သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID ျပႆနာေၾကာင္႔ အသြားအလာ ပိတ္ပင္မႈ ျပင္သစ္ သက္တမ္းတိုး


သမၼတ Emmanuel Macron

(Zawgyi/Unicode)

ျပင္သစ္နိုင္ငံမွာ COVID-19 ကူးစက္မႈေတြ စိုးရိမ္စဖြယ္ ျမင့္တက္လာတာေၾကာင့္ အသြားအလာ ပိတ္ပင္မႈ အသစ္ကို ခ်မွတ္ေၾကာင္း သမၼတ Emmanuel Macron က ဗုဒၶဟူးေန႔က ေၾကညာလိုက္ပါတယ္။ အခု အသြားအလာ ပိတ္ပင္မႈကို အနည္းဆုံး ဒီဇင္ဘာလ ၁ ရက္ေန႔အထိ ခ်မွတ္ထားမွာ ျဖစ္ေၾကာင္း၊ စားေသာက္ဆိုင္ေတြနဲ႔ မျဖစ္မေန ဖြင့္ဖို႔ မလိုအပ္တဲ့ စီးပြားေရး လုပ္ငန္း အားလုံး ပိတ္ရမွာ ျဖစ္ေၾကာင္း၊ ဒါေပမဲ့ ေက်ာင္းေတြကိုေတာ့ ဆက္လက္ဖြင့္ထားမွာ ျဖစ္ေၾကာင္း သမၼတ Macron က ႐ုပ္ျမင္သံၾကားကတဆင့္ မိန္႔ခြန္း ေျပာၾကားတာ ျဖစ္ပါတယ္။

ျပင္သစ္နိုင္ငံ နည္းတူ ဥေရာပတလႊားမွာလား ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြျမင့္တက္လာေနတာေၾကာင့္ COVID-19 စမ္းသပ္ စစ္ေဆးေရး အလၽွင္အျမန္ လုပ္ေဆာင္ နိုင္ေအာင္အေမရိကန္ ေဒၚလာ ၁၁၇ သန္းသုံးစြဲသြားမယ္လို႔ ဥေရာပ သမဂၢေကာ္မရွင္ ဥကၠဌ Ursula von der Leyen က ဗုဒၶဟူးေန႔က ေျပာပါတယ္။

ဒီႏွစ္ေဆာင္းဦးကၿပီးခဲ့တဲ့ႏွစ္ကနဲ႔ မတူဘဲ ဥေရာပနိုင္ငံေတြအားလုံး ကိုရိုနာဗိုင္းရပ္စ္ ဒုတိယလွိုင္းဒဏ္ ခံေနရတာလို႔ ေကာ္မရွင္ ဥကၠဌ Von der Leyen က Brussels ၿမိဳ႕မွာ သတင္းေထာက္ေတြကိုေျပာပါတယ္။ ဥေရာပ ေရာဂါ ထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရးဌာနက လည္း ဥေရာပအႏွံ႔ ဗိုင္းရပ္စ္ ဆက္ၿပီး ပ်ံ႕ႏွံ႔ေနတယ္ ေျပာထားတာပါ။

ဥေရာပ သမဂၢအဖြဲ႕ဝင္နိုင္ငံေတြအျပင္ Britain၊ Iceland၊ Liechtenstein ၊ Norwayနဲ႔ Switzerlandနိုင္ငံေတြမွာ အခု COVID-19ကူးစက္သူေပါင္း ၆.၅ သန္းနီးပါးရွိေနၿပီလို႔လည္း သူက ေျပာပါတယ္။

ေရာဂါကိုထိန္းခ်ဳပ္နိုင္တဲ့ တျခားနည္းလမ္းတစ္ခုအျဖစ္ rapid antigen tests လို ကရိယာေတြကို ဝယ္ယူသြားမယ္လို႔ Von der Leyen က ေျပာပါတယ္။ လက္ထိပ္ကို စစ္တဲ့ဒီကရိယာက ႏွာေခါင္းတို႔ဖတ္နမူနာယူစစ္ေဆးတာေလာက္မတိက်နိုင္ဘူးလို႔ သတ္မွတ္ထားၾက တာ ပါ။ ဒါေပမဲ့ ဒီကိရိယာေတြက အေျဖကို ၁၅ မိနစ္ေလာက္အခ်ိန္တိုအတြင္း ထုတ္ေပးနိုင္ပါတယ္။

ႏွာေခါင္းတို႔ဖတ္နမူနာယူစစ္ေဆးတာက အေျဖကို သိရဖို႔ ရက္နဲ႔ခ်ီၾကာတာမို႔ အခုလို ေရာဂါကူးစက္ေနတဲ့ ႏႈန္းနဲ႔ဆို ပုံမွန္ စစ္ေဆး ေနတဲ့ နည္းလမ္းေတြကိုပဲ အားကိုးေနလို႔ မရဘူးလို႔ ဥေရာပက က်န္းမာေရး ပညာရွင္ေတြက ေျပာပါတယ္။

ဗိုင္းရပ္စ္ကူးစက္မႈနဲ႔ပတ္သက္လို႔ အခ်က္အလက္ေတြကို မၽွေဝၾကဖို႔လည္း ဥေရာပ သမဂၢအဖြဲ႕ဝင္နိုင္ငံ ေခါင္းေဆာင္ေတြကို ေကာ္မရွင္ ဥကၠဌ Von der Leyen ကတိုက္တြန္းလိုက္ပါတယ္။

တနိုင္ငံလုံးအတိုင္းအတာနဲ႔ ကာကြယ္ေဆးထိုးႏွံဖို႔ အစီအစဥ္ေတြ ေရးဆြဲထားၾကဖို႔ကိုလည္းVon der Leyen က အဖြဲ႕ဝင္နိုင္ငံေတြကို တိုက္တြန္းခဲ့ပါတယ္။ ဧၿပီလေလာက္ကစၿပီး လစဥ္ ကာကြယ္ေဆး သန္း ၂၀ ကေန ၅၀ ေလာက္အထိစၿပီး ရရွိနိုင္မယ္လို႔ေမၽွာ္မွန္း ထားေၾကာင့္ ေရာက္လာဖို႔ရွိတဲ့ ပထမအသုတ္ကာကြယ္ေဆးေတြ အတြက္ ျပင္ဆင္ထားၾကဖို႔လိုအပ္တယ္လို႔လည္း သူက ေျပာၾကားခဲ့ ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

COVID ပြဿနာကြောင့် အသွားအလာ ပိတ်ပင်မှု ပြင်သစ် သက်တမ်းတိုး

(Unicode)

ပြင်သစ်နိုင်ငံမှာ COVID-19 ကူးစက်မှုတွေ စိုးရိမ်စဖွယ် မြင့်တက်လာတာကြောင့် အသွားအလာ ပိတ်ပင်မှု အသစ်ကို ချမှတ်ကြောင်း သမ္မတ Emmanuel Macron က ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါတယ်။ အခု အသွားအလာ ပိတ်ပင်မှုကို အနည်းဆုံး ဒီဇင်ဘာလ ၁ ရက်နေ့အထိ ချမှတ်ထားမှာ ဖြစ်ကြောင်း၊ စားသောက်ဆိုင်တွေနဲ့ မဖြစ်မနေ ဖွင့်ဖို့ မလိုအပ်တဲ့ စီးပွားရေး လုပ်ငန်း အားလုံး ပိတ်ရမှာ ဖြစ်ကြောင်း၊ ဒါပေမဲ့ ကျောင်းတွေကိုတော့ ဆက်လက်ဖွင့်ထားမှာ ဖြစ်ကြောင်း သမ္မတ Macron က ရုပ်မြင်သံကြားကတဆင့် မိန့်ခွန်း ပြောကြားတာ ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံ နည်းတူ ဥရောပတလွှားမှာလား ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေမြင့်တက်လာနေတာကြောင့် COVID-19 စမ်းသပ် စစ်ဆေးရေး အလျှင်အမြန် လုပ်ဆောင် နိုင်အောင်အမေရိကန် ဒေါ်လာ ၁၁၇ သန်းသုံးစွဲသွားမယ်လို့ ဥရောပ သမဂ္ဂကော်မရှင် ဥက္ကဌ Ursula von der Leyen က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

ဒီနှစ်ဆောင်းဦးကပြီးခဲ့တဲ့နှစ်ကနဲ့ မတူဘဲ ဥရောပနိုင်ငံတွေအားလုံး ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းဒဏ် ခံနေရတာလို့ ကော်မရှင် ဥက္ကဌ Von der Leyen က Brussels မြို့မှာ သတင်းထောက်တွေကိုပြောပါတယ်။ ဥရောပ ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနက လည်း ဥရောပအနှံ့ ဗိုင်းရပ်စ် ဆက်ပြီး ပျံ့နှံ့နေတယ် ပြောထားတာပါ။

ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအပြင် Britain၊ Iceland၊ Liechtenstein ၊ Norwayနဲ့ Switzerlandနိုင်ငံတွေမှာ အခု COVID-19ကူးစက်သူပေါင်း ၆.၅ သန်းနီးပါးရှိနေပြီလို့လည်း သူက ပြောပါတယ်။

ရောဂါကိုထိန်းချုပ်နိုင်တဲ့ တခြားနည်းလမ်းတစ်ခုအဖြစ် rapid antigen tests လို ကရိယာတွေကို ဝယ်ယူသွားမယ်လို့ Von der Leyen က ပြောပါတယ်။ လက်ထိပ်ကို စစ်တဲ့ဒီကရိယာက နှာခေါင်းတို့ဖတ်နမူနာယူစစ်ဆေးတာလောက်မတိကျနိုင်ဘူးလို့ သတ်မှတ်ထားကြ တာ ပါ။ ဒါပေမဲ့ ဒီကိရိယာတွေက အဖြေကို ၁၅ မိနစ်လောက်အချိန်တိုအတွင်း ထုတ်ပေးနိုင်ပါတယ်။

နှာခေါင်းတို့ဖတ်နမူနာယူစစ်ဆေးတာက အဖြေကို သိရဖို့ ရက်နဲ့ချီကြာတာမို့ အခုလို ရောဂါကူးစက်နေတဲ့ နှုန်းနဲ့ဆို ပုံမှန် စစ်ဆေး နေတဲ့ နည်းလမ်းတွေကိုပဲ အားကိုးနေလို့ မရဘူးလို့ ဥရောပက ကျန်းမာရေး ပညာရှင်တွေက ပြောပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှုနဲ့ပတ်သက်လို့ အချက်အလက်တွေကို မျှဝေကြဖို့လည်း ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေကို ကော်မရှင် ဥက္ကဌ Von der Leyen ကတိုက်တွန်းလိုက်ပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ ကာကွယ်ဆေးထိုးနှံဖို့ အစီအစဉ်တွေ ရေးဆွဲထားကြဖို့ကိုလည်းVon der Leyen က အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းခဲ့ပါတယ်။ ဧပြီလလောက်ကစပြီး လစဉ် ကာကွယ်ဆေး သန်း ၂၀ ကနေ ၅၀ လောက်အထိစပြီး ရရှိနိုင်မယ်လို့မျှော်မှန်း ထားကြောင့် ရောက်လာဖို့ရှိတဲ့ ပထမအသုတ်ကာကွယ်ဆေးတွေ အတွက် ပြင်ဆင်ထားကြဖို့လိုအပ်တယ်လို့လည်း သူက ပြောကြားခဲ့ ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG