အခု ကာကွယ်ဆေး ထုတ်တယ် ဆိုတာ သူတို့က ကိုဗစ် ကိုပဲတဲ့တဲ့ သွားပြီး တားဂက် လုပ်မယ်။ ပြီးတော့ ခြေဖျက် ပေးမယ်။ အဲဒီဟာကို သူတို့က လုပ်တာပါ။”
မေး။ ဒီလိုပုံစံနဲ့ ဆေးထုတ်ဖို့ လုပ်မယ် ဆိုရင် အဆင့် ဘယ်နှစ်ဆင့် ရှိပါလဲ။
မခင်ဇာဝင်းပြည့်။ ။ “စုစုပေါင်းဆိုရင်တော့ အဆင့်က ၅ ဆင့် ပေါ့။ ပထမဆုံး ဆိုရင် သူက pre clinical ဆိုတဲ့ဟာ ရှိတယ်။ ဒါကတော့ ဓါတ်ခွဲခန်းထဲမှာ lab ထဲမှာ လုပ်တဲ့ဟာ။ ဒီဗိုင်းရပ် ဒါမှမဟုတ် ဒီ ဘက်တီးရီးယား ကို ခြေဖျက်မယ် ဆိုရင် ဒီဟာကို ဘယ်လိုမျိုး ခြေဖျက်မလဲ။ ဘယ်လို mechanism လဲ ဆိုတာရှိတယ်။ field တခုရဲ့ အလုပ်လုပ်ပုံ။ အခု ဒီထွက်လာတဲ့ ကာကွယ်ဆေး vaccine ဆိုရင်လည်း ဒီကောင်ကို target လုပ်မယ် ပစ်မှတ်ထားကြည့်မယ်ဆိုရင် တွေ့သွားတဲ့. Antigen ကို သူတို့က ဒီခန္ဓာကိုယ်ထဲ ကိုဘယ်လို introduce လုပ်မလဲ။ DNA အနေနဲ့ introduce လုပ်တာရှိတယ်။ RNA အနေနဲ့ introduce လုပ်တာရှိတယ်။ အခု ဒီ ထုတ်မယ့် Moderna တို့ Pfizer တို့ဆိုရင် M- RNA ကို သုံးပြုပြီးတော့ ထုတ်မယ့် ကာကွယ်ဆေးပေါ့နော်။. ဒါ ကို ဘယ်လိုမျိုး နည်းပညာနဲ့ ထုတ်မှာလဲ ဆိုတာ အလုပ်လုပ်တဲ့ ပုံစံကို သူတို့ ရှာရတယ်။
ဒီအလုပ်လုပ်ပုံ လုပ်နည်း ပုံစံက ဖြစ်နိုင်တယ်။ သေ ချာတယ်။ အန္တရာယ်လည်း ကင်းတယ်ဆိုလိုရှိရင် နောက် အဆင့်တခု အဲဒါကျရင် သူက phase 1 . အဲဒီ phase 1 မှာ ကျရင် လူမှာ ဆိုလိုရှင်ကော တကယ်တမ်း တွေ့တဲ့ အခါ ကျရင် အဆင်ပြေမလား ဆိုတဲ့ဟာကို သူတို့က စမ်းရတယ်။ ဒါက လူ့ရဲ့ ခန္ဓာကိုယ် အလေးချိန်ပေါ်မှာ မူတည်ပြီးတော့လည်း dose ဘယ်လောက် ပေးမလဲလိုမျိုး အဲဒါတွေ ကျရင် သူက phase 1 – phase 2 မှာ ဆုံးဖြတ်ရတယ်။ အဲဒါ ဆုံးဖြတ်ပြီးရင် phase 3 ကို ရောက်သွားတယ်။ အခုဒီ တော်တော်များများ လုပ်နေတဲ့ ဟာတွေ ဆိုလို့ရှိရင် phase 2 နဲ့ 3 ကို ပေါင်းပြီး လုပ်တာပဲ ဖြစ်စေ။ phase 1 နဲ့ phase 2 ကို ပေါင်းပြီး လုပ်တာပဲ ဖြစ်စေ။ အချိန်မြန်အောင် သူတို့ ပေါင်းပြီး လုပ်နေတာတွေ ရှိတယ်။
phase 1 မှာ ၁၅ ယောက်ကနေ အယောက် ၃၀ ဆိုရင် phase 2 မှာ သူက ရာဂဏန်း။ phase 3 မှာ တော့ ထောင်ဂဏန်း အနဲဆုံး လုပ်ကြတယ်။
phase 3 မှာကျရင် ဒီကာကွယ်ဆေးက ဘယ်လောက်အထိ အကျိုး သက်ရောက်မှု ရှိသလဲ။ ဥပမာ - အကျိုးသက်ရောက်မှုက ၂ လပဲ ရှိမလား။ ဒါဆို ၂ လပြီးရင် နောက်တကြိမ် ထပ်ထိုးရမလား။ ဒီ ၂ လ နောက်တကြိမ် ထပ်ထိုးပြီး သွားရင်ကော နောက်ဘယ် ဘယ်လောက် ကြာကြာ အထိ ဒီအကျိုး သက်ရောက်မှု ရှိသလဲ။ နောက် ရောဂါ အခံ ရှိတဲ့ လူတွေဆိုရင်ကော၊ ဒီတခြား ဆေးတွေနဲ့ cross reaction ရှိသလား ။ ဒါတွေကို phase 3 မှာ သေသေချာချာ စမ်းသပ်ရတယ် ပေါ့နော်။
မေး။. ။“ phase 3 စမ်းသပ်ပြီးရင်တော့ တော်တော်လေးကို အဆင်ပြေတဲ့ အဆင့် ရောက်နေပြီပေါ့။
မခင်ဇာဝင်းပြည့်။. ။“ဟုတ်ကဲ့။ Phase 3 ကို စမ်းသပ်ပြီး တော့ အောင်မြင်တယ် ဆိုရင် ဒီဆေးသည် အကျိုးသက်ရောက်မှုလည်း ရှိတယ်။ အန္တရာယ်လည်း ကင်းတယ်ဆိုတာကို ပြောပါတယ်။ phase 4 ဆိုတဲ့ဟာက ကြေညာထားခြင်း မဟုတ်ပဲနဲ့ လုပ်တဲ့ study လေ့လာမှုပေါ့။ FDA က phase 3 ပြီးရင် Approval ပေးလိုက်ပြီ။ phase 4 မှာကျတော့ တကမ္ဘာလုံးကို ဖြန့်လိုက်ပြီးသား ဖြစ်တဲ့ အတွက် သူ့ရဲ့ long term effect ရေရှည် အကျိုး သက်ရောက်မှုပေါ့။ ဒီဆေးကို ထိုးလိုက်ပြီးလို့ တနှစ်ကြာရင် ဘာဖြစ်မလဲ။ ၂ နှစ်ကြာရင် ဘာဖြစ်မလဲ။ သူ့ဟာသူ ဆက်ပြီးတော့ ရေရှည် လုပ်သွားတဲ့ ဟာကို ပြောတာပါရှင့်။”
မခင်ဇာဝင်းပြည့်ရဲ့ ပြောကြားချက်နဲ့ပ ဒီသီတင်ပတ်အတွက် သိပ္ပံနဲ့နည်းပညာ. ကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။