သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တမန္ေတာ္မိုဟာမက္ ႐ုပ္ေျပာင္ကို အတန္းထဲမွာျပတဲ့ ျပင္သစ္ဆရာ အသတ္ခံရ


အသတ္ခံခဲ့ရတဲ့ Samuel Paty စာသင္ေပးခဲ့တဲ့ေက်ာင္း အျပင္ဘက္မွာ အမွတ္တရ ပန္းစည္းမ်ား ခ်ထားတဲ့ျမင္ကြင္း။ (ေအာက္တုိဘာ ၁၇၊ ၂၀၂၀)

(Zawgyi / Unicode)

ျပင္သစ္ႏုိင္ငံမွာ ေက်ာင္းဆရာ Samuel Paty ဟာ တမန္ေတာ္မိုဟာမက္ရဲ႕ အျငင္းပြားဖြယ္ ကာတြန္း႐ုပ္ပံုကို စာသင္ခန္းထဲ ျပသခဲ့ၿပီး ရက္ပိုင္းအတြင္း ေခါင္းျဖတ္ အသတ္ခံလိုက္ရပါတယ္။ ေမာ္စကိုၿမိဳ႕က ေျပာင္းေရႊ႕လာသူ အသက္ ၁၈ ႏွစ္အရြယ္ Chechem လူမ်ိဳး Abdoulakh ဆိုသူဟာ လူသတ္သမားအျဖစ္ သံသယရွိခံရသူ ျဖစ္ပါတယ္။ သူက ေက်ာင္းဆရာ Paty ဘယ္မွာလဲလို႔ လမ္းေပၚမွာ လူေတြကို ေလွ်ာက္ေမးခဲ့တယ္၊ ေက်ာင္းဆရာရဲ႕ ႐ုပ္အေလာင္းကို ဓာတ္ပုံု႐ုိက္ၿပီး သူ႔တြစ္တာေပၚ တင္ခဲ့တယ္လို႔ အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဥပေဒအရာရွိ Jean Francois Ricrd က ဆိုပါတယ္။ ပါရီၿမိဳ႕ေတာ္က ဗြီအိုေအ သတင္းေထာက္ Lisa Bryant ေပးပို႔တဲ့သတင္းကို ဦးေက်ာ္ဇံသာ တင္ျပေပးထားပါတယ္။

အခုျဖစ္ရပ္ဟာ ျပင္သစ္ႏုိင္ငံမွာ တလအတြင္း ဒုတိယအႀကိမ္ျဖစ္ပြားတဲ့ အၾကမ္းဖက္ဝါဒနဲ႔ ႏွီးႏႊယ္ေသာ တိုက္ခိုက္မႈ ျဖစ္ပါတယ္။ တလမျပည့္ေသးခင္ကပဲ ႐ုပ္ေျပာင္ကာတြန္းမဂၢဇင္း Charlie Hebdo တိုက္ေရွ႕မွာ လူတေယာက္ ဓားထိုးခံခဲ့ရပါေသးတယ္။ ဒီျပစ္မႈ ၂ ခုစလံုးကို အၾကမ္းဖက္တိုိက္ခိုက္မႈအျဖစ္ ျပင္သစ္အစိုးရက ကိုင္တြယ္ေနပါတယ္။

သံသယရွိသူရဲ႕ မိသားစု အပါအဝင္ လူအမ်ားအျပားကို စစ္ေဆးေမးျမန္းေနပါတယ္။

ေခါင္းျဖတ္ခံထားရတဲ့ အလယ္တန္း သမိုင္းဆရာရဲ႕ ႐ုပ္အေလာင္းကို ပါရီၿမိဳ႕ေတာ္ ဆင္ေျခဖုံး Conflans-Saint-Honarine ရပ္ကြက္မွာ ေတြ႔ရွိခဲ့ၿပီး သိပ္မၾကာခင္မွာပဲ ရဲေတြရဲ႕ ပစ္ခတ္မႈေၾကာင့္ သံသယရွိသူကေတာ့ ေသဆံုးသြားခဲ့ပါၿပီ။ သူဟာ ဘုရားသခင္သည္ အျမင့္ျမတ္ဆံုးလို႔ အဓိပၸာယ္ရတဲ့ “Allahu Akbar” လို႔ ေႂကြးေၾကာ္သြားတယ္လို႔လည္း ဆိုပါတယ္။

သူဟာ အခင္းျဖစ္ပြားရာနဲ႔ အလွမ္းေဝးတဲ့ Normandy အရပ္မွာ ေနထိုိင္သူ ျဖစ္တယ္လို႔ မီဒီယာေတြက ဆိုပါတယ္။

Charlie Hebdo မဂၢဇင္းမွာ ေလွာင္ေျပာင္ထားတဲ့ တမန္ေတာ္မိုဟာမက္ရဲ႕ ႐ုပ္ေျပာင္ကို အတန္းထဲမွာျပခဲ့လို႔ သတ္တာျဖစ္တယ္လို႔လည္း သူ႔ရဲ႕တြစ္တာမွာ ေဖာ္ျပထားပါတယ္။

ဒီကာတြန္း႐ုပ္ေျပာင္ေတြေၾကာင့္ ၂၀၁၅ တုန္းက အၾကမ္းဖက္တိုက္ခိုက္မႈေတြ ျဖစ္ခဲ့ၿပီး အဲဒီအမႈေတြကို အခုအခ်ိန္ထိ ပါရီၿမိဳ႕ေတာ္မွာ ၾကားနာစစ္ေဆးေနဆဲပါ။

ဒီျပစ္မႈဟာ အစၥလာမၼစ္ အၾကမ္းဖက္တိုက္ခိုက္မႈေတြ မေပ်ာက္ေသးဘူးဆိုတာ ျပသေနတာျဖစ္တယ္၊ လြတ္လပ္စြာ ေဖာ္ထုတ္ေျပာဆိုခြင့္ကို တိုက္ခုိက္ဖုိ႔ ႀကိဳးပမ္းေနသူေတြ ေအာင္ပြဲရလိမ္႔မယ္ မဟုတ္ဘူးလို႔ ျပင္သစ္သမၼတ Emmanuel Macron က ေျပာပါတယ္။

ပါရီဆင္ေျခဖံုး Conflans-Saint-Honarine ရပ္ကြက္လူထုကေတာ့ ထိတ္လန္႔ေနၾကပါတယ္။

ဒီကာတြန္း႐ုပ္ေျပာင္ေတြကို အတန္းထဲမွာမျပခင္ တခ်ိဳ႕အတြက္ စိတ္ဆိုးစရာ ျဖစ္မယ္ထင္ရင္ အျပင္ထြက္ခ်င္ထြက္ေနၾကလို႔ ဆရာ Paty ႀကိဳေျပာထားခဲ့ေၾကာင္း သူ႔တပည့္ေတြက ဆိုၾကေပမယ့္ မိဘအမ်ားအျပားကေတာ့ ဒါကို စိတ္ပ်က္ေၾကာင္း လူမႈကြန္ရက္ မီဒီယာေတြမွာ ေဖာ္ျပၾကပါတယ္။

ေက်ာင္းဆရာမ်ားသမဂၢကေတာ့ စိတ္ပ်က္ဝမ္းနည္းရေၾကာင္း ေျပာၾကားၿပီး အဖြဲ႔ဝင္ Jean-Remi-Girord ကဆိုရင္ ဆရာတေယာက္ သူ႔အလုပ္သူလုပ္လို႔ အသတ္ခံရတာ ထိတ္လန္႔စရာေကာင္းတယ္လို႔ ဆိုပါတယ္။

မြတ္စလင္ေခါင္းေဆာင္ေတြကေတာ့ ဒီတိုက္ခိုိက္မႈေၾကာင့္ ျပင္သစ္ႏိုင္ငံသား မြတ္စလင္ေတြအေပၚ အျပစ္တင္ကဲ့ရဲ႕ၾကမွာ စိုးရိမ္ေနၾကပါတယ္။ ျပင္သစ္ႏုိင္ငံဟာ အေနာက္ဥေရာပမွာ အစၥလာမ္ဘာသာဝင္ အမ်ားဆံုးေနထိုင္ၾကတဲ့ ႏုိင္ငံပါ။

ေဘာ္ဒိုးေဒသ ပင္မဗလီ အႀကီးအကဲျဖစ္သူ Tarq Oubrou က သူတို႔ဘာသာတရားဟာ အၾကမ္းဖက္မႈေတြနဲ႔ ဆက္စပ္ေနတယ္လို႔ ေျပာၾကေတာ့မယ္၊ ဒါဟာ သာမန္မြတ္စလင္ေတြအတြက္ စိုးရိမ္စရာပဲလို႔ ဆိုပါတယ္။

လက္ယာစြန္း အမ်ိးသားေရးပါတီ အပါအဝင္ တျခားပါတီေတြကေတာ့ အစြန္းေရာက္ဝါဒအေပၚ အစိုးရ အကိုင္အတြယ္ ညံ့လြန္းတယ္လို႔ ေဝဖန္ေနၾကတာပါ။

ေနာက္လက်ရင္ေတာ့ အျငင္းပြားဖြယ္ အစြန္းေရာက္ အစၥလာမ္ (Radical Islam) ဥပေဒနဲ႔ ပတ္သက္ၿပီး ျပင္သစ္ပါလီမန္မွာ ေဆြးေႏြးၾကဖို႔ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

တမန်တော်မိုဟာမက် ရုပ်ပြောင်ကို အတန်းထဲမှာပြတဲ့ ပြင်သစ်ဆရာ အသတ်ခံရ

ပြင်သစ်နိုင်ငံမှာ ကျောင်းဆရာ Samuel Paty ဟာ တမန်တော်မိုဟာမက်ရဲ့ အငြင်းပွားဖွယ် ကာတွန်းရုပ်ပုံကို စာသင်ခန်းထဲ ပြသခဲ့ပြီး ရက်ပိုင်းအတွင်း ခေါင်းဖြတ် အသတ်ခံလိုက်ရပါတယ်။ မော်စကိုမြို့က ပြောင်းရွှေ့လာသူ အသက် ၁၈ နှစ်အရွယ် Chechem လူမျိုး Abdoulakh ဆိုသူဟာ လူသတ်သမားအဖြစ် သံသယရှိခံရသူ ဖြစ်ပါတယ်။ သူက ကျောင်းဆရာ Paty ဘယ်မှာလဲလို့ လမ်းပေါ်မှာ လူတွေကို လျှောက်မေးခဲ့တယ်၊ ကျောင်းဆရာရဲ့ ရုပ်အလောင်းကို ဓာတ်ပုံရိုက်ပြီး သူ့တွစ်တာပေါ် တင်ခဲ့တယ်လို့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရာရှိ Jean Francois Ricrd က ဆိုပါတယ်။ ပါရီမြို့တော်က ဗွီအိုအေ သတင်းထောက် Lisa Bryant ပေးပို့တဲ့သတင်းကို ဦးကျော်ဇံသာ တင်ပြပေးထားပါတယ်။

အခုဖြစ်ရပ်ဟာ ပြင်သစ်နိုင်ငံမှာ တလအတွင်း ဒုတိယအကြိမ်ဖြစ်ပွားတဲ့ အကြမ်းဖက်ဝါဒနဲ့ နှီးနွှယ်သော တိုက်ခိုက်မှု ဖြစ်ပါတယ်။ တလမပြည့်သေးခင်ကပဲ ရုပ်ပြောင်ကာတွန်းမဂ္ဂဇင်း Charlie Hebdo တိုက်ရှေ့မှာ လူတယောက် ဓားထိုးခံခဲ့ရပါသေးတယ်။ ဒီပြစ်မှု ၂ ခုစလုံးကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် ပြင်သစ်အစိုးရက ကိုင်တွယ်နေပါတယ်။ သံသယရှိသူရဲ့ မိသားစု အပါအဝင် လူအများအပြားကို စစ်ဆေးမေးမြန်းနေပါတယ်။

ခေါင်းဖြတ်ခံထားရတဲ့ အလယ်တန်း သမိုင်းဆရာရဲ့ ရုပ်အလောင်းကို ပါရီမြို့တော် ဆင်ခြေဖုံး Conflans-Saint-Honarine ရပ်ကွက်မှာ တွေ့ရှိခဲ့ပြီး သိပ်မကြာခင်မှာပဲ ရဲတွေရဲ့ ပစ်ခတ်မှုကြောင့် သံသယရှိသူကတော့ သေဆုံးသွားခဲ့ပါပြီ။ သူဟာ ဘုရားသခင်သည် အမြင့်မြတ်ဆုံးလို့ အဓိပ္ပာယ်ရတဲ့ “Allahu Akbar” လို့ ကြွေးကြော်သွားတယ်လို့လည်း ဆိုပါတယ်။

သူဟာ အခင်းဖြစ်ပွားရာနဲ့ အလှမ်းဝေးတဲ့ Normandy အရပ်မှာ နေထိုင်သူ ဖြစ်တယ်လို့ မီဒီယာတွေက ဆိုပါတယ်။

Charlie Hebdo မဂ္ဂဇင်းမှာ လှောင်ပြောင်ထားတဲ့ တမန်တော်မိုဟာမက်ရဲ့ ရုပ်ပြောင်ကို အတန်းထဲမှာပြခဲ့လို့ သတ်တာဖြစ်တယ်လို့လည်း သူ့ရဲ့တွစ်တာမှာ ဖော်ပြထားပါတယ်။

ဒီကာတွန်းရုပ်ပြောင်တွေကြောင့် ၂၀၁၅ တုန်းက အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး အဲဒီအမှုတွေကို အခုအချိန်ထိ ပါရီမြို့တော်မှာ ကြားနာစစ်ဆေးနေဆဲပါ။

ဒီပြစ်မှုဟာ အစ္စလာမ္မစ် အကြမ်းဖက်တိုက်ခိုက်မှုတွေ မပျောက်သေးဘူးဆိုတာ ပြသနေတာဖြစ်တယ်၊ လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်ကို တိုက်ခိုက်ဖို့ ကြိုးပမ်းနေသူတွေ အောင်ပွဲရလိမ့်မယ် မဟုတ်ဘူးလို့ ပြင်သစ်သမ္မတ Emmanuel Macron က ပြောပါတယ်။

ပါရီဆင်ခြေဖုံး Conflans-Saint-Honarine ရပ်ကွက်လူထုကတော့ ထိတ်လန့်နေကြပါတယ်။

ဒီကာတွန်းရုပ်ပြောင်တွေကို အတန်းထဲမှာမပြခင် တချို့အတွက် စိတ်ဆိုးစရာ ဖြစ်မယ်ထင်ရင် အပြင်ထွက်ချင်ထွက်နေကြလို့ ဆရာ Paty ကြိုပြောထားခဲ့ကြောင်း သူ့တပည့်တွေက ဆိုကြပေမယ့် မိဘအများအပြားကတော့ ဒါကို စိတ်ပျက်ကြောင်း လူမှုကွန်ရက် မီဒီယာတွေမှာ ဖော်ပြကြပါတယ်။

ကျောင်းဆရာများသမဂ္ဂကတော့ စိတ်ပျက်ဝမ်းနည်းရကြောင်း ပြောကြားပြီး အဖွဲ့ဝင် Jean-Remi-Girord ကဆိုရင် ဆရာတယောက် သူ့အလုပ်သူလုပ်လို့ အသတ်ခံရတာ ထိတ်လန့်စရာကောင်းတယ်လို့ ဆိုပါတယ်။

မွတ်စလင်ခေါင်းဆောင်တွေကတော့ ဒီတိုက်ခိုက်မှုကြောင့် ပြင်သစ်နိုင်ငံသား မွတ်စလင်တွေအပေါ် အပြစ်တင်ကဲ့ရဲ့ကြမှာ စိုးရိမ်နေကြပါတယ်။ ပြင်သစ်နိုင်ငံဟာ အနောက်ဥရောပမှာ အစ္စလာမ်ဘာသာဝင် အများဆုံးနေထိုင်ကြတဲ့ နိုင်ငံပါ။

ဘော်ဒိုးဒေသ ပင်မဗလီ အကြီးအကဲဖြစ်သူ Tarq Oubrou က သူတို့ဘာသာတရားဟာ အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်နေတယ်လို့ ပြောကြတော့မယ်၊ ဒါဟာ သာမန်မွတ်စလင်တွေအတွက် စိုးရိမ်စရာပဲလို့ ဆိုပါတယ်။

လက်ယာစွန်း အမျိးသားရေးပါတီ အပါအဝင် တခြားပါတီတွေကတော့ အစွန်းရောက်ဝါဒအပေါ် အစိုးရ အကိုင်အတွယ် ညံ့လွန်းတယ်လို့ ဝေဖန်နေကြတာပါ။

နောက်လကျရင်တော့ အငြင်းပွားဖွယ် အစွန်းရောက် အစ္စလာမ် (Radical Islam) ဥပဒေနဲ့ ပတ်သက်ပြီး ပြင်သစ်ပါလီမန်မှာ ဆွေးနွေးကြဖို့ ရှိနေပါတယ်။

XS
SM
MD
LG