သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ် အကြမ်းဖက်တိုက်ဖျက်ရေး အေဂျင်စီ သီးသန့်ဖွဲ့စည်းရေး တိုက်တွန်း


ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ ပြီးခဲ့တဲ့နှစ်ထဲ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့
ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ ပြီးခဲ့တဲ့နှစ်ထဲ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့

ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ ပြီးခဲ့တဲ့နှစ်ထဲ အကြမ်းဖက်တိုက်ခိုက်မှုတွေကို စုံစမ်းစစ်ဆေးနေတဲ့ လွှတ်တော်စုံစမ်းရေးအဖွဲ့က နိုင်ငံတော်အဆင့် အကြမ်းဖက်တိုက်ဖျက်ရေး အေဂျင်စီတခု သီးသန့်ဖဲ့ွစည်းဖို့ တိုက်တွန်းလိုက်ပါတယ်။

“ထောက်လှမ်းရေး လုပ်ငန်းတွေမှာ ပျက်ကွက်မှုတွေ ရှိခဲ့ပါတယ်။ ဒါကိုလည်း ခပ်ရှင်းရှင်းပြောချင်ပါတယ်။ ဟန်ဆောင်နေလို့လည်း မဖြစ်ပါဘူး။” လို့ စုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌ Georges Fenech က အမျိုးသားထောက်လှမ်းရေး လုပ်ငန်းတွေ ပြန်လည်ဖွဲ့စည်းရေး အပါအဝင် အကြံပြုတိုက်တွန်းချက် ၄၀ နီးပါးကို ဒီကနေ့ တင်ပြရာမှာ ပြောဆိုခဲ့တာပါ။

ပြင်သစ်နိုင်ငံက သရော်စာတွေ ရေးသားဖော်ပြတဲ့ Charlie Hebdo မဂ္ဂဇင်းတိုက်မှာ လူ ၁၂ ယောက် သေဆုံးခဲ့ရတဲ့ ပြီးခဲ့တဲ့နှစ် ဇန္နဝါရီလ ၇ ရက်နေ့က တိုက်ခိုက်မှုကို မကျုးလွန်ခင် လပိုင်းအလိုမှာ တိုက်ခိုက်မှု ကျုးလွန်ခဲ့သူ Said Kouachi နဲ့ Cherif Kouachi တို့ ညီအကို ၂ ယောက်ကို ပြင်သစ်ထောက်လှမ်းရေးတွေ မျက်ခြေပြတ်ခဲ့တာကိုလည်း စုံစမ်းစစ်ဆေးရာမှာ တွေ့ရှိခဲ့ပါတယ်။

Charlie Hebdo မဂ္ဂဇင်းတိုက်အပြင်၊ Bataclan ကပွဲခန်းမ၊ အားကစားရုံတရုံနဲ့ စားသောက်ဆိုင် ဘားတွေတော်တော်များများမှာပါ တိုက်ခိုက်မှုတွေကို စီစဉ်တကျ လုပ်ခဲ့တာတွေကို ၁၀ လကြာ စုံစမ်းစစ်ဆေးခဲ့အပြီးမှာတော့ စုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌ က တကမ္ဘာလုံးက ထောက်လှမ်းရေး လုပ်ငန်းတွေမှာ အားနည်းချက်တွေ ရှိနေတာကိုလည်း ထောက်ပြပြောဆိုခဲ့တာပါ။

ပြင်သစ်နိုင်ငံက အကြမ်းဖက် တိုက်ခိုက်မှု ၂ ခု အတွင်းမှာတော့ လူပေါင်း ၁၄၇ ယောက်အထိ သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲ တိုက်ခိုက်မှုတွေနောက်ပိုင်း အရေးပေါ် အခြေအနေ ကြေညာခဲ့တာ၊ နောက်ဆက် တွဲ ပြင်သစ်နိုင်ငံ တဝှမ်းက စာသင်ကျောင်းတွေ၊ ဂျုးဘုရားကျောင်းတွေ၊ ကုန်တိုက်တွေမှာ လုံခြုံရေးအတွက် တပ်တွေဖြန့်ချခဲ့တာဟာ လက်တွေ့ ထိရောက်မှု ရှိရဲ့လား ဆိုတာကိုလည်း စုံစမ်းရေးကော်မရှင်က မေးခွန်းထုတ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG