သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္သမၼတေရြးေကာက္ပဲြ ႀကိဳတင္မဲေပးသူေပါင္း သန္း ၆၀ ေက်ာ္ထဲ ျမန္မာႏြယ္ဖြားေတြလည္း ပါ၀င္


New York ျပည္နယ္တြင္ ႀကိဳတင္မဲေပးရန္ တန္းစီေနသူမ်းာ (Mark Vergari/The Journal News via AP)

(Zawgyi/Unicode)

ရက္ေပါင္း (၇) ရက္သာလိုေတာ့တဲ့ အေမရိကန္သမၼတေရြးေကာက္ပဲြအတြက္ ႀကိဳတင္မဲေပးတဲ့ အေမရိကန္ျပည္သူေပါင္း သန္း (၆၀) ေက်ာ္ရွိသြားၿပီးျဖစ္ၿပီး အဲဒီထဲမွာျမန္မာႏြယ္ဖြားအမ်ားအျပားပါ၀င္ၾကပါတယ္။ ဒါအျပင္ ႏို၀င္ဘာ ၃ ရက္ေန႔ ေရြးေကာက္ပဲြေန႔မွာ မဲထည့္ဖို႔ ျပင္ဆင္ေနသူေတြလည္း ရွိေနပါတယ္။

ကိုဗစ္ကပ္ေရာဂါကူးစက္မႈ စိုးရိမ္မႈေတြၾကားက ျမန္မာႏြယ္ဖြားေတြ အေမရိကန္သမၼတေလာင္းေရြးေကာက္ပဲြမွာ ပါ၀င္မဲထည့္ေနၾကတာ ဘာေၾကာင့္လဲ။ မအင္ၾကင္းႏိုင္က စုစည္းတင္ျပထားပါတယ္။

ကိုဗစ္-၁၉ကပ္ေရာဂါကာလ အေမရိကန္ ေရြးေကာက္ပြဲအတြက္ သက္ဆိုင္ရာမဲရံုေတြမွာ လူကိုယ္တိုင္သြားၿပီး ႀကိဳတင္မဲေပးၾကသူအေရအတြက္ဟာ အေမရိကန္ေရြးေကာက္ပဲြသက္တမ္းမွာ ႀကိဳတင္မဲေပးတဲ့ အေရအတြက္စံခ်ိန္ကို ခ်ဳိးသြားေၾကာင္း အေမရိကန္သတင္းဌာနေတြမွာ ေဖၚျပခဲ့ၾကပါတယ္။ ဒါအျပင္ စာတိုက္ကေန ႀကိဳတင္မဲေပးခဲ့သူေတြလည္းရွိပါတယ္။ အဲဒီထဲမွာ အိုဟိုင္းယုိးျပည္နယ္ Cincinnati ၿမဳိ႕မွာေနတဲ့ ျမန္မာႏြယ္ဖြား အၿငိမ္းစား ရဲအရာရွိ ဦးလွျမင့္ လည္းပါ၀င္ပါတယ္။

“ ႀကိဳတင္ၿပီးေတာ့ ေပးႏိုင္တဲ့ မဲေပးပါတယ္ ။ မဲေပးေတာ့ နည္းလမ္း ၂ မ်ိဳးရွိတာကို စာတိုက္ကေနလည္း ျပန္ပို႔လို႔ရတယ္ ၊ လူကိုယ္တိုင္လည္း Vote on Election ရံုးမွာ သြားပို႔လို႔ရတယ္။ အဲဒီမွာ Drop box ရွိတဲ့ေနရာမွာ ၊ ေနာက္ၿပီးေတာ့ စာတိုက္ပံုးမွာလည္းထည့္လို႔ရပါတယ္။ က်ေနာ္ေတာ့ ႀကိဳတင္လုပ္လုိက္တယ္ က်ေနာ္ပို႔တဲ့မဲ ရတယ္ ၊ မရဘူးဆိုတာ Check လုပ္လို႔လည္းရေတာ့ သူတို႔က ရၿပီးၿပီ အားလံုး ဘာမွ ခ်ိဳ႕ယြင္းခ်က္မရွိလို႔ လက္ခံလိုက္ၿပီးၿပီ ဆိုတာ အတည္ျပဳခ်က္ ရပါတယ္။

ေမး။ ။ဒီ ႏို၀င္ဘာ ၃ ရက္ ေရြးေကာက္ပြဲက ကပ္ေရာဂါ ကာလ ျပင္ဆင္ထားတဲ့အပိုင္းကိုေရာ အန္ကယ္ ဘယ္လိုေတြ႔ရသလဲရွင့္။

ေျဖ။ ။ စိုးရိမ္ေသာကေတြကေတာ့ ရွိေတာ့ ရွိတာေပါ့ေနာ္ မဲေပးမယ့္လူေတြ အေနနဲ႔ ။ ဒါေပမယ့္လို႔ က်န္းမာေရး ၀န္ႀကီးဌာနတို႔ သက္ဆိုင္ရာ ဌာနေတြကလည္း အတတ္ႏိုင္ဆံုးေတာ့ စိတ္ခ်လံုၿခံဳစြာနဲ႔ ေရာဂါမကူးစက္ေအာင္ ႀကိဳတင္ျပင္ဆင္မႈေတြလုပ္ထားတာေတာ့ ရွိၿပီးသားဆိုေတာ့ ေရာဂါကို သိပ္ေၾကာက္ရြံ႕တဲ့အေနအထားကေတာ့ သိပ္မေတြ႔ပါဘူး။

ေမး။ ။ ဆိုေတာ့ အခု ႀကိဳတင္မဲေပးတဲ့ အေရအတြက္ကလည္း အေမရိကန္မွာ အခုဆိုရင္ သန္း ၅၀ ေက်ာ္သြားၿပီဆိုတဲ့အပိုင္းေပါ့ေနာ္ လူေတြ ႀကိဳတင္မဲ ေပးၾကတဲ့ အေနအထားမွာေရာ ႀကိဳတင္မဲေတြက စိတ္ခ်ရမႈ ရွိမလား ။ ႀကိဳတင္မဲေပးတဲ့အေပၚမွာ အန္ကယ့္အျမင္ ဘယ္လိုရွိပါသလဲ။

ေျဖ။ ။ က်ေနာ္ကေတာ့ ေရြးေကာက္ပြဲ က်င္းပတဲ့ ဘုတ္အဖြဲ႔ေတြကို လံုး၀ ယံုၾကည္ပါတယ္။ ဘက္လိုက္မႈ လံုး၀မရွိႏိုင္ဘူးလို႔ပဲ ထင္တယ္။ အမ်ိဳးမ်ိဳးေတာ့ ေျပာၾကတာေပါ့ေနာ္ စာတိုက္က ေပးတာေတြ ႀကိဳတင္မဲေပးတာေတြက မသမာမႈေတြ ျဖစ္ႏိုင္တယ္လို႔ က်ေနာ္ကေတာ့ အဲလိုမထင္ပါဘူး။”

အလားတူ နယူးေရာက္ အထက္ျပည္နယ္ ဘာဖဲလိုးၿမိဳ႕က အေသးစား စီးပြားေရးလုပ္ငန္းရွင္ကိုမင္းႏိုင္ကလည္း သူတို႔ျပည္နယ္ဘက္မွာ ကပ္ေရာဂါကာလၾကားက လူေတြ ေရြးေကာက္ပဲြကို စိတ္၀င္တစားနဲ႔ ဆႏၵမဲ ႀကိဳတင္ေပးေနၾကတာကို ေတြ႕ရတယ္လို႔အခုလို ဗီြအိုေအကိုေျပာပါတယ္။

"လူေတြကေတာ့ စိတ္၀င္တစားနဲ႔ မဲေပးေနတာေတြ စၿပီးေတာ့ မဲေပးေနတာေတြရွိတယ္။ ဒီ COVID ေၾကာင့္ျဖစ္တယ္ အဲဒီအေပၚမွာ မဲထြက္ေပးတဲ့လူေတြ နည္းမယ္လို႔ ထင္ရေပမယ့္ ႀကိဳတင္မဲ ေပးမယ့္ မဲရံုေတြမွာ လူေတြက တန္းစီၿပီး ေပးေနၾကတာေတြလည္း ေတြ႔မိတယ္ဆိုေတာ့ အခက္အခဲၾကားေတြထဲကပဲ ေပးေနတာေတြ ေတြ႔မိတယ္ေပါ့ေနာ္။

ေမး။။အခု ဒီအေမရိကန္မွာ မဲေပးတဲ့ သူေတြထဲမွာလည္း မဲေပးပိုင္ခြင့္အေနအထားေတြေပါ့ေနာ္ တခ်ိဳ႕ ဒီအသိုင္းအ၀ိုင္းေတြ Immigrants ေတြ ေနာက္ၿပီးေတာ့ လူမည္းအသိုင္းအ၀ိုင္းေတြ၊ ေနာက္ၿပီးေတာ ့Homeless ေတြ ဒီ ID မရွိသူေတြ မဲေပးခြင့္ဆံုးရႈံးေနတယ္ဆိုတဲ့ အေနအထားေတြ ေျပာဆိုေဆြးေႏြးတာေတြလည္း ေတြ႔ရပါတယ္။ ဆိုေတာ့ အဲဒီဘက္မွာေရာ လူထုရဲ႕ မဲေပးပိုင္ခြင့္ အေနအထားေရာ ဘယ္လိုရွိသလဲရွင့္။

ေျဖ။ ။ ဟုတ္တယ္အဲဒီအေျခအေနကေတာ့ ေနရာတိုင္းမွာ ရွိေနမွာပဲ။ ဒါက်ေနာ္ျမင္ရတဲ့ ပတ္၀န္းက်င္မွာဆိုရင္ လူမည္းမိတ္ေဆြတခ်ိဳ႕ ၊ က်ေနာ္ကေတာ့ အလုပ္သေဘာအရ လူအမ်ားႀကီးနဲ႔ ဆက္ဆံေနရတယ္ဆိုေတာ့ လူေပါင္းစံုနဲ႔ ေတြ႔ေနရတယ္။ အဲဒီမွာ လူမည္းမိတ္ေဆြတခ်ိဳ႕ဆိုရင္ မဲ သူတို႔ကေတာ့ ေပးလို႔မရဘူး ၊ အဲဒီမွာ အံၾသတယ္ ဟုတ္လား ဘာျဖစ္လို႔လဲဆိုေတာ ့သူေျပာတယ္ သူ Crime ျဖစ္ၿပီးေတာ ့ေထာင္က်ဖူးတယ္။ အခုေထာင္က လႊတ္လာၿပီ ဒီလိုေကာင္းေကာငး္ေနေပမယ့္ မဲေပးခြင့္ ၊ မဲေပးပိုင္ခြင့္ေတြ ရုပ္သိမ္းျခင္းခံထားရတယ္။ သူ႔လိုလူမ်ိဳးေတြ အမ်ားႀကီးေပါ့ ဒီလိုမဲေပးပိုင္ခြင့္ေတြ ရုပ္သိမ္းျခင္းခံရတာ ျပစ္မႈနဲ႔ ေထာင္က်ဖူးတာျဖစ္တဲ့အတြက္ေၾကာင့္ ငါတို႔ မဲေပးလို႔ မရဘူးဆိုတာမ်ိဳးေတြလည္း ရွိတယ္။”

သူကိုယ္တိုင္လည္း ကပ္ေရာဂါကို စိုးရိမ္ေပမဲ့ ႏို၀င္ဘာလ ၃ ရက္ ေရြးေကာက္ပဲြေန႔မွာ မဲေပးဖို႔ ျပင္ဆင္ထားပံုကိုလည္း အခုလို ေျပာျပပါတယ္။

” က်ေနာ္ကေတာ့ မဲရံု၀ မွာ ႀကိမ္းေသ ထားေပးမယ့္ hand sanitizer လက္ေဆးရည္ကို သံုးမယ္။ ကိုယ္တုိင္လည္း ႏွာေခါင္းစည္း ပါသြားမယ္။ လူၾကားထဲမွာလည္း ေဆာင္ရန္ေရွာင္ရန္ေတြ လိုက္နာၿပီး နာရီပိုင္းေလာက္ေတာင္ မၾကာတဲ့ မဲေပးရမွာကို တဦးခ်င္း တာ၀န္ေက်ေအာင္ လုပ္ဖို႔ ကိစၥကေတာ့ အတတ္ႏိုင္ဆံုးလုပ္ျဖစ္ေအာင္ လုပ္မယ္လို႔ ဆံုးျဖတ္ထားတယ္။”

လက္ရွိ လူထုဆႏၵစစ္တမ္းေကာက္ယူခ်က္ေတြအရ ဒီမိုကရက္ သမၼတေလာင္း Joe Biden က ရီပါပလင္ကန္ သမၼတေလာင္း လက္ရွိသမၼတ Donald Trump ထက္ လူႀကိဳက္ ပိုမ်ားေနတယ္လို႔ ေဖၚျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.........

အမေရိကန်သမ္မတရွေးကောက်ပွဲ ကြိုတင်မဲပေးသူပေါင်း သန်း ၆၀ ကျော်ထဲမြန်မာနွယ်ဖွားတွေလည်း ပါဝင်

(Unicode)

ရက်ပေါင်း (၇) ရက်သာလိုတော့တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးတဲ့ အမေရိကန်ပြည်သူပေါင်း သန်း (၆၀) ကျော်ရှိသွားပြီးဖြစ်ပြီး အဲဒီထဲမှာမြန်မာနွယ်ဖွားအများအပြားပါဝင်ကြပါတယ်။ ဒါအပြင် နိုဝင်ဘာ ၃ ရက်နေ့ ရွေးကောက်ပွဲနေ့မှာ မဲထည့်ဖို့ ပြင်ဆင်နေသူတွေလည်း ရှိနေပါတယ်။

ကိုဗစ်ကပ်ရောဂါကူးစက်မှု စိုးရိမ်မှုတွေကြားက မြန်မာနွယ်ဖွားတွေ အမေရိကန်သမ္မတလောင်းရွေးကောက်ပွဲမှာ ပါဝင်မဲထည့်နေကြတာ ဘာကြောင့်လဲ။ မအင်ကြင်းနိုင်က စုစည်းတင်ပြထားပါတယ်။

ကိုဗစ်-၁၉ကပ်ရောဂါကာလ အမေရိကန် ရွေးကောက်ပွဲအတွက် သက်ဆိုင်ရာမဲရုံတွေမှာ လူကိုယ်တိုင်သွားပြီး ကြိုတင်မဲပေးကြသူအရေအတွက်ဟာ အမေရိကန်ရွေးကောက်ပွဲသက်တမ်းမှာ ကြိုတင်မဲပေးတဲ့ အရေအတွက်စံချိန်ကို ချိုးသွားကြောင်း အမေရိကန်သတင်းဌာနတွေမှာ ဖေါ်ပြခဲ့ကြပါတယ်။ ဒါအပြင် စာတိုက်ကနေ ကြိုတင်မဲပေးခဲ့သူတွေလည်းရှိပါတယ်။ အဲဒီထဲမှာ အိုဟိုင်းယိုးပြည်နယ် Cincinnati မြို့မှာနေတဲ့ မြန်မာနွယ်ဖွား အငြိမ်းစား ရဲအရာရှိ ဦးလှမြင့် လည်းပါဝင်ပါတယ်။

“ ကြိုတင်ပြီးတော့ ပေးနိုင်တဲ့ မဲပေးပါတယ် ။ မဲပေးတော့ နည်းလမ်း ၂ မျိုးရှိတာကို စာတိုက်ကနေလည်း ပြန်ပို့လို့ရတယ် ၊ လူကိုယ်တိုင်လည်း Vote on Election ရုံးမှာ သွားပို့လို့ရတယ်။ အဲဒီမှာ Drop box ရှိတဲ့နေရာမှာ ၊ နောက်ပြီးတော့ စာတိုက်ပုံးမှာလည်းထည့်လို့ရပါတယ်။ ကျနော်တော့ ကြိုတင်လုပ်လိုက်တယ် ကျနော်ပို့တဲ့မဲ ရတယ် ၊ မရဘူးဆိုတာ Check လုပ်လို့လည်းရတော့ သူတို့က ရပြီးပြီ အားလုံး ဘာမှ ချို့ယွင်းချက်မရှိလို့ လက်ခံလိုက်ပြီးပြီ ဆိုတာ အတည်ပြုချက် ရပါတယ်။

မေး။ ။ဒီ နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲက ကပ်ရောဂါ ကာလ ပြင်ဆင်ထားတဲ့အပိုင်းကိုရော အန်ကယ် ဘယ်လိုတွေ့ရသလဲရှင့်။

ဖြေ။ ။ စိုးရိမ်သောကတွေကတော့ ရှိတော့ ရှိတာပေါ့နော် မဲပေးမယ့်လူတွေ အနေနဲ့ ။ ဒါပေမယ့်လို့ ကျန်းမာရေး ဝန်ကြီးဌာနတို့ သက်ဆိုင်ရာ ဌာနတွေကလည်း အတတ်နိုင်ဆုံးတော့ စိတ်ချလုံခြုံစွာနဲ့ ရောဂါမကူးစက်အောင် ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားတာတော့ ရှိပြီးသားဆိုတော့ ရောဂါကို သိပ်ကြောက်ရွံ့တဲ့အနေအထားကတော့ သိပ်မတွေ့ပါဘူး။

မေး။ ။ ဆိုတော့ အခု ကြိုတင်မဲပေးတဲ့ အရေအတွက်ကလည်း အမေရိကန်မှာ အခုဆိုရင် သန်း ၅၀ ကျော်သွားပြီဆိုတဲ့အပိုင်းပေါ့နော် လူတွေ ကြိုတင်မဲ ပေးကြတဲ့ အနေအထားမှာရော ကြိုတင်မဲတွေက စိတ်ချရမှု ရှိမလား ။ ကြိုတင်မဲပေးတဲ့အပေါ်မှာ အန်ကယ့်အမြင် ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ ကျနော်ကတော့ ရွေးကောက်ပွဲ ကျင်းပတဲ့ ဘုတ်အဖွဲ့တွေကို လုံး၀ ယုံကြည်ပါတယ်။ ဘက်လိုက်မှု လုံးဝမရှိနိုင်ဘူးလို့ပဲ ထင်တယ်။ အမျိုးမျိုးတော့ ပြောကြတာပေါ့နော် စာတိုက်က ပေးတာတွေ ကြိုတင်မဲပေးတာတွေက မသမာမှုတွေ ဖြစ်နိုင်တယ်လို့ ကျနော်ကတော့ အဲလိုမထင်ပါဘူး။”

အလားတူ နယူးရောက် အထက်ပြည်နယ် ဘာဖဲလိုးမြို့က အသေးစား စီးပွားရေးလုပ်ငန်းရှင်ကိုမင်းနိုင်ကလည်း သူတို့ပြည်နယ်ဘက်မှာ ကပ်ရောဂါကာလကြားက လူတွေ ရွေးကောက်ပွဲကို စိတ်ဝင်တစားနဲ့ ဆန္ဒမဲ ကြိုတင်ပေးနေကြတာကို တွေ့ရတယ်လို့အခုလို ဗွီအိုအေကိုပြောပါတယ်။

"လူတွေကတော့ စိတ်ဝင်တစားနဲ့ မဲပေးနေတာတွေ စပြီးတော့ မဲပေးနေတာတွေရှိတယ်။ ဒီ COVID ကြောင့်ဖြစ်တယ် အဲဒီအပေါ်မှာ မဲထွက်ပေးတဲ့လူတွေ နည်းမယ်လို့ ထင်ရပေမယ့် ကြိုတင်မဲ ပေးမယ့် မဲရုံတွေမှာ လူတွေက တန်းစီပြီး ပေးနေကြတာတွေလည်း တွေ့မိတယ်ဆိုတော့ အခက်အခဲကြားတွေထဲကပဲ ပေးနေတာတွေ တွေ့မိတယ်ပေါ့နော်။

မေး။။အခု ဒီအမေရိကန်မှာ မဲပေးတဲ့ သူတွေထဲမှာလည်း မဲပေးပိုင်ခွင့်အနေအထားတွေပေါ့နော် တချို့ ဒီအသိုင်းအဝိုင်းတွေ Immigrants တွေ နောက်ပြီးတော့ လူမည်းအသိုင်းအဝိုင်းတွေ၊ နောက်ပြီးတော့Homeless တွေ ဒီ ID မရှိသူတွေ မဲပေးခွင့်ဆုံးရှုံးနေတယ်ဆိုတဲ့ အနေအထားတွေ ပြောဆိုဆွေးနွေးတာတွေလည်း တွေ့ရပါတယ်။ ဆိုတော့ အဲဒီဘက်မှာရော လူထုရဲ့ မဲပေးပိုင်ခွင့် အနေအထားရော ဘယ်လိုရှိသလဲရှင့်။

ဖြေ။ ။ ဟုတ်တယ်အဲဒီအခြေအနေကတော့ နေရာတိုင်းမှာ ရှိနေမှာပဲ။ ဒါကျနော်မြင်ရတဲ့ ပတ်ဝန်းကျင်မှာဆိုရင် လူမည်းမိတ်ဆွေတချို့ ၊ ကျနော်ကတော့ အလုပ်သဘောအရ လူအများကြီးနဲ့ ဆက်ဆံနေရတယ်ဆိုတော့ လူပေါင်းစုံနဲ့ တွေ့နေရတယ်။ အဲဒီမှာ လူမည်းမိတ်ဆွေတချို့ဆိုရင် မဲ သူတို့ကတော့ ပေးလို့မရဘူး ၊ အဲဒီမှာ အံသြတယ် ဟုတ်လား ဘာဖြစ်လို့လဲဆိုတော့သူပြောတယ် သူ Crime ဖြစ်ပြီးတော့ထောင်ကျဖူးတယ်။ အခုထောင်က လွှတ်လာပြီ ဒီလိုကောင်းကောင်းနေပေမယ့် မဲပေးခွင့် ၊ မဲပေးပိုင်ခွင့်တွေ ရုပ်သိမ်းခြင်းခံထားရတယ်။ သူ့လိုလူမျိုးတွေ အများကြီးပေါ့ ဒီလိုမဲပေးပိုင်ခွင့်တွေ ရုပ်သိမ်းခြင်းခံရတာ ပြစ်မှုနဲ့ ထောင်ကျဖူးတာဖြစ်တဲ့အတွက်ကြောင့် ငါတို့ မဲပေးလို့ မရဘူးဆိုတာမျိုးတွေလည်း ရှိတယ်။”

သူကိုယ်တိုင်လည်း ကပ်ရောဂါကို စိုးရိမ်ပေမဲ့ နိုဝင်ဘာလ ၃ ရက် ရွေးကောက်ပွဲနေ့မှာ မဲပေးဖို့ ပြင်ဆင်ထားပုံကိုလည်း အခုလို ပြောပြပါတယ်။

” ကျနော်ကတော့ မဲရုံ၀ မှာ ကြိမ်းသေ ထားပေးမယ့် hand sanitizer လက်ဆေးရည်ကို သုံးမယ်။ ကိုယ်တိုင်လည်း နှာခေါင်းစည်း ပါသွားမယ်။ လူကြားထဲမှာလည်း ဆောင်ရန်ရှောင်ရန်တွေ လိုက်နာပြီး နာရီပိုင်းလောက်တောင် မကြာတဲ့ မဲပေးရမှာကို တဦးချင်း တာဝန်ကျေအောင် လုပ်ဖို့ ကိစ္စကတော့ အတတ်နိုင်ဆုံးလုပ်ဖြစ်အောင် လုပ်မယ်လို့ ဆုံးဖြတ်ထားတယ်။”

လက်ရှိ လူထုဆန္ဒစစ်တမ်းကောက်ယူချက်တွေအရ ဒီမိုကရက် သမ္မတလောင်း Joe Biden က ရီပါပလင်ကန် သမ္မတလောင်း လက်ရှိသမ္မတ Donald Trump ထက် လူကြိုက် ပိုများနေတယ်လို့ ဖေါ်ပြထားပါတယ်။

XS
SM
MD
LG